lørdag 23. februar 2008

ပါမယ်လာ (၁၆နှစ်) ဒုတိယအကြိမ် ၃မွှာပူးမွေးဖွားခြင်း

(ဗွီဂျီနက်)

ဘီဘီစီ ကိုယ်ပိုင်အာဂျင်တီးနားသတင်းထောက်မှ သတင်းပေးပို့ထားသည်။

အာဂျင်တီးနား မီဒီယာဌာနများမှ ပါမယ်လာဟု သတ်မှတ်ခံထားရသော အမျိုးသမီးငယ်သည် ကိုဒိုဘာခရိုင်၏ ကျေးရွာတခုမှလာသူဖြစ်ပါသည်။

သူမသည် ၁၄နှစ်ပတ်ဝန်းကျင်တွင် သူမ၏ပထမဆုံး ကလေးအား မွေးဖွားခဲ့ပုံရပါသည်။ သူမ၏ ပထမ၃မွှာပူး ကလေးအား သူမအသက်၁၅နှစ်တွင် မွေးဖွားခဲ့ပါသည်။ ထို့အပြင်မယုံကြည်နိုင်စရာ သူမ၏ ဒုတိယအကြိမ်မြောက် ၃မွှာပူးကို ယခုထက်မံမွေးဖွားခဲ့ပါသည်။

ကလေး ၇ယောက်လုံးမှာ သူမအသက်၏ အလွန်အစောပိုင်းတွင်မွေးဖွားသော်လည်း ကလေးများရော သူမပါ ကျန်းမာစွာရှိကြပါသည်။

ဘီဘီစီ သတင်းထောက် ဒယ်နီရယ် .... သတင်းပေးပိုချက်အရ local သတင်းစာများ နှင့် ဆွေးနွေးပွဲများ၏ မှတ်ချက်မှာ ပါမယ်လာ နေထိုင်သောဒေသသည် ကိုယ်ဝန်သန္ဒေတားခြင်း အသိပညာပေးမှူနည်းပါခြင်းကြောင့် သူမသည် အသက်ငယ်ငယ်တွင် ကလေး၇ယောက်မွေးဖွားခြင်းဖြစ်သည်။

သူမသည် သက်ဆိုင်ရာမှ ထောက်ပံ့ကြေးကို သူမ၏ပထမ ၃မွှာပူးမွှေးဖွားသောအကြိမ်တွင်ရရှိခဲ့ပြီး သူမ၏မိသားစုအတွက် အိမ်နှင့် မြေကိုဝယ်ယူနိုင်ခဲ့သည်။

၁၇နှစ်အရွယ်မိခင်သည် နေစဉ် ကလေးများ ဝေယာဝစ္စ ၊အိမ်အလုပ်များနှင့် အလုပ်ရှူပ်လျှက်ရှိပြီး အစိုးရဆီမှ အိမ်၏ စီးပွားရေးအတွက်အကူအညီရရန်မျှော်လင့်လျှက်ရှိသည်။

အမွှာ၂စုံလုံးသည် မိန်းကလေးများဖြစ်ကြပြီး သူမ၁၄နှစ်အရွယ်တွင်မွှေးဖွားခဲ့သော ပထမဆုံးကလေးမှာ ယောကျာင်္းလေးဖြစ်သည် ။

ဤနေရာမှာ မူရင်းသတင်းကိုရယူပါသည် http://www.vg.no/nyheter/utrolige-historier/artikkel.php?artid=511600

Ingen kommentarer: