lørdag 31. januar 2009

ကျောင်းသားဘဝ၏ တစ်ပိုင်းတစ်ဆများ

၁၀တန်းအောင်စရင်းထွက်တော့ အနဲ့ဆုံးဂုဏ်ထူးလေးတစ်ခုလောက်တော့ ပါမယ်တွက်ထားတဲ့ထဲက ၁လုံးမှ ပါမလာ.... ဒေါသတွေထွက်..အောင်စရင်းသွားကြည့်ပေးတဲ့လူကိုတောင်ရန်တွေ့လိုက်သေးတယ်... အိမ်မှာဆက်နေရင် အိမ်နီးနားချင်းတွေက လမ်းမှာတွေ့ရင် အောင်လား။ ဂုဏ်ထူးဘယ်နှခုပါလဲမေးရင် ၁လုံးမှ မပါဘူးဆိုတာကြီးကို ဖြေရမှာ စက်ဆုတ်လွန်းလို့ လှည်းတန်းက သူငယ်ချင်းအိမ်မှာ ၂ ည ၃ည သွားနေလိုက်တယ် .. အမှတ်စာရင်းထွက်တော့ ၃၂၂ မှတ် (အမှတ်ပေါင်း ၅၀၀မှာ) ...မြန်မာစာက ၇၂ အဲ့ဒီ့အမှတ်က ဂုဏ်ထူးတင်ပြီးမှပြန်ကျလာတဲ့အမှတ်မျိုး.. သချာင်္မှာကျတော့လာပြီး ၇၅မှတ်တဲ့ အဲ့ဒီ့၇၅ လေး တခြားဘာသာနဲ့နေရာလဲလိုက်ပါလား..ဒါဆိုတော်သေး။

ဒီ ၃၂၂နဲ့တော့ ငါတက်ချင်တဲ့အင်ဂျီနီယာလိုင်းနဲ့တော့ဝေးပြီ.. ဘာစိတ်ကူးမှမရှိတော့ဘူး... Ecoတက်ဖိုလည်းစိတ်မဝင်စား ... ဒီလိုနေရင်းနဲ့တက္ကသိုလ်လျှောက်ဖို့formတွေကျတော့ ..နည်းပညာတက္ကသိုလ်မရှိတော့ဘူး.. ကောလိပ်တဲ့အသစ်... အနည်းဆုံး ၂၉၀ ရရင်တက်လို့ရမယ်တဲ့.. ဒါနဲ့ သူငယ်ချင်း ၅ယောက်ထဲက ၃ယောက်လျှောက်လိုက်တယ် .. ကျောင်းတွေကျတော့ ၁ယောက်က သန်လျင် GTC (နည်းပညာကောလိပ်). ကိုယ်က မှော်ဘီ.. အမှတ်၂၉၀ အနည်းဆုံးဆိုပေမယ် သန်လျင်၊ မှော်ဘီက အနည်းဆုံး ၃၁၀ ကျော်မှ.... ၃၁၀အောက်တွေကိုယ မအူပင်၊ဖျာပုံတွေပို့တယ်။ မိန်းကလေးဆိုရင် အနည်းဆုံး မအူပင်ကို ၃၀၉ မှတ်နဲ့ဖြတ်လိုက်လို့ ၃၀၇မှတ်နဲ့လျောက်တဲ့ သူငယ်ချင်းကတော့ GTC မရရှာဘဲ ဒုတိယ ဦးစားပေး E-major ရောက်သွားတယ် ...

ကျောင်းလာအပ်ပါလို့ရောက်လာတဲ့ ခေါ်စာက ညိုကြမ်းကြမ်းစာရွက်၁ရွက်... နည်းပညာကောလိပ် မှော်ဘီတဲ့.. ဘယ်နားမှာမှန်း၊ ဘယ်လိုသွားရမှန်းမသိ။ ကိုယ့်ကျောင်းက ၁ယောက်မှ မှော်ဘီမှာ မကျကြ.. လျောက်သမျှအားလုံးသန်လျင်မှာ ..ငါ၁ယောက်မှ ဘယ်လိုလုပ်ပြီးမှော်ဘီရောက်သွားမှန်းမသိ.. ဒီလိုနဲ့ အိမ်နားက အသိရဲ့သမီးကမှော်ဘီမှာနေတော့ ပါရမီက မှော်ဘီ GTC ဆိုတဲ့ကားကိုစီးသွားတဲ့ ..ဒါနဲ့စီးသွားလိုက်တာ .. ၂နာရီနီးပါးလောက်ကြာတယ် ..ကျောင်းက မှော်ဘီမြို့ကို ၈မိုင်ကျော်သွားတယ် ... ရန်ကုန်ကနေဆိုအားလုံးပေါင်း ၃၃မိုင်ပေါ့...ကျောင်းကကောလိပ်လို့သာ ကင်ပွန်းတပ်ထားတာ .. အထက်တန်းကျောင်းသာသာ ..

ကျောင်းအပ်ဖို့ Registration ကိုဂိတ်ပေါက်ကနေလျောက်ကတာဘဲ ၁၀မိနစ်လောက်..ကျောင်းအပ်ပြီးတော့ kantine ဘက်လျောက်တော့ kantine သွားတဲ့လမ်းက ခဝါခြုံကြီးက ကိုယ့်အရပ်ထက်မြင့်တယ်.. အခုမှာခင်းထားကာစ မြေညီလမ်းပေါ်တက်လျောက်လိုက်တော့ ဆိုင်အားလုံးပေါင်းလိုက်ရင် ၅ဆိုင်... အဆောင်နေပါလားတဲ့ ခရီးသက်သာအောင်.. အ
ဆောင်တွေအကုန်လုံးနီးပါက ထရံကာလေးတွေ.. ဆိုးတာက ညဆိုမီးမရှိတာ .. ခရီးပမ်းချင်လည်းပမ်းစေတော့ ကျောင်းကားစီးပြီးဘဲ တက်တော့မယ်...

ပထမဆုံးကျောင်းစဖွင့်တဲ့နေ့ .. ကျောင်းကားက ပါရမီဂိတ်ကသွားစီးရမယ်တဲ့... အမေက ပါရမီဂိတ်ထိပိုပေးတယ်... အဲ့ဒီကနေရပ်နေတဲ့ကျောင်းကား ၂စီးထဲက အရင်ထွက်မဲ့၁စီးပေါ်တက်စီးလိုက်တယ် ... ပထမဆုံးကျောင်းဖွင့်တဲ့နေ့ဖြစ်တာက ၁ကြောင်း.. ၂၀၀၀မှာ ၁၀တန်းအောင်တဲ့လူတွေက ၈၈နှစ်အောက်တွေနဲ့မို့လို့ ပုံမှန်ထက် ၂ဆလူပိုများတဲ့နှစ် .. ကျောင်းကားက ငါးပိသိပ်၊ ငါးချင်သိပ်၊ ကျောင်းကားပေါ်ရောက်တော့ Main ထဲက IT မှာတူတူတက်ဖူးတဲ့ ကောင်မလေး၊ ၈တန်းတုန်းက သချာင်္တူတူ ကျုရှင်တက်ဖူးတဲ့ကောင်မလေးနဲ့၊ တရုပ်ဘုံကျောင်းမှာ တရုပ်စာတူတူသင်ဖူးတဲ့ကောင်လေးရယ်နဲ့တွေ့တော့ အင်းဒီကျောင်းမှာငါနဲ့သိတဲ့လူ ၃ယောက်တော့ရှိသွားပြီပေါ့ ..

ဒီလိုနဲ့ကျောင်းရောက်တော့ Kantine မပြောနဲ့ ကိုယ်တက်ရမယ့်အခန်းဘယ်နားမှန်းမသိလို့ ရှာလိုက်ရတာ ..ကျောင်းမှာလူတွေကလည်းများ major တွေကလည်းမခွဲရသေးတော့ အတန်းတွေအကုန်လုံးပေါင်းပြီးတက်ပေါ့... ဒီလိုနဲ့ ပထမ major မခွဲရသေးတဲ့ ၁ပတ်မှာတော့ နေ့တစ်ဝက်ဘဲ စာသင်တာနဲ့ အိမ်အပြန်ကို လိုင်းကားနဲ့ဘဲပြန်ရတယ် .. လိုင်းကားဆိုတော့ ဂိတ်တိုင်းရပ် မှော်ဘီကနေ အိမ်ပြန်ရောက်တဲ့ထိ ၂နာရီခွဲ ၃နာရီလောက်ကြာတယ် .. ဒါပေမယ့်လည်း တက္ကသိုလ်ဆိုတဲ့ အရသာ ၁တစ်ခုနဲ့ဘဲ အပင်အပန်းခံနိုင်ခဲ့တာဘဲလေ

torsdag 22. januar 2009

အနှစ် ၁၀၀ ပြည့် ဦးသန့် နေ့

ဦးသန့် နှစ်၁၀၀ ပြည့်မို့လို့ UN ကနေ ဦးသန့်ပုံပါ တံဆိပ်ခေါင်းတွေထုပ်မယ်လို့တော့ဖတ်ရတာ ကြာပါပြီ.... ဒါပေမယ့် ဘယ်နေ့ နှစ် ၁၀၀ပြည့်မလဲဆိုတာတော့ သေချာမကြည့်ဖြစ်ဘူး ..

ဒါနဲ့ ဒီနေ့တော့ ဦးသန့်အကြောင်း သေချာဖတ်ဦးမယ်ဆိုပြီး အင်တာနက်မှာ ရှာတော့ ပထမဆုံးဖတ်မိတာမွေး သက္ကရစ် ၂၂.၀၁.၁၉၀၉ ... အော်ဟုတ်သား ဘဲ အခု ၂၀၀၉ ဆိုတော့ နှစ် ၁၀၀ပြည့်ပြီ ဘယ်နေ့လည်းလို့ကြည့်လိုက်တော့မှ တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ ...

လေးစာမိပါတယ် ဒီပုဂိုလ်ကြီးကို... ဥပဓိရုပ်သားနားလှပါတယ် .. ကျက်သရေရှိလှပါတယ် ... ဒီနေ့ခေတ်မှာ အာရှသား ၁ယောက် ကမ္ဘာကုလသမဂ္မ အတွင်းရေးမှုးဖြစ်တာ မဆန်းတော့ ပေမယ့်... ဦးသန့် အတွင်းရေးမှုးဖြစ်စဉ်ကတော့ တကယ်လေးစား စရာကောင်းပါတယ် .. အထူးသဖြင့် အာရှတိုက်အတွက် ပထမဆုံး ကုလသမဂ်ဂ အတွင်းရေးမှုးဟာ ဗမာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက်လည်း အမြဲ ဂုဏ်ယူနေမိပါတယ်....သူဟာ ကလေးအတွက် ကတော့ စံထားရတဲ့ပုဂိုလ် တစ်ယောက်ပါ

ဗမာလူငယ်တွေတော်တော်များများ ဂုဏ်ယူဝင့်ကြွားစွာ friendster ကသူတို့ရဲ့ profile တွေမှာ တင်တင်ထားကြတဲ့ စာသား ဓါတ်ပုံတစ်ခုရှိပါတယ် ... ဦးသန့်က ပြောသွားတယ်တဲ့ "ဗမာလူမျိုးတွေ အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ နေနေကြရပေမယ့် ဘယ်လိုအခွင့်အရေးဘဲရရ ဘယ်တော့မှ အခြားနိုင်ငံသားမခံပါနဲ့"တဲ့ .. အင်မတန်ကောင်းတဲ့ စကားလေး တစ်ခွန်းပါ ... ဒါပေမယ့် သူဒီစကားကို ဘယ်မှာ၊ ဘယ်တုန်ကပြောသွားတယ်ဆိုတာတော့ ကလေးမသိပါဘူး ... သူများတွေတင်ထားတဲ့ ဓါတ်ပုံလေးကို တွေ့မှဒီစာသားလေးကိုသိတာပါ... အဲ့ဒီ့စကားအပေါ်မှာ ကလေးကတော့ နဲနဲလေး ကိုယ့် အမြင်လေးထည့်ပြီးပြောချင်ပါတယ်

ဗမာလူမျိုးဆိုတာ စာရွက်တစ်ရွက်မှာချရေးထားမှ .. အထောက်အထားတစ်ခုပြနိုင်မှ ဗမာလူမျိုးမဟုတ်ပါဘူး..... တခြားနိုင်ငံသားခံယူလိုက်တဲ့အတွက် ဗမာနိုင်ငံမှာ ဗမာလူမျိုးတစ်ယောက်ရဲ့အခွင့်အရေးပျောက်ချင်ပျောက်သွားမယ် ... ဗမာအဖေနဲ့ အမေက မွေးလာတဲ့ ဗမာလူမျိုးတစ်ယောက်ရဲ့ အသွေးတွေအသားတွေ စိတ်ဓါတ်တွေ ဒါတွေကတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး ...ဆံပင်အနက်နဲ့ မျက်ဆံနက်နဲ့ဗမာလူမျိုးတစ်ယောက်ဟာ အမေရိကန်နိုင်ငံသား .. ဥရောပနိုင်ငံသား နိုင်ငံကူးလက်မှတ်ကိုင်ထားပေမယ့်လည်း ကြည့်လိုက်ရုံနဲ့ အာရှသားတစ်ယောက်၊ဗမာ တစ်ယောက်ဆိုတာ ဖျောက်ဖက်လို့မရပါဘူး

ကလေးကတော့ ဘယ်နေရာ ဘယ်အရပ်ဘဲရောက်နေ ရောက်နေ ငါဗမာလူမျိုးဖြစ်ရတာ အမြဲတမ်း ဂုဏ်ယူနေမိပါတယ်...

tirsdag 20. januar 2009

................................................................................

မတူဘူး .. လုံးဝမတူဘူး ... မတူတာမှဘာမှကို မတူတာ

ငါက အလှအပသိပ်အကြိုက်ကြီး မဟုတ်ပေမယ် သပ်သပ်ရပ်ရပ်သားသားနားနား ကြိုက်တယ် ..
နင်က ဖရိုဖရဲ

နင်က သဘာဝ ပတ်ဝန်းကျင်ရူခင်းတွေကြားမှာ သာယာနေပေမယ့်
ငါက မြို့လည်ခေါင်က shopping centerတွေကြားမှာ အချိန်ကုန်ချင်တယ်

ငါက ရုပ်ရှင်စပြီး ၁၅ မိနစ်လောက်ဆိုအိပ်ပျော်သွားရော
နင်ကတော့ ရုပ်ရှင်ဆိုတပ်တပ်မက်မက်

နင်က ဒီနေ့ ကမ္ဘာကြီးမှာ လေထုညစ်ညမ်းပြီး လူတွေနေ့တိုင်း ထောင်သောင်းနဲ့ချီသေနေတာ ကားကြောင့်တဲ့
ငါကတော့ ငါလိုရာခရီးကို သက်တောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန်ပို့ပေးတဲ့ကားကိုကြိုက်တယ်

ငါက လူတိုင်းကို ကူချင်ကယ်ချင်ပေမယ့်
နင်ကတော့ အချိန်တန်လို့ သွားသင့်တဲ့လူတွေ သွားရမှာဘဲတဲ့ နို့မဟုတ်ရင် ဒီကမ္ဘာကြီးနဲ့ ဒီလူတွေနဲ့ဆန့်မှာ မဟုတ်ဘူးတဲ့

ဒီလောက်နင်နဲ့ငါနဲ့ မတူတာ .. ဘယ်လို့မှ ရှေ့ဆက်လို့ရမှာ မဟုတ်ဘူး ...ငါတို့လမ်းခွဲမှရတော့မယ်လည်းဆိုရော

နှစ်ယောက်လုံး အားရပါးရငိုပြီးတော့ "ငါနင့်ကိုချစ်တယ် မခွဲနိုင်ဘူးတဲ့"

ဒီတူတာလေး တစ်ခုနဲ့ဘဲ ငါတို့ ၂ယောက် ဒီနေ့ဆို ၂နှစ်ရှိပြီနော်