mandag 25. februar 2008

ပြဿနာ ကိုရှာဖွေခြင်း နှင့် ပြဿနာ၏ အဖြေကိုရှာဖွေခြင်း

ကလေးကိုယ်တိုင် ဖတ်ဖူးတာတော့မဟုတ်ပါဘူး .. သူငယ်ချင်း ၁ယောက်က သူဖတ်ဖူးတာ ကို ကလေးကို ပြန်ပြော ပြတာလေးကို မှတ်မိနေလို့ပါ။

မိသားစု၂ခုရှိတယ်တဲ့

မိသားစု ၁ခုကာ ပြဿနာကို အဓိကထားပြီးဖြေရှင်းတယ် .. တခြားမိသားစုက အဖြေကို အဓိကထားပြီး ဖြေရှင်းတယ်တဲ့

သူတို့တွေဆီမှာ လေးဘက်သွားကာစ တွေ့ကရာလိုက်ဆွဲတက်တဲ့အရွယ် သားလေး ၁ယောက်ရယ် ကလေးထိန်းတက်တဲ့အရွယ်လောက်ရှိပြီဖြစ်တဲ့သမီး ၁ယောက်ရယ်ရှိတယ်တဲ့

တနေ့မှာ လေးဘက်သွားကာစ တွေ့ကရာလိုက်ဆွဲတက်တဲ့အရွယ် ကလေးဟာ .. သောက်ရေအိုးစင်မှာတင်ထားတဲ့ ဖန်ခွက်ကို လှမ်းဆွဲလိုက်ရာကနေဖန်ခွက်ဟာ ပြုတ်ကျပြီးကွဲသွားပါတယ်
အဲ့ဒီအချိန်မှာ အမဖြစ်သူဟာစိတ်တိုတို နဲ့ ဒီကလေးဟာလေ အငြိမ်ကိုမနေဘူး တွေ့ကရာလျှောက်ဆွဲနေတယ် .. ဖန်ခွက်တွေကွဲကုန်ပြီဆိုပြီး ကလေးကိုဆူပါတယ် ... အဲ့ဒီ့အချိန်မှာဘဲ အမေဖြစ်သူ က သမီးဖြစ်သူကို ‘ကောင်မ နင်ကလေးကို အပြစ်မတင်နေနဲ့ နင်ကအကြီးဖြစ်ပြီး ကလေးကို ဂရုမှမစိုက်တာ .... ငါလုပ်လိုက်ရဆိုပြီး ရိုက်ဖို့ရွယ်လိုက်ပါတယ်။ အဲ့ဒီမှာဘဲ အဖေလုပ်တာလူက ဒီမိန်းမ မင်းက အမေဖြစ်ပြီး ကလေးတွေကိုမှ ဂရုမစိုက်တာ .. ဖန်ခွက်ကျကွဲတက်မှန်းသိရင် အစထဲက စတီးခွက်ဝယ်ထားပါလား ဆိုပြီးမိန်းမလုပ်သူကို အပြစ်တင်ပါတယ် .. မိန်းမဖြစ်သူကလဲ စတီးခွက်ဝယ်ရအောင် ရှင်ကတစ်လ တစ်လကိုပိုက်ဆံတွေတော်တော်ရှာနိုင်တာကိုဆိုပြီး အဓိကမဟုတ်တဲ့အကြောင်းအရင်းတွေပါလာကာ ပြဿနာဟာပို၍ ပို၍သာကြီးမားလာပါတော့တယ်


ဒါပေမယ့် အခြားမိသားစု ပြဿနာရှင်ပုံက ကြတော့
ဖန်ခွက်ကျကွဲချိန်မှာ သမီးဖြစ်သူဟာ သူ့မောင်လေးဆီကို အပြေးအလွှားသွား ‘ဟယ်မောင်လေး .. ဘယ်ထိသွားလဲ .. ဖန်ခွက်ကွဲစတွေဆူးမယ် .. ဒီနားမလာနဲ့ မမရှင်းလိုက်မယ်ဆိုပြီပြောပါတယ် .. ဒီအချိန်မှာဘဲ အမေဖြစ်သူကလဲ သမီးရယ် မေမေ ကလဲ သမီးကျောင်းအင်္ကျီလေး မီးပူတိုက်နေလို့သတိမထား မိလိုက်ဘူး ... အေးလေးကွယ် ဖန်ခွက်ဆိုတာ ပြုတ်ကျရင်ကွဲတက်ရှတက်တာမျိုးကို မေမေတို့က အစထဲက စတီးခွက်မျိုးဝယ်ပေးရမှာ ... အဲ့တော် အဖေ ဖြစ်သူက မိန်းမရယ် အဖေကြီးရတဲ့လစာက လည်း မိသားစုအတွက်လောက်ငှရုံဆိုတော့ .. မင်းလည်း စတီးခွက် ဘယ်ဝယ်နိုင်မလဲကွယ် ... အဲ့ဒီ့ အခါမှာ အမေလုပ်သူက ..ရပါတယ်ဖေကြီးရယ် စတီးခွက်မဝယ်နိုင်သေးပေမယ့် သားလေးကလည်း ဟိုဆွဲဒီဆွဲ ဆွဲတက်တဲ့အရွယ်ဆိုတော့ .. လောလောဆယ် ပလက်စတစ်ခွက်ကလေး ဘဲအရင်ဝယ်ထားလိုက်တာ ပိုအဆင်ပြေမယ်လို့ထင်တယ် .. စိတ်လဲချရတယ် ဆိုပြီး သူတို့မိသားစုလေးရဲ့ လက်တလော ပြဿနာကို ဖြေရှင်းဖို့အတွက် အဖြေ တခုကိုရခဲ့ကြပါတယ်

ဒီမိသားစု ၂ခုရဲ့ အဓိကကွာ ခြားတာကတော့ ပထမမိသားစုဟာ ပြဿနာကို အဓိကထားပြီးဖြေရှင်းတယ် ..
ဒုတိယ မိသားစု က ပြဿနာ အတွက် ဖြေရှင်းဖို့နည်းလမ်း ကို အဓိကထားပြီးဖြေရှင်းတယ် ..
အဲ့လို ဘဲ ပြဿနာတွေ ပေါ်တိုင်းမှာ ဘာကိုအဓိကထားပြီး ဖြေရှင်းသင့်တယ်ဆိုတာကို ပြောပြထားတဲ့ ဥပမာလေး ၁ခုပါ ..
ဒီအကြောင်းလေး ကို ဒီနေ့ဖြစ်တဲ့ကိစ္စ တစ်ခုနဲ့တိုက်ဆိုင်လို့ရေးဖြစ်သွားတာပါ...
လူတွေအားလုံးလည်း ပြဿနာဖြစ်တိုင်းမှာ ပြဿနာရဲ အဖြေကိုရဖို့ အဓိကထားဖြေရှင်းနိုင်ကြပါစေ။

lørdag 23. februar 2008

၁၃နှစ်အရွယ် ကောင်လေးဦးနှောက်ထဲမှ ခဲတံအပိုင်းအစများ

၁၃နှစ်အရွယ် ကလေးငယ်သည် မတော်တဆချော်လဲရာမှ ခဲတံနှင့်ဦးခေါင်းသို့ ထိုးမိခဲ့သည်။ ဆေးရုံမှဦးခေါင်းကို ချုပ်ပေးလိုက်ပြီး အိမ်သို့ပြန်ခွင့်ပြုလိုက်သည်။ သို့သော် ကလေးငယ်၏ဦးနှောက်အတွင်းတွင် ၅စင်တီမီတာခန့်ရှိသော ခဲတံအပိုင်းအစများ ကျန်ရစ်ခဲ့သည်ဟု aftonbladet သတင်းစာမှဖော်ပြခဲ့သည်။

ထိုမတော်တဆ ထိခိုက်မှူ့သည် ဇန္နဝါရီလတွင် ဆွီဒင်နိုင်ငံရှိ ကားလ်စ်ခရိုနာ (Karlskrona) ကျောင်းတွင် ဖြစ်ပွားခဲ့ ပါသည်။ ၁၃နှစ်အရွယ်ကလေးသည် သူ၏လက်တွင်ကိုင်ထားသော ခဲတံနှင့်ချော်လဲကျခဲ့ရာမှ ခဲတံသည် ကလေးငယ်၏ မျက်လုံးအပေါ်ဘက်သို့ထိုးမိခဲ့ပါသည်။

