lørdag 9. februar 2008

မက်ဂါဖုန်းမဂ္ဂဇင်း ၁နှစ်ပြည့်သို့

မက်ဂါဖုန်းမဂ္ဂဇင်း ၁နှစ်ပြည့်သို့


နော်ဝေနိုင်ငံမှာ အလုပ်အကိုင်မရှိသူတိုင်းကို
social အကူအညီပေးတာထုံးဆံပါ.... ဒါပေမယ့် လူတွေပိုက်ဆံတန်ဖိုးကိုနားလည်အောင်နဲ့ အလုပ်ရှိတယ်ဆိုတဲ့ confident လေးဖြစ်အောင်လို့ မက်ဂါဖုန်းဆိုတဲ့မဂ္ဂဇင်း အဖွဲ့ကအစီအစဉ်ကောင်းလေးတစ်ခုကို ၂၀၀၇ ခုနှစ်ဖေဖော်ဝါရီမှာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နော်ဝေက မူးရစ်စေသောအရာတွေကို သုံးစွဲတာနှစ်သက်တဲ့ လူတွေအတွက် မက်ဂါဖုန်းဟာသူ့တို့ကိုလူအဖွဲ့အစည်းအပြင်ဘက်ကို ရောက်မသွားအောင် ကူညီခဲ့ပါတယ်။

မဂ္ဂဇင်းလေးရဲ့အနောက်ဘက်အဖုံးက စာသားလေးကိုဘာသာပြန်ပြီး ဒီမှာအခြားလူတွေလည်း
ဖတ်လို့ရအောင်တင်ပေးလိုက်
ပါတယ်


"မက်ဂါဖုန်း ဆိုတာ အခက်အခဲမျိုးစုံတွေနဲ့ကြုံတွေ့နေရတဲ့သူတွေရောင်းတဲ့ သာမန် လမ်းဘေးမဂ္ဂဇင်း တစ်အုပ်ပါ။ မဂ္ဂဇင်းရောင်းသူတွေက ၂၅ကရိုနာနှင့် ဝယ်ရပါပြီး ၅၀ ကရိုနာနှင့် ပြန်လည်ရောင်းချ ကြ ပါသည်။ ရရှိသော အမြတ်အစွန်းအား လမ်းပေါ်မှမဂ္ဂဇင်းရောင်းသူများ၏ လစာအဖြစ် သတ်မှတ်ပါသည်။ ထိုနည်းဖြင့် မက်ဂါဖုန်းမှ လူများအား ကိုယ်ပိုင်အစွမ်းအစနှင့် တန်ဖိုးရှိသောလစာကို ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ပါသည်။ တချိန်တည်းမှာပင် မက်ဂါဖုန်းသည် ကျွန်ုပ်တို့လူ့အဖွဲ့အစည်း အတွင်း ရှိ အခွင့်အရေး၊ တန်းတူအခွင့်အရေး နှင့် လူ့အခွင့်အရေးများ အတွက် လှူပ်ရှားမှူ့များကို လုပ်ဆောင်ပါ သည်။ လူအဖွဲ့အစည်းမှ အားနည်းသောအုပ်စုများအတွက် မီးကဲ့သို့တောက်ပသည့် အကျိုးသက်ရောက်မှူ့များရရှိစေရန် နှင့် လူ့အဖွဲ့အစည်း တည်ဆောက်မှူ့၏ အကျပ်အတည်း အခိုက် အတန့်အား မက်ဂါဖုန်းမှ နားလည်မှု့၊ မတူုညီ သောလူအဖွဲ့အစည်းနှစ်ခုအကြား ဒိုင်ယာလော့များ တည်ဆောက်နိုင်ရန်နှင့် အချို့သော စီရင်ချက်များ ကိုလျှော့နည်းစေရန် မျှော်လင့်ပါသည်။

မဂ္ဂဇင်းအားဝယ်ယူအားပေးခြင်းသည် ထိုအလုပ်အားထောက်ပံခြင်းဖြစ်ပါသည်။

သင့်၏အထောက်အပံ့နှင် လူအခွင့်အရေးအတွက် ကျေးဇူးတင်ပါသည်။"

ူဒါကတော့ မဂ္ဂဇင်းလေးရဲအကျဉ်းချုပ်ရည်ရွယ်ချက်ကလေးပါဘဲ ... မဂ္ဂဇင်းထဲက စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေကိုတော့ နောက်မှာ ဘလောက်မှာတင်ပေးသွားပါမယ်

"ကမ္ဘာပေါ်မှာရှိကြသောလူသားအားလုံး အချင်းချင်းချစ်ခြင်း မေတ္တာတရားများထားနိုင်ကြပါစေ"

3 kommentarer:

pandora sa...

yes I can see Burmese font in the text. But the title cannot be seen.

စိုးထက် - Soe Htet ! sa...

I can see all with my Internet Explorer 7. Whatsoever it is, OK.
Here in Aussie they have a magazine called The Big Issue .... started long time ever ...

စိုးထက် - Soe Htet ! sa...

မေ့သွားလို့ ... မြန်မာလို ရေးလို့ ဖတ်လို့ ရတယ်နော် ... ခေါင်းစဉ်ပါ ပြောတာ ဗျ :D