søndag 22. februar 2009

အစွန်းရောက်ဝါဒီ

အိမ်ချိန်နီးနေပြီ .. ဖတ်ရတာတွေ မြင်ရတာတွေ အမြင်မတော်လို့၊ချရေးလိုက်ဦးမယ်...

လူတွေဟာ ဘာသာရေးကိုခေါင်းစဉ်တပ်ပြီး ကိုယ့်အတ္တကို ရှေ့တန်းတင်နေကြတယ် ...
ရှေ့ကပို့စ်မှာလည်းရေးခဲ့ဖူးပါတယ် .. ဘယ်ဘာသာတရားမှမကောင်းတာမရှိ ...ဘုရားလို့ကိုးကွယ်ခံထားရသူတွေဆီမှာ
ယခုလူတွေ ပြောနေသလို ..ငါဘာသာမှကောင်းတယ် ဘယ်ဘာသာယုတ်ညံတယ်ဟုပြောမယ်ဟု မယုံကြည်ပါ
ထိုစကားလုံးများကို ..ဘာသာရေးအစွန်းရောက်နေသူများမှသာ ဖန်တီးယူထားသည်ဖြစ်သည်အတွက်

ကျွန်မသည် ဘာသာတိုင်းကိုလေးစားပါသည်..ကိုယ့်ဘာသာဘဲကောင်းသည်အခြားဘာသာမကောင်းသည်ဟုလက်မခံပါ...
ဘာသာရေးအစွန်းရောက်များကိုလွန်စွာမုန်းတီးပါသည်.... ယခုလက်ရှိခေတ်ကာလတွင်လူတိုင်းတွင် မိမိယုံကြည့်သည့်ဘာသာကို လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသည့်အတွက် မည်သည့်ဘာသာကိုမှမစော်ကားလိုပါ ..သိုသော် အစွန်းရောက်ဘာသာရေး သမားများကိုတော့ လက်မခံလိုပါ .. ဗုဒ္ဒဘာသာဝင်တစ်ယောက်အနေနှင့် လူသေတ္တဝါအားလုံးအားမေတ္တာထားပါသည်။။။။။။။။

mandag 9. februar 2009

ကိုယ်တိုင် အိမ်ချက်ကြေးအိုးဆီချက်လေး

ဒီပို့ကိုမတင်ခင် ကျေးဇူးတင်ကြောင်း စပြောသင့်တာ စင်္ကာပူကလေးသူငယ်ချင်းအမေပါ....
ကလေးက ကြေးအိုးဆီချက် အလွန် ကြိုက်ပါတယ်။ မြန်မာပြည်မှာနေတုန်းကတော့ ခဏခဏစားဖြစ်ပါတယ်... ဘန်ကောက်ရောက်တော့လည်း ကျောင်းနားက မလှိုင်ဆိုတဲ့ ဗမာဆိုမှာသွားသွားစားဖြစ်သေးတယ် .. နော်ဝေရောက်တော့ဘယ်လိုလုပ်စားရမှန်းကောင်းကောင်းမသိဘူး အိုးထဲ၁ခါ၂ခါ ထည့်ပြုတ်ပြီးစားဘူးတယ် ..မကောင်းဘူးဟီးဟီး ..
ဒါနဲ့ဘန်ကောက်ကို ပြန်ရောက်ရောက်ချင်းတုန်းက မလှိုင်ဆိုင်မှာ အပြေးသွားစားသေးတယ်... ကျေနပ်သေးဘူး စင်္ကာပူရောက်တော့ သူငယ်ချင်းကို ကြေးအိုးသွားစားရအောင်ချည်း သူငယ်ချင်းကို ပူစာနေတော့ သူငယ်ချင်းလုပ်သူက မနေနိုင်တော့ဘဲ .. သွားဝယ်မစားနဲ့ .. ငါ့အမေကိုအိမ်မှာလုပ်ခိုင်းမယ် .. ငါ့အမေ အိမ်မှာလုပ်ကျွေးတာပိုကောင်းတယ်ဆိုပြီး နောက်နေ့ကြေးအိုးဆီချက်လုပ်ကျွေးတာ .. ကောင်းကောင်းနဲ့ ၂ပွဲ၃ပွဲအပြတ်ဆွဲတာပေါ့.....
စားရုံနဲ့ မကျေနပ်သေးဘူး လုပ်နည်းအဆစ်လေးပါတောင်းခဲ့သေးတယ်...
အဲ့ဒီတောင်းခဲ့တဲ့ အဆစ်နည်းလေးနဲ့ ဒီရောက်တော့ အဖေ၊အမေ၊မောင်လေးနဲ့ ခင်မင်တဲ့လူတွေကိုလုပ်ကျွေးတာ အားလုံးက အားရပါးရအားပေးကြလို့ဝမ်းသာမိပါတယ်.....
တစ်ယောက်ကသာပြောတာ boring food တဲ့ ဟွန်း ..

လုပ်နည်းကတော့

အရင်ဆုံး - ဝက်သား.. ပေါင်သားဖြစ်ဖြစ်၊နံရိုးဖြစ်ဖြစ် ကိုအချိုမှုန့်၊စားနဲ့နယ်ပြီး ပြုတ် (ဝက်သားမှုန့်ဟင်းချိုခဲလေးရှိရင်ပိုကောင်းတယ်)
ဝက်သားပြုတ်နေတုန်း- အသားလုံးလုပ်ဖို့ အသားကြိတ်သားကို ဂျုံမှုန့်၊အချိုမှုန့်၊ဆားနဲ့နယ် (ငံပြာရည်မထည့်ရ)
ဝက်ကလီဇာ- အသဲတို့ အူတို့ရပါက နေတော်လေးတွေလှီး၊ ပဲပြားလှီး၊ မုံညှင်းရွက်ကိုရေဆေးပြီး လက်တဆစ်လောက်လေးတွေဖြတ်ထား၊ ကြာဇံ သို့မဟုတ် ခေါက်ဆွဲစားချင်တာကို ရေစိမ်ထား
ဝက်ပြုတ်ရည် ကျပြီဆိုရင် ... တစ်ခါစားသာပြုတ်လို့ရမယ် အိုးထဲကို ဝက်ပြုတ်ရည်ထည့်၊ ခုနက ဂျုံမှုန့်နဲ့နယ်ထားတဲ့ အသားကို အလုံးလေးတွေလုပ်ပြီး အိုးထဲကိုထည့်ပြုတ်၊ လှီးထားတဲ့အသားတွေလည်းထည့်၊အချိုမှုန့်၊ငံပြာရည်ထည့်ပြီး အိုးကိုအဖုန်းဖုံးထားလိုက်
အသားတွေကျက်လောက်ပြီဆိုရင်.. ရေစိမ်ထားတဲ့ကြာဇံရယ်၊ ပဲပြားရယ်၊ မုံညှင်းရယ်ကိုထည်ပြီး ၁မိနစ် ၂မိနစ်ထည့်ပြုတ်ပါ
ကြာဇံတို့၊ မုံညင်းတို့ကျက်လောက်ပြီဆိုရင်...အိုးထဲကပြုတ်ထားတဲ့ကြေးအိုးကို ဇကာနဲ့ခုနဝက်ပြုတ်ရည်ထဲကို စစ်ထည့်လိုက်ပါ
ပြီးရင် ရေစစ်ထားတဲ့ ကြေးအိုးဆီချက်ထဲကို ကြက်သွန်ဖြူဆီသတ်ထားတဲ့ထဲက အဆီလေးအပေါ်ကထည့် ကြက်သွန်ကြော်မှုံ့လေးတွေဖြူးလိုက်တော့ ..ဒီလို့ကြေးအိုဆီချက်လေးရသွားတာပေါ့ ...



စာကြွင်း ကလေးကအသားတွေ ကလီစာတွေ မစားတဲ့အတွက် ကလေး၏ကြေးအိုးဆီချက်မှာ အသားမပါတာပါ..

søndag 8. februar 2009

Feeling so down, Emptiness, loss, depress
life is harder than we ever think ....
feel like wanna blow out my feeling, but i dont like to share wit anyone.

arrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
I feel so stresssssful
get me something to release of it...

can probably say not very good day !!

tirsdag 3. februar 2009

Gabrielle - Out of reach

ဒီသီချင်းလေးက ဘန်ကောက်ကို စရောက်ကာစ .. ကျောင်းဖွင့်ဖို့ကလဲ တစ် လလိုသေးတော့ အိမ်မှာဘဲနေပြီး စာအုပ်တွေဖတ်နေရတဲ့ အချိန်.. ညနေဘက်ဆို Ranjamigalar stadium မှာ weight ကျအောင် Arobit သွားသွားကစားတဲ့ အဒေါ်ပေါက်စ (ကလေးထက်၂ လ)ငယ်တဲ့ အဒေါ်နောက် လိုက်သွားတိုင်း Arobit ပြီးပြီဆိုရင် ဖွင့်ဖွင့်နေကြ သီချင်းလေးမို့နားထဲစွဲနေတာလေးပေါ့ ..ကြိုက်လည်းကြိုက်တယ် British Jone Diary ထဲကသီချင်းလေးပေါ့ ... ဒီနေ့မှ မြန်မာ VCD တစ်ခုမှာ L ဆိုင်းဇီ copy ထားတာ နားထောင်မိမှပြန် သတိရလို့လေ



"Out Of Reach"

Knew the signs
Wasn't right
I was stupid for a while
Swept away by you
And now I feel like a fool
So confused,
My heart's bruised
Was I ever loved by you?

Out of reach, so far
I never had your heart
Out of reach,
Couldn't see
We were never
Meant to be

Catch myself
From despair
I could drown
If I stay here
Keeping busy everyday
I know I will be OK

But I was
So confused,
My heart's bruised
Was I ever loved by you?

Out of reach, so far
I never had your heart
Out of reach,
Couldn't see
We were never
Meant to be

So much hurt,
So much pain
Takes a while
To regain
What is lost inside
And I hope that in time,
You'll be out of my mind
And I'll be over you

But now I'm
So confused,
My heart's bruised
Was I ever loved by you?

Out of reach,
So far
I never had your heart
Out of reach,
Couldn't see
We were never
Meant to be

Out of reach,
So far
You never gave your heart
In my reach, I can see
There's a life out there
For me

søndag 1. februar 2009

ကျောင်းသားဘဝ၏ တစ်ပိုင်းတစ်ဆများ - ၂

ဒုတိယပတ်ရောက်တော့...major တွေခွဲတော့ IT ကကောင်မလေးက IT ပြန်ရသွားတယ်. ၈တန်းတုန်းက ကျူရှင်တူတူတက်တဲ့ကောင်မလေးက Mechine Tools၊ တရုတ်ဘုံကျောင်းကကောင်လေးက EP၊ကိုယ်ကတော့ Mechanical power၊ major တွေကွဲသွားပေမယ် MT ကကောင်မလေးရယ်၊ EP ကကောင်းလေးရယ်နဲ့ကကျောင်းကားတူတုန်းဘဲ.. major တွေခွဲပြီးသွားတော့ ကျောင်းကားတွေလည်းမြို့နယ်အလိုက်ခွဲပေးလိုက်လို့ ပါရမီဂိတ်အထိသွားမစီးရတော့ဘူး.. ပြီးတော့ကံကောင်းစွာဘဲ ကျောင်းကားကလည်း ပါရမီကားတွေပြန်ရတယ်.. တချို့မြို့နယ်တွေဆို ဒိုင်နာတို့၊ဟီးနိုးတို့ကျတာ.. အဲ့ဒီ့ ကားမျိုးတွေနဲ့ဆိုရင်တော့ သေပြီဘဲ.. စကောထဲ ဇီးဖြူသီးထည့်ပြီးလှည့်သလိုနဲ့ ရန်ကုန်ကနေ မှော်ဘီနေ့တိုင်းသွားရမှာ

major ခွဲပြီးလို့ ကိုယ့်major ကိုသွားတက်တဲ့နေ့ပေါ့.. အတန်းထဲကိုဝင်လိုက်တော့ မျက်လုံးပြူးသွားတယ်... ၁ခန်းလုံးမှာ မိန်းကလေးတွေ ထိုင်နေတာ၂ တန်းဘဲရှိတယ်...ဒါနဲ့ရှေ့ဆုံးကကောင်မလေးတွေထိုင်နေတဲ့ခုံမှာဝင်ထိုင်လိုက်တယ် .. ကံကောင်းစွာဘဲ ဘေးမှာထိုင်မိတဲ့သူငယ်ချင်းနဲ့က အမှတ်လဲတူတူ roll no တောင်ရှေ့နဲ့နောက်..သူနဲ့ကတော့ ခုချိန်ထိခင်နေတုန်းဘဲ .. ဟိုတလောက စင်္ကာပူသွားတုန်းကတောင် သူ့အိမ်မှာဘဲနေတာ.. သူက 1st yr 1st semester ပြီးထဲက စင်္ကာပူထွက်သွားတာလေ... ဒီလိုနဲ့ အတန်းအခြေအနေကိုလေ့လာလိုက်တော့ MP မှာ ကျောင်းသူ၊ကျောင်းသားပေါင်း ၁၆၀တဲ့
အဲ့ဒီ့ထဲမှာ မိန်းကလေးက ၁၆ယောက် ကျန်တာတွေက ယောကျာင်္းလေးတွေကြီးဘဲ... သိတဲ့အတိုင်းယောကျာင်္းလေးများတဲ့အတန်း .. ဆူညံပွက်လောရိုက်၊ ထစ်ကနဲဆို ရုံးခန်းမှာခေါ်ဆဲခံရလဲ ဒီမေဂျာဘဲ... ပြီးတော့ မိန်းကလေးနည်းတဲ့ အတန်းဆိုတော့ ဒင်းတို့စိတ်တိုင်းကျ ပြောချင်တာပြောလုပ်ချင်တာလုပ်... သူတို့နောက်လို့ ရှက်သလိုလို..ဘာလိုလို ပဲများတက်တဲ့ကောင်မလေးတွေဆို သိတဲ့အတိုင်းဝိုင်းကိုသမကြတာ

ကလေးနဲ့ကလေးသူငယ်ချင်း၂ယောက် ကတော့ သူတို့စရင် မရှက်တဲ့အပြင်သူတို့နဲ့ ပြိုင်ပြိုင်ပြီး ပေါက်တက် ကရတွေ ပြောလွန်းလို့ နောက်ပိုင်းမှာ ဒီကောင်တွေကလေးတို့ ၂ယောက်ကို မိန်းမကလေးစာရင်းက ပယ်ထားလိုက်ကြတယ်... အဲ့ဒီ့လိုနဲ့ဘဲ ထုံစံအတိုင်း မိန်းကလေးသူငယ်ချင်းထက်၊ ယောကျာင်္းလေးသူငယ်ချင်းတွေပိုများလာတောပေါ့...ကလေးကလည်း ယောကျာင်္းလေး သူငယ်ချင်းထားရတာကို ပိုသဘောကျတယ် .. သူတို့က ရည်းစာတွေဆိုရင်သာစိုးကြတာ.. သူငယ်ချင်းဆိုရင်တော့ကောင်းရှာတယ်.. မောင်နှမလိုသဘောထားတယ်၊ အမြင်မတော်ရင် ဒဲ့ပြောတယ်.. မိန်းကလေးသူငယ်ချင်းတွေလို jelous မရှိဘူး..နောက်ကျောဓါးနဲ့မထိုးဘူး.. ဒါပေမယ်ဆိုးတာက သိတဲ့အတိုင်း GTC မှာဆိုတော့ အတွက်အချက်က အရေးကြီးတယ်ဆိုတော့ ဒီကောင်တွေ ဖဲဝိုင်းက မထကြဘူး... အဲဖဲရှုံးပြီဆိုလည်း တွေတဲ့နေရာလိုက်ပြီး ရှိသမျှချေးတော့တာဘဲ .. သူတို့နိုင်လာတဲ့အခါဆိုရင်တော့လည်း Kantine ဆွဲခေါ်သွားတက်ကြပါတယ်..

မှော်ဘီမှာ တက္ကသိုလ်တက်ရတယ် ဆိုပေမယ့် တရက်မှာ မညီးငွေ့ခဲ့ဘူး..ဘယ်လောက်ဘဲကျောင်းကားစောစော ထစီးရစီးရ ပင်ပန်းတယ်လို့အထင်ခဲ့ဘူး.. ကျောင်းကားစီးရတာကိုက အရသာတစ်ခု ကျောင်းကားပေါ်မှာ စကြ၊ နောက်ကြ.. သီချင်းတွေဆိုကြ မုန့်တွေစားကြ.. တန်ဖိုးဖြတ်လို့မရတဲ့အချိန်တွေ... ဂျက်ဆင်တို့၊သစ်ပုတ်ပင်တို့ မရှိပေမယ့် ကျောင်းနောက်က သီဟိုလ်တောကြီးရှိတယ် ..တောထဲသွားပြီး လျောက်ဆော့ကြတယ် ..ယောကျာင်္းလေးတွေက ဖဲသွားရိုက်ကြတယ် .. ကျောင်းကသိရင် လက်မှတ်ထိုးရတယ်.. ကျောင်းကားဂိတ်မှာ ထရေဆိုင်ရှိတယ်.. အများဆုံးသွားတာယောကျာင်္းလေးတွေပေါ့... ကျောင်းဘေးနားက ဘုန်းကြီးကျောင်းကိုလည်း ကြုံရင်ကြုံသလို ဒုခ်ကသွားပေးကြတယ်.. တခါတလေ bus တွေငှားပြီး major တစ်ခုလုံး လှော်ကားသွားကြတယ်.. စာမေးပွဲနီးရင် မင်းသိမ်ခရဲ့ အယူတော်မင်္ဂလာခြံတောင်ရောက်သွားသေး

သင်္ကြန်နားနီးပြီဆိုရင် ကျောင်းမှာ မတ်လလောက်ထဲက သင်္ကြန်ကျနေကြတာ.. နေခေါင်ခေါင်ပူပူကြီးထဲမှာ အားရပါးရ လောင်းနေကြတာ.. တကိုယ်လုံကိုရွှဲရွှဲစို ..ကျောင်းကားပေါ်က ဆင်းပြီး အိမ်ကိုလမ်းလျောက်ပြန်ရင် အရူးကြီးလိုလို ရေတွေစိုလို့ ..နောက်တော့ ကျောင်းကစာထုတ်တယ်ကျောင်းဝန်းထဲရေမပတ်ရတဲ့ .. အဲ့ဒီ့တော့ ကျောင်းပြန်ချိန်ကျောင်းကား အချင်းချင်းပက်တာပေါ့... ကျောင်းလွှတ်ချိန်ဆို ကျောင်းကားတွေအားလုံးပေါင်း ၅၀ကျော်လောက်ရှိမယ်.. အတန်းလိုက်ကြီးရှင်လောင်းလှည့်သလို... မှော်ဘီဘော်လုံးစက်ရုံကနေ စထွက်တဲ့ မထသ ဘော်လုံးတွေကတော့ ကြမ်းသလားမမေးနဲ့ ... ပြီးတော့ ရန်ကုန်၊ပြည်လမ်းက အင်္ဂလိပ်လက်ထက်ကဖောက်သွားတာ လမ်းကမွတ်နေတာဆိုတော့ အရမ်းအရမ်းမောင်းကြတာ.. ၁ခါဆိုကျောင်းအပြန် မှော်ဘီအဝင်မှာ ဟီးနိုးတစ်စီးမှောက်သွားဘူးတယ်.. အသေအပျောက်တော့ မရှိပါဘူး ...အားလုံးတော့ဆေးရုံရောက်သွားတယ်..

ရေပတ်တဲ့အကြောင်းကိုဆက်ပြောရင် ..ကျောင်းကားပေါ်မှာ ကိုယ့်ချင်းကိုယ့်ချင်းပတ်ရတာမကျေနပ်လို့.. toll gate မှာ ဂိတ်စောင့်တွေကိုပါ လှမ်းပတ်တာ .. toll gate က computer တွေထဲရေတွေဝင်ကုန်လို့ ကျောင်းကိုတိုင်တော့ .. ကျောင်းက ဌာနမှုး toll gate မှာလာစောင့်ပေးရတယ် .. ဒီမှာ ဂိတ်ကို ရေမပတ်ရဘူးလို့ မျက်နှာကြီးတင်းပြီးအော်နေတဲ့ဆရာကို ဟုတ်ကဲ့ မပတ်တော့ပါဘူးဆိုပြီး ဆရာကို ကားအထွက်မှာရေတွေနဲ့လှမ်းပတ်သွားလို့ ..နောက်နေ့တပြုံကြီးရုံးခန်းရောက်သွားကြတယ် ...

မှတ်မိသေးတယ် ၁ခေါက်ပေါ့ ကလေးတို့ timetable မှာအချိန်တစ်ခုက ဘယ်တော့မှဆရာမလားဘူး။ ယောကျာင်္းလေးတွေကတော့ အဲ့ဒီ့အချိန်ဆို Kantine ပြေးတဲ့ကောင်ကပြေး..ဖဲဝိုင်းရောက်တဲ့ကောင်ကရောက်..အဲ့ဒီ့နေ့က ကလေးက အတန်းရှေ့ အဝင်အထွက်ပေါက်မှာ ငုတ်တုတ်လေး ထိုင်လို့ ... အဲ့ဒီ့ချိန်မှာ လူ၁ယောက် အသက်က senior က ဟာတွေလောက်.. ပါးစပ်မှာလည်း ကွမ်းတစ်မြုံ့မြုံ့နဲ့.. ကလေးကိုဒါ MP လားတဲ့ ကလေးက အေးဟုတ်တယ် လို့ဖြေလိုက်တယ် .. အဲ့တော့သူက လူတွေရောတဲ့ .. ရှိဘူး ဖဲဝိုင်းမှာနေမှာပေါ့လို့... နင်က ဘယ်သူ့တွေချင်လို့လည်းလို့တောင် မေးလိုက်သေး ..အဲ့တော့သူက နဲနဲဖယ်ပေး ငါအတန်းထဲဝင်မလို့တဲ့ အမယ်ရာရာစစ ဘာကိစ္စလည်းလို့ပြောလိုက်တော့ .. စာသင်မလို့ဟဲ့တဲ့ .. ဒါနဲ့ဆရာလားလို့မေးလိုက်တော့ အေး...တဲ့
ကန်တော့ ကန်တော့ မသိလို့ဆိုပြီးတောင်းပန်လိုက်ရသေး .. ဆရာကခုမှ BE ကပြီးပြီးချင်းဆရာလာပြန်လုပ်တာ ပြီးတော့ကျောင်းသား style နဲ့ဆိုတော့ ဘယ်သိပါ့မလဲ...

lørdag 31. januar 2009

ကျောင်းသားဘဝ၏ တစ်ပိုင်းတစ်ဆများ

၁၀တန်းအောင်စရင်းထွက်တော့ အနဲ့ဆုံးဂုဏ်ထူးလေးတစ်ခုလောက်တော့ ပါမယ်တွက်ထားတဲ့ထဲက ၁လုံးမှ ပါမလာ.... ဒေါသတွေထွက်..အောင်စရင်းသွားကြည့်ပေးတဲ့လူကိုတောင်ရန်တွေ့လိုက်သေးတယ်... အိမ်မှာဆက်နေရင် အိမ်နီးနားချင်းတွေက လမ်းမှာတွေ့ရင် အောင်လား။ ဂုဏ်ထူးဘယ်နှခုပါလဲမေးရင် ၁လုံးမှ မပါဘူးဆိုတာကြီးကို ဖြေရမှာ စက်ဆုတ်လွန်းလို့ လှည်းတန်းက သူငယ်ချင်းအိမ်မှာ ၂ ည ၃ည သွားနေလိုက်တယ် .. အမှတ်စာရင်းထွက်တော့ ၃၂၂ မှတ် (အမှတ်ပေါင်း ၅၀၀မှာ) ...မြန်မာစာက ၇၂ အဲ့ဒီ့အမှတ်က ဂုဏ်ထူးတင်ပြီးမှပြန်ကျလာတဲ့အမှတ်မျိုး.. သချာင်္မှာကျတော့လာပြီး ၇၅မှတ်တဲ့ အဲ့ဒီ့၇၅ လေး တခြားဘာသာနဲ့နေရာလဲလိုက်ပါလား..ဒါဆိုတော်သေး။

ဒီ ၃၂၂နဲ့တော့ ငါတက်ချင်တဲ့အင်ဂျီနီယာလိုင်းနဲ့တော့ဝေးပြီ.. ဘာစိတ်ကူးမှမရှိတော့ဘူး... Ecoတက်ဖိုလည်းစိတ်မဝင်စား ... ဒီလိုနေရင်းနဲ့တက္ကသိုလ်လျှောက်ဖို့formတွေကျတော့ ..နည်းပညာတက္ကသိုလ်မရှိတော့ဘူး.. ကောလိပ်တဲ့အသစ်... အနည်းဆုံး ၂၉၀ ရရင်တက်လို့ရမယ်တဲ့.. ဒါနဲ့ သူငယ်ချင်း ၅ယောက်ထဲက ၃ယောက်လျှောက်လိုက်တယ် .. ကျောင်းတွေကျတော့ ၁ယောက်က သန်လျင် GTC (နည်းပညာကောလိပ်). ကိုယ်က မှော်ဘီ.. အမှတ်၂၉၀ အနည်းဆုံးဆိုပေမယ် သန်လျင်၊ မှော်ဘီက အနည်းဆုံး ၃၁၀ ကျော်မှ.... ၃၁၀အောက်တွေကိုယ မအူပင်၊ဖျာပုံတွေပို့တယ်။ မိန်းကလေးဆိုရင် အနည်းဆုံး မအူပင်ကို ၃၀၉ မှတ်နဲ့ဖြတ်လိုက်လို့ ၃၀၇မှတ်နဲ့လျောက်တဲ့ သူငယ်ချင်းကတော့ GTC မရရှာဘဲ ဒုတိယ ဦးစားပေး E-major ရောက်သွားတယ် ...

ကျောင်းလာအပ်ပါလို့ရောက်လာတဲ့ ခေါ်စာက ညိုကြမ်းကြမ်းစာရွက်၁ရွက်... နည်းပညာကောလိပ် မှော်ဘီတဲ့.. ဘယ်နားမှာမှန်း၊ ဘယ်လိုသွားရမှန်းမသိ။ ကိုယ့်ကျောင်းက ၁ယောက်မှ မှော်ဘီမှာ မကျကြ.. လျောက်သမျှအားလုံးသန်လျင်မှာ ..ငါ၁ယောက်မှ ဘယ်လိုလုပ်ပြီးမှော်ဘီရောက်သွားမှန်းမသိ.. ဒီလိုနဲ့ အိမ်နားက အသိရဲ့သမီးကမှော်ဘီမှာနေတော့ ပါရမီက မှော်ဘီ GTC ဆိုတဲ့ကားကိုစီးသွားတဲ့ ..ဒါနဲ့စီးသွားလိုက်တာ .. ၂နာရီနီးပါးလောက်ကြာတယ် ..ကျောင်းက မှော်ဘီမြို့ကို ၈မိုင်ကျော်သွားတယ် ... ရန်ကုန်ကနေဆိုအားလုံးပေါင်း ၃၃မိုင်ပေါ့...ကျောင်းကကောလိပ်လို့သာ ကင်ပွန်းတပ်ထားတာ .. အထက်တန်းကျောင်းသာသာ ..

ကျောင်းအပ်ဖို့ Registration ကိုဂိတ်ပေါက်ကနေလျောက်ကတာဘဲ ၁၀မိနစ်လောက်..ကျောင်းအပ်ပြီးတော့ kantine ဘက်လျောက်တော့ kantine သွားတဲ့လမ်းက ခဝါခြုံကြီးက ကိုယ့်အရပ်ထက်မြင့်တယ်.. အခုမှာခင်းထားကာစ မြေညီလမ်းပေါ်တက်လျောက်လိုက်တော့ ဆိုင်အားလုံးပေါင်းလိုက်ရင် ၅ဆိုင်... အဆောင်နေပါလားတဲ့ ခရီးသက်သာအောင်.. အ
ဆောင်တွေအကုန်လုံးနီးပါက ထရံကာလေးတွေ.. ဆိုးတာက ညဆိုမီးမရှိတာ .. ခရီးပမ်းချင်လည်းပမ်းစေတော့ ကျောင်းကားစီးပြီးဘဲ တက်တော့မယ်...

ပထမဆုံးကျောင်းစဖွင့်တဲ့နေ့ .. ကျောင်းကားက ပါရမီဂိတ်ကသွားစီးရမယ်တဲ့... အမေက ပါရမီဂိတ်ထိပိုပေးတယ်... အဲ့ဒီကနေရပ်နေတဲ့ကျောင်းကား ၂စီးထဲက အရင်ထွက်မဲ့၁စီးပေါ်တက်စီးလိုက်တယ် ... ပထမဆုံးကျောင်းဖွင့်တဲ့နေ့ဖြစ်တာက ၁ကြောင်း.. ၂၀၀၀မှာ ၁၀တန်းအောင်တဲ့လူတွေက ၈၈နှစ်အောက်တွေနဲ့မို့လို့ ပုံမှန်ထက် ၂ဆလူပိုများတဲ့နှစ် .. ကျောင်းကားက ငါးပိသိပ်၊ ငါးချင်သိပ်၊ ကျောင်းကားပေါ်ရောက်တော့ Main ထဲက IT မှာတူတူတက်ဖူးတဲ့ ကောင်မလေး၊ ၈တန်းတုန်းက သချာင်္တူတူ ကျုရှင်တက်ဖူးတဲ့ကောင်မလေးနဲ့၊ တရုပ်ဘုံကျောင်းမှာ တရုပ်စာတူတူသင်ဖူးတဲ့ကောင်လေးရယ်နဲ့တွေ့တော့ အင်းဒီကျောင်းမှာငါနဲ့သိတဲ့လူ ၃ယောက်တော့ရှိသွားပြီပေါ့ ..

ဒီလိုနဲ့ကျောင်းရောက်တော့ Kantine မပြောနဲ့ ကိုယ်တက်ရမယ့်အခန်းဘယ်နားမှန်းမသိလို့ ရှာလိုက်ရတာ ..ကျောင်းမှာလူတွေကလည်းများ major တွေကလည်းမခွဲရသေးတော့ အတန်းတွေအကုန်လုံးပေါင်းပြီးတက်ပေါ့... ဒီလိုနဲ့ ပထမ major မခွဲရသေးတဲ့ ၁ပတ်မှာတော့ နေ့တစ်ဝက်ဘဲ စာသင်တာနဲ့ အိမ်အပြန်ကို လိုင်းကားနဲ့ဘဲပြန်ရတယ် .. လိုင်းကားဆိုတော့ ဂိတ်တိုင်းရပ် မှော်ဘီကနေ အိမ်ပြန်ရောက်တဲ့ထိ ၂နာရီခွဲ ၃နာရီလောက်ကြာတယ် .. ဒါပေမယ့်လည်း တက္ကသိုလ်ဆိုတဲ့ အရသာ ၁တစ်ခုနဲ့ဘဲ အပင်အပန်းခံနိုင်ခဲ့တာဘဲလေ

torsdag 22. januar 2009

အနှစ် ၁၀၀ ပြည့် ဦးသန့် နေ့

ဦးသန့် နှစ်၁၀၀ ပြည့်မို့လို့ UN ကနေ ဦးသန့်ပုံပါ တံဆိပ်ခေါင်းတွေထုပ်မယ်လို့တော့ဖတ်ရတာ ကြာပါပြီ.... ဒါပေမယ့် ဘယ်နေ့ နှစ် ၁၀၀ပြည့်မလဲဆိုတာတော့ သေချာမကြည့်ဖြစ်ဘူး ..

ဒါနဲ့ ဒီနေ့တော့ ဦးသန့်အကြောင်း သေချာဖတ်ဦးမယ်ဆိုပြီး အင်တာနက်မှာ ရှာတော့ ပထမဆုံးဖတ်မိတာမွေး သက္ကရစ် ၂၂.၀၁.၁၉၀၉ ... အော်ဟုတ်သား ဘဲ အခု ၂၀၀၉ ဆိုတော့ နှစ် ၁၀၀ပြည့်ပြီ ဘယ်နေ့လည်းလို့ကြည့်လိုက်တော့မှ တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ ...

လေးစာမိပါတယ် ဒီပုဂိုလ်ကြီးကို... ဥပဓိရုပ်သားနားလှပါတယ် .. ကျက်သရေရှိလှပါတယ် ... ဒီနေ့ခေတ်မှာ အာရှသား ၁ယောက် ကမ္ဘာကုလသမဂ္မ အတွင်းရေးမှုးဖြစ်တာ မဆန်းတော့ ပေမယ့်... ဦးသန့် အတွင်းရေးမှုးဖြစ်စဉ်ကတော့ တကယ်လေးစား စရာကောင်းပါတယ် .. အထူးသဖြင့် အာရှတိုက်အတွက် ပထမဆုံး ကုလသမဂ်ဂ အတွင်းရေးမှုးဟာ ဗမာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက်လည်း အမြဲ ဂုဏ်ယူနေမိပါတယ်....သူဟာ ကလေးအတွက် ကတော့ စံထားရတဲ့ပုဂိုလ် တစ်ယောက်ပါ

ဗမာလူငယ်တွေတော်တော်များများ ဂုဏ်ယူဝင့်ကြွားစွာ friendster ကသူတို့ရဲ့ profile တွေမှာ တင်တင်ထားကြတဲ့ စာသား ဓါတ်ပုံတစ်ခုရှိပါတယ် ... ဦးသန့်က ပြောသွားတယ်တဲ့ "ဗမာလူမျိုးတွေ အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ နေနေကြရပေမယ့် ဘယ်လိုအခွင့်အရေးဘဲရရ ဘယ်တော့မှ အခြားနိုင်ငံသားမခံပါနဲ့"တဲ့ .. အင်မတန်ကောင်းတဲ့ စကားလေး တစ်ခွန်းပါ ... ဒါပေမယ့် သူဒီစကားကို ဘယ်မှာ၊ ဘယ်တုန်ကပြောသွားတယ်ဆိုတာတော့ ကလေးမသိပါဘူး ... သူများတွေတင်