ကလေးအား အရေးပေါ်ကုသရန်အတွက် ဘလယ်ကင်းဂယ် (Blekinge) ရှိဆေးရုံသို့ ချက်ချင်းပိုခဲ့ကြပါသည်။ ထိုဆေးရုံတွင် ဆရာဝန်များမှ ကလေးအား စမ်းသပ်စစ်ဆေးမှူ့များပြုလုပ်ခဲ့ပါသည်။ ဆရာဝန်များမှ ကလေးငယ်၏ ဒါဏ်ရာအား ဓါတ်မှန်ရိုက်စစ်ဆေးခြင်းမပြုဘဲ ဒါဏ်ရာအား ချုပ်ကာ နောက်နေ့တွင် ကလေးငယ်အား အိမ်သို့ပြန်ခွင့်ပြုခဲ့ပါသည်။

သို့သော်ကလေးငယ်၏ အခြေအနေမျာပို၍သာ ဆိုးဝါးလာပါသည်။

ကျွန်တော့်မြေးလေးဟာ အတော်လေးကို ခေါင်းထဲမှာ မူနောက်နေခဲ့တယ် ဟု ကလေး၏ အဖိုးဖြစ်သူက ဘလယ်ကင်းဂယ်တိုင်း သတင်းဌာနကို ပြောပြခဲ့ပါတယ်။

အဲ့ဒီ့အတွက်သူဟာ မြေးဖြစ်သူ ကိုဆေးရုံထပ်ပို့ဖို့စီစဉ်ခဲ့ပါတယ်။ နောက်ဆုံမှာတော့ သူတို့ဓါတ်မှန်ရိုက်ကြပါတယ် .. အဲ့ဒီအခါမှာ ကလေးရဲ့ဦးနှောက်ထဲမှာ ၅စင်တီမီတာခန့်ရှိတဲ့ ခဲတံအပိုင်းအစတွေကို သူတို့ရှာတွေခဲ့ကြပါတယ်။

ထိုအခါမှာ ကလေးအား ချက်ချင် operation လုပ်ရန်လိုအပ်လာတဲ့အတွက် lunds တက္ကသိုလ်ဆေးရုံသို့ ပိုခဲ့ကြပါတယ်။ ထိုအချိန်တွင် ကလေးငယ်မှာ ဦးနှောက်အမှေးရောင်နေပြီဖြစ်ပြီး antibiotic, morfin များနှင့် ၅ရက်အကြာတွင် operation ပြီးဆုံးပြီး ခဲတံအပိုင်းအစများအား ဖယ်ထုတ်နိုင်ခဲ့ပါသည်။

အဖိုးဖြစ်သူမှ ‘သူတို့ အစတည်းက ဓါတ်မှန်တခါထည်း ရိုက်သင့်တယ်ဟု blt ကိုပြောကြားခဲ့ပါတယ်။

ူဆေးရုံးမှ ၃ ပတ်ကြာပြီးနောက်သူဟာ Blekingeဆေးရုံသို့ပြန်ရောက်ရှိခဲ့ပါတယ်... ကလေးငယ်ကို အတော်လေးကို ပင်ပန်းခဲ့ရှာပါတယ်။

lunds ဆေးရုံမှ ဆရာဝန်များက ကလေးငယ်ဟာ အသက်မသေခဲ့တာဟာ အလွန်တရာမှကံကောင်းလှတယ်လို့ ပြောတယ် ဟု အဖိုးဖြစ်သူကပြောကြားခဲ့ပါတယ်။

ကလေး၏ မိဘများမှာ (ကျန်းမာရေး နှင့် ပတ်သတ်သည့်တာဝန်ရှိဌာန) သို့အကြောင်းကြားခဲ့ပြီး၊ ဆေးရုံမှလည်း လူမှူ့ရေးအုပ်ချုပ်ရေးဌာနသို့ လည်းကောင်းတို့ကိုယ်တိုင် အကြောင်းကြားခဲ့ပါတယ်။

ဆေးရုံမှ ခေါင်းဆောင်ဆရာဝန်မှ ထိုအဖြစ်အပျက်အတွက် တောင်းပန်ပါတယ်ဟုပြောကြားခဲ့ပါတယ်။

မူရင်းသတင်း
http://www.vg.no/nyheter/utenriks/artikkel.php?artid=517939

ပါမယ်လာ (၁၆နှစ်) ဒုတိယအကြိမ် ၃မွှာပူးမွေးဖွားခြင်း

(ဗွီဂျီနက်)

ဘီဘီစီ ကိုယ်ပိုင်အာဂျင်တီးနားသတင်းထောက်မှ သတင်းပေးပို့ထားသည်။

အာဂျင်တီးနား မီဒီယာဌာနများမှ ပါမယ်လာဟု သတ်မှတ်ခံထားရသော အမျိုးသမီးငယ်သည် ကိုဒိုဘာခရိုင်၏ ကျေးရွာတခုမှလာသူဖြစ်ပါသည်။

သူမသည် ၁၄နှစ်ပတ်ဝန်းကျင်တွင် သူမ၏ပထမဆုံး ကလေးအား မွေးဖွားခဲ့ပုံရပါသည်။ သူမ၏ ပထမ၃မွှာပူး ကလေးအား သူမအသက်၁၅နှစ်တွင် မွေးဖွားခဲ့ပါသည်။ ထို့အပြင်မယုံကြည်နိုင်စရာ သူမ၏ ဒုတိယအကြိမ်မြောက် ၃မွှာပူးကို ယခုထက်မံမွေးဖွားခဲ့ပါသည်။

ကလေး ၇ယောက်လုံးမှာ သူမအသက်၏ အလွန်အစောပိုင်းတွင်မွေးဖွားသော်လည်း ကလေးများရော သူမပါ ကျန်းမာစွာရှိကြပါသည်။

ဘီဘီစီ သတင်းထောက် ဒယ်နီရယ် .... သတင်းပေးပိုချက်အရ local သတင်းစာများ နှင့် ဆွေးနွေးပွဲများ၏ မှတ်ချက်မှာ ပါမယ်လာ နေထိုင်သောဒေသသည် ကိုယ်ဝန်သန္ဒေတားခြင်း အသိပညာပေးမှူနည်းပါခြင်းကြောင့် သူမသည် အသက်ငယ်ငယ်တွင် ကလေး၇ယောက်မွေးဖွားခြင်းဖြစ်သည်။

သူမသည် သက်ဆိုင်ရာမှ ထောက်ပံ့ကြေးကို သူမ၏ပထမ ၃မွှာပူးမွှေးဖွားသောအကြိမ်တွင်ရရှိခဲ့ပြီး သူမ၏မိသားစုအတွက် အိမ်နှင့် မြေကိုဝယ်ယူနိုင်ခဲ့သည်။

၁၇နှစ်အရွယ်မိခင်သည် နေစဉ် ကလေးများ ဝေယာဝစ္စ ၊အိမ်အလုပ်များနှင့် အလုပ်ရှူပ်လျှက်ရှိပြီး အစိုးရဆီမှ အိမ်၏ စီးပွားရေးအတွက်အကူအညီရရန်မျှော်လင့်လျှက်ရှိသည်။

အမွှာ၂စုံလုံးသည် မိန်းကလေးများဖြစ်ကြပြီး သူမ၁၄နှစ်အရွယ်တွင်မွှေးဖွားခဲ့သော ပထမဆုံးကလေးမှာ ယောကျာင်္းလေးဖြစ်သည် ။

ဤနေရာမှာ မူရင်းသတင်းကိုရယူပါသည် http://www.vg.no/nyheter/utrolige-historier/artikkel.php?artid=511600

mandag 11. februar 2008

ကိုယ်ပိုင် ဂန္တဝင်ဆည်းဆာ

ကလေး မြန်မာပြည်မှာနေတုန်းက ပင်လယ်ကမ်းခြေကို တခါမှမရောက်ဖူးပါဘူး ... ဒါပေမယ့် တောင်ကြီး၊မန္တလေး၊ မေမြို့ဘက်တွေ ရောက်ရင်တော့ တောင်တန်းတွေ၊ တောင်တွေကို ကြည့်ပြီးအမြဲ ကြည်နူးမိပါတယ်။ ဖေကြီးဆီ သွားလည်တဲ့ အခါတိုင်းမှာ မြန်မာပြည်ကဒေါနတောင်တန်းကြီးတွေကိုကြည့်ပြီး ... ဖေကြီးရယ် တောင်တန်းတွေ၊ ပင်လယ်တွေ ကို အမြဲမြင်နေရတဲ့ နေရာမှာ နေချင်လိုက်တာလို့ ပြောခဲ့ဖူးပါတယ်..အခုတော့လည်း မထင်မှတ်ဘဲ .. ပင်လယ်ကမ်းနားဘေး .. တောင်တွေကြားထဲက မြို့ကလေးကို ရောက်နေပါတယ်။ Global warming ကြောင့်ဘဲလား ဘာလားတော့မသိဘူး ရာသီဥတုလေး ဒီရက်ပိုင်း အချိန်အခါမဟုတ်ပဲ တော်တော်လေး သာယာနေတာနဲ့ အပြင်ထွက်ပြီး ညနေခင်းဆည်းဆာ အလှလေးကို အမှတ်မထင်မှတ်တမ်းတင်ခဲ့ပါတယ်။ ပြီတဲ့အခါကြမှ Rဇာနည်ရဲ့ ဂန္တဝင်ဆည်းဆာ သီချင်းလေးနဲ့ပေါင်းပြီး ဒီလိုလေး စိတ်ကူးဖန်တီးကြည့်ထားပါတယ်

søndag 10. februar 2008

ကမ္ဘာကြီးကနေကြိုဆိုပါတယ်ကြွက်ကလေးတို့ရေ

ဒီနေ့အတွက် သတင်းထူး / သတင်းကောင်းကတော့ ......

ကလေးရဲ အလွန့်အလွန် ချစ်စရာေ
ကာင်းသောကြွက်မကလေးမှ .. အဆပေါင်းများစွာချစ်ဖို့ကောင်းသော
နီတာရဲ လုံးတုံးတုံး ကြွက်ကလေး ၈ကောင်အား မွန်းလွဲ ၂နာရီ၃၀တွင်အောင်မြင်စွာဖွားမြင်ခဲ့ပါကြောင်း....ဟီးဟီး
ဓါတ်ပုံရိုက်ပြီပြချင်ပါသော်လည်း မေမေကြွက်မကြီမှာ သူ့ကလေးများနားမှ တဖွားမှမခွာဘဲ
သူ့သခင် ကလေးကိုတောင် မန်တဖီဖီလုပ်နေလို့ ကြွက်ကလေးဘယ်နှကောင်ပေါက်သည်ကို ပင်
မနည်း ခက်ခဲစွာ ရည်ခဲ့ရတာမို့ .. ဓါတ်ပုံရိုက်လို့ရသည်နှင့်ချက်ချင်း ဘလော့တွင်တင်ပေးမယ်နော်။
မှတ်ချက် ။ ကြွက်ကဒီနေ့သေချာကြည့်တော့မှဘဲ . ၉ကောင် ... ၈ကောင်မဟုတ်ဘူး

ကလေးသူ့ကိုစ မွေးကာစ ၄ပတ်အရွယ်တုန်းကပုံ


ဒါက ၆လလောက်ရှိပြီပေါ့ ကျန်ခဲ့တဲ့လကဆိုတော့


ဒါလေးတွေကတော့ ၁ပတ်တောင်မပြည့်ကြသေးဘူး

lørdag 9. februar 2008

မက်ဂါဖုန်းမဂ္ဂဇင်း ၁နှစ်ပြည့်သို့

မက်ဂါဖုန်းမဂ္ဂဇင်း ၁နှစ်ပြည့်သို့


နော်ဝေနိုင်ငံမှာ အလုပ်အကိုင်မရှိသူတိုင်းကို
social အကူအညီပေးတာထုံးဆံပါ.... ဒါပေမယ့် လူတွေပိုက်ဆံတန်ဖိုးကိုနားလည်အောင်နဲ့ အလုပ်ရှိတယ်ဆိုတဲ့ confident လေးဖြစ်အောင်လို့ မက်ဂါဖုန်းဆိုတဲ့မဂ္ဂဇင်း အဖွဲ့ကအစီအစဉ်ကောင်းလေးတစ်ခုကို ၂၀၀၇ ခုနှစ်ဖေဖော်ဝါရီမှာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နော်ဝေက မူးရစ်စေသောအရာတွေကို သုံးစွဲတာနှစ်သက်တဲ့ လူတွေအတွက် မက်ဂါဖုန်းဟာသူ့တို့ကိုလူအဖွဲ့အစည်းအပြင်ဘက်ကို ရောက်မသွားအောင် ကူညီခဲ့ပါတယ်။

မဂ္ဂဇင်းလေးရဲ့အနောက်ဘက်အဖုံးက စာသားလေးကိုဘာသာပြန်ပြီး ဒီမှာအခြားလူတွေလည်း
ဖတ်လို့ရအောင်တင်ပေးလိုက်
ပါတယ်


"မက်ဂါဖုန်း ဆိုတာ အခက်အခဲမျိုးစုံတွေနဲ့ကြုံတွေ့နေရတဲ့သူတွေရောင်းတဲ့ သာမန် လမ်းဘေးမဂ္ဂဇင်း တစ်အုပ်ပါ။ မဂ္ဂဇင်းရောင်းသူတွေက ၂၅ကရိုနာနှင့် ဝယ်ရပါပြီး ၅၀ ကရိုနာနှင့် ပြန်လည်ရောင်းချ ကြ ပါသည်။ ရရှိသော အမြတ်အစွန်းအား လမ်းပေါ်မှမဂ္ဂဇင်းရောင်းသူများ၏ လစာအဖြစ် သတ်မှတ်ပါသည်။ ထိုနည်းဖြင့် မက်ဂါဖုန်းမှ လူများအား ကိုယ်ပိုင်အစွမ်းအစနှင့် တန်ဖိုးရှိသောလစာကို ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ပါသည်။ တချိန်တည်းမှာပင် မက်ဂါဖုန်းသည် ကျွန်ုပ်တို့လူ့အဖွဲ့အစည်း အတွင်း ရှိ အခွင့်အရေး၊ တန်းတူအခွင့်အရေး နှင့် လူ့အခွင့်အရေးများ အတွက် လှူပ်ရှားမှူ့များကို လုပ်ဆောင်ပါ သည်။ လူအဖွဲ့အစည်းမှ အားနည်းသောအုပ်စုများအတွက် မီးကဲ့သို့တောက်ပသည့် အကျိုးသက်ရောက်မှူ့များရရှိစေရန် နှင့် လူ့အဖွဲ့အစည်း တည်ဆောက်မှူ့၏ အကျပ်အတည်း အခိုက် အတန့်အား မက်ဂါဖုန်းမှ နားလည်မှု့၊ မတူုညီ သောလူအဖွဲ့အစည်းနှစ်ခုအကြား ဒိုင်ယာလော့များ တည်ဆောက်နိုင်ရန်နှင့် အချို့သော စီရင်ချက်များ ကိုလျှော့နည်းစေရန် မျှော်လင့်ပါသည်။

မဂ္ဂဇင်းအားဝယ်ယူအားပေးခြင်းသည် ထိုအလုပ်အားထောက်ပံခြင်းဖြစ်ပါသည်။

သင့်၏အထောက်အပံ့နှင် လူအခွင့်အရေးအတွက် ကျေးဇူးတင်ပါသည်။"

ူဒါကတော့ မဂ္ဂဇင်းလေးရဲအကျဉ်းချုပ်ရည်ရွယ်ချက်ကလေးပါဘဲ ... မဂ္ဂဇင်းထဲက စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေကိုတော့ နောက်မှာ ဘလောက်မှာတင်ပေးသွားပါမယ်

"ကမ္ဘာပေါ်မှာရှိကြသောလူသားအားလုံး အချင်းချင်းချစ်ခြင်း မေတ္တာတရားများထားနိုင်ကြပါစေ"

torsdag 7. februar 2008

သေချင်တယ်.. ဘာဖြစ်နေတာတုန်း ... ဘာမှမမြင်ရပါလား...
ဟင်း ... ဇော်ဂျီသုံးရတာလည်း အရူးမ ကို သူငယ်ချင်းတော်ရသလိုဘဲ ... ခုတမျိုးတော်ကြာ တမျိုး