mandag 25. februar 2008

ပြဿနာ ကိုရှာဖွေခြင်း နှင့် ပြဿနာ၏ အဖြေကိုရှာဖွေခြင်း

ကလေးကိုယ်တိုင် ဖတ်ဖူးတာတော့မဟုတ်ပါဘူး .. သူငယ်ချင်း ၁ယောက်က သူဖတ်ဖူးတာ ကို ကလေးကို ပြန်ပြော ပြတာလေးကို မှတ်မိနေလို့ပါ။

မိသားစု၂ခုရှိတယ်တဲ့

မိသားစု ၁ခုကာ ပြဿနာကို အဓိကထားပြီးဖြေရှင်းတယ် .. တခြားမိသားစုက အဖြေကို အဓိကထားပြီး ဖြေရှင်းတယ်တဲ့

သူတို့တွေဆီမှာ လေးဘက်သွားကာစ တွေ့ကရာလိုက်ဆွဲတက်တဲ့အရွယ် သားလေး ၁ယောက်ရယ် ကလေးထိန်းတက်တဲ့အရွယ်လောက်ရှိပြီဖြစ်တဲ့သမီး ၁ယောက်ရယ်ရှိတယ်တဲ့

တနေ့မှာ လေးဘက်သွားကာစ တွေ့ကရာလိုက်ဆွဲတက်တဲ့အရွယ် ကလေးဟာ .. သောက်ရေအိုးစင်မှာတင်ထားတဲ့ ဖန်ခွက်ကို လှမ်းဆွဲလိုက်ရာကနေဖန်ခွက်ဟာ ပြုတ်ကျပြီးကွဲသွားပါတယ်
အဲ့ဒီအချိန်မှာ အမဖြစ်သူဟာစိတ်တိုတို နဲ့ ဒီကလေးဟာလေ အငြိမ်ကိုမနေဘူး တွေ့ကရာလျှောက်ဆွဲနေတယ် .. ဖန်ခွက်တွေကွဲကုန်ပြီဆိုပြီး ကလေးကိုဆူပါတယ် ... အဲ့ဒီ့အချိန်မှာဘဲ အမေဖြစ်သူ က သမီးဖြစ်သူကို ‘ကောင်မ နင်ကလေးကို အပြစ်မတင်နေနဲ့ နင်ကအကြီးဖြစ်ပြီး ကလေးကို ဂရုမှမစိုက်တာ .... ငါလုပ်လိုက်ရဆိုပြီး ရိုက်ဖို့ရွယ်လိုက်ပါတယ်။ အဲ့ဒီမှာဘဲ အဖေလုပ်တာလူက ဒီမိန်းမ မင်းက အမေဖြစ်ပြီး ကလေးတွေကိုမှ ဂရုမစိုက်တာ .. ဖန်ခွက်ကျကွဲတက်မှန်းသိရင် အစထဲက စတီးခွက်ဝယ်ထားပါလား ဆိုပြီးမိန်းမလုပ်သူကို အပြစ်တင်ပါတယ် .. မိန်းမဖြစ်သူကလဲ စတီးခွက်ဝယ်ရအောင် ရှင်ကတစ်လ တစ်လကိုပိုက်ဆံတွေတော်တော်ရှာနိုင်တာကိုဆိုပြီး အဓိကမဟုတ်တဲ့အကြောင်းအရင်းတွေပါလာကာ ပြဿနာဟာပို၍ ပို၍သာကြီးမားလာပါတော့တယ်


ဒါပေမယ့် အခြားမိသားစု ပြဿနာရှင်ပုံက ကြတော့
ဖန်ခွက်ကျကွဲချိန်မှာ သမီးဖြစ်သူဟာ သူ့မောင်လေးဆီကို အပြေးအလွှားသွား ‘ဟယ်မောင်လေး .. ဘယ်ထိသွားလဲ .. ဖန်ခွက်ကွဲစတွေဆူးမယ် .. ဒီနားမလာနဲ့ မမရှင်းလိုက်မယ်ဆိုပြီပြောပါတယ် .. ဒီအချိန်မှာဘဲ အမေဖြစ်သူကလဲ သမီးရယ် မေမေ ကလဲ သမီးကျောင်းအင်္ကျီလေး မီးပူတိုက်နေလို့သတိမထား မိလိုက်ဘူး ... အေးလေးကွယ် ဖန်ခွက်ဆိုတာ ပြုတ်ကျရင်ကွဲတက်ရှတက်တာမျိုးကို မေမေတို့က အစထဲက စတီးခွက်မျိုးဝယ်ပေးရမှာ ... အဲ့တော် အဖေ ဖြစ်သူက မိန်းမရယ် အဖေကြီးရတဲ့လစာက လည်း မိသားစုအတွက်လောက်ငှရုံဆိုတော့ .. မင်းလည်း စတီးခွက် ဘယ်ဝယ်နိုင်မလဲကွယ် ... အဲ့ဒီ့ အခါမှာ အမေလုပ်သူက ..ရပါတယ်ဖေကြီးရယ် စတီးခွက်မဝယ်နိုင်သေးပေမယ့် သားလေးကလည်း ဟိုဆွဲဒီဆွဲ ဆွဲတက်တဲ့အရွယ်ဆိုတော့ .. လောလောဆယ် ပလက်စတစ်ခွက်ကလေး ဘဲအရင်ဝယ်ထားလိုက်တာ ပိုအဆင်ပြေမယ်လို့ထင်တယ် .. စိတ်လဲချရတယ် ဆိုပြီး သူတို့မိသားစုလေးရဲ့ လက်တလော ပြဿနာကို ဖြေရှင်းဖို့အတွက် အဖြေ တခုကိုရခဲ့ကြပါတယ်

ဒီမိသားစု ၂ခုရဲ့ အဓိကကွာ ခြားတာကတော့ ပထမမိသားစုဟာ ပြဿနာကို အဓိကထားပြီးဖြေရှင်းတယ် ..
ဒုတိယ မိသားစု က ပြဿနာ အတွက် ဖြေရှင်းဖို့နည်းလမ်း ကို အဓိကထားပြီးဖြေရှင်းတယ် ..
အဲ့လို ဘဲ ပြဿနာတွေ ပေါ်တိုင်းမှာ ဘာကိုအဓိကထားပြီး ဖြေရှင်းသင့်တယ်ဆိုတာကို ပြောပြထားတဲ့ ဥပမာလေး ၁ခုပါ ..
ဒီအကြောင်းလေး ကို ဒီနေ့ဖြစ်တဲ့ကိစ္စ တစ်ခုနဲ့တိုက်ဆိုင်လို့ရေးဖြစ်သွားတာပါ...
လူတွေအားလုံးလည်း ပြဿနာဖြစ်တိုင်းမှာ ပြဿနာရဲ အဖြေကိုရဖို့ အဓိကထားဖြေရှင်းနိုင်ကြပါစေ။

1 kommentar:

pandora sa...

ဟုတ်တာပေါ့ solution ကိုအဓိက ထားပြီး ဆွေးနွေးရှာဖွေရမှာပေါ့။ မှတ်ထားတာလေးတွေကို အခြေခံထားတဲ့ ကလေးအတွေးက ကောင်းတယ်။ တချို့လူကြီးတွေကတော့ ဒီလို မစဉ်းစားကြဘူးကွယ်။