lørdag 23. februar 2008

၁၃နှစ်အရွယ် ကောင်လေးဦးနှောက်ထဲမှ ခဲတံအပိုင်းအစများ

၁၃နှစ်အရွယ် ကလေးငယ်သည် မတော်တဆချော်လဲရာမှ ခဲတံနှင့်ဦးခေါင်းသို့ ထိုးမိခဲ့သည်။ ဆေးရုံမှဦးခေါင်းကို ချုပ်ပေးလိုက်ပြီး အိမ်သို့ပြန်ခွင့်ပြုလိုက်သည်။ သို့သော် ကလေးငယ်၏ဦးနှောက်အတွင်းတွင် ၅စင်တီမီတာခန့်ရှိသော ခဲတံအပိုင်းအစများ ကျန်ရစ်ခဲ့သည်ဟု aftonbladet သတင်းစာမှဖော်ပြခဲ့သည်။

ထိုမတော်တဆ ထိခိုက်မှူ့သည် ဇန္နဝါရီလတွင် ဆွီဒင်နိုင်ငံရှိ ကားလ်စ်ခရိုနာ (Karlskrona) ကျောင်းတွင် ဖြစ်ပွားခဲ့ ပါသည်။ ၁၃နှစ်အရွယ်ကလေးသည် သူ၏လက်တွင်ကိုင်ထားသော ခဲတံနှင့်ချော်လဲကျခဲ့ရာမှ ခဲတံသည် ကလေးငယ်၏ မျက်လုံးအပေါ်ဘက်သို့ထိုးမိခဲ့ပါသည်။

ကလေးအား အရေးပေါ်ကုသရန်အတွက် ဘလယ်ကင်းဂယ် (Blekinge) ရှိဆေးရုံသို့ ချက်ချင်းပိုခဲ့ကြပါသည်။ ထိုဆေးရုံတွင် ဆရာဝန်များမှ ကလေးအား စမ်းသပ်စစ်ဆေးမှူ့များပြုလုပ်ခဲ့ပါသည်။ ဆရာဝန်များမှ ကလေးငယ်၏ ဒါဏ်ရာအား ဓါတ်မှန်ရိုက်စစ်ဆေးခြင်းမပြုဘဲ ဒါဏ်ရာအား ချုပ်ကာ နောက်နေ့တွင် ကလေးငယ်အား အိမ်သို့ပြန်ခွင့်ပြုခဲ့ပါသည်။

သို့သော်ကလေးငယ်၏ အခြေအနေမျာပို၍သာ ဆိုးဝါးလာပါသည်။

ကျွန်တော့်မြေးလေးဟာ အတော်လေးကို ခေါင်းထဲမှာ မူနောက်နေခဲ့တယ် ဟု ကလေး၏ အဖိုးဖြစ်သူက ဘလယ်ကင်းဂယ်တိုင်း သတင်းဌာနကို ပြောပြခဲ့ပါတယ်။

အဲ့ဒီ့အတွက်သူဟာ မြေးဖြစ်သူ ကိုဆေးရုံထပ်ပို့ဖို့စီစဉ်ခဲ့ပါတယ်။ နောက်ဆုံမှာတော့ သူတို့ဓါတ်မှန်ရိုက်ကြပါတယ် .. အဲ့ဒီအခါမှာ ကလေးရဲ့ဦးနှောက်ထဲမှာ ၅စင်တီမီတာခန့်ရှိတဲ့ ခဲတံအပိုင်းအစတွေကို သူတို့ရှာတွေခဲ့ကြပါတယ်။

ထိုအခါမှာ ကလေးအား ချက်ချင် operation လုပ်ရန်လိုအပ်လာတဲ့အတွက် lunds တက္ကသိုလ်ဆေးရုံသို့ ပိုခဲ့ကြပါတယ်။ ထိုအချိန်တွင် ကလေးငယ်မှာ ဦးနှောက်အမှေးရောင်နေပြီဖြစ်ပြီး antibiotic, morfin များနှင့် ၅ရက်အကြာတွင် operation ပြီးဆုံးပြီး ခဲတံအပိုင်းအစများအား ဖယ်ထုတ်နိုင်ခဲ့ပါသည်။

အဖိုးဖြစ်သူမှ ‘သူတို့ အစတည်းက ဓါတ်မှန်တခါထည်း ရိုက်သင့်တယ်ဟု blt ကိုပြောကြားခဲ့ပါတယ်။

ူဆေးရုံးမှ ၃ ပတ်ကြာပြီးနောက်သူဟာ Blekingeဆေးရုံသို့ပြန်ရောက်ရှိခဲ့ပါတယ်... ကလေးငယ်ကို အတော်လေးကို ပင်ပန်းခဲ့ရှာပါတယ်။

lunds ဆေးရုံမှ ဆရာဝန်များက ကလေးငယ်ဟာ အသက်မသေခဲ့တာဟာ အလွန်တရာမှကံကောင်းလှတယ်လို့ ပြောတယ် ဟု အဖိုးဖြစ်သူကပြောကြားခဲ့ပါတယ်။

ကလေး၏ မိဘများမှာ (ကျန်းမာရေး နှင့် ပတ်သတ်သည့်တာဝန်ရှိဌာန) သို့အကြောင်းကြားခဲ့ပြီး၊ ဆေးရုံမှလည်း လူမှူ့ရေးအုပ်ချုပ်ရေးဌာနသို့ လည်းကောင်းတို့ကိုယ်တိုင် အကြောင်းကြားခဲ့ပါတယ်။

ဆေးရုံမှ ခေါင်းဆောင်ဆရာဝန်မှ ထိုအဖြစ်အပျက်အတွက် တောင်းပန်ပါတယ်ဟုပြောကြားခဲ့ပါတယ်။

မူရင်းသတင်း
http://www.vg.no/nyheter/utenriks/artikkel.php?artid=517939

Ingen kommentarer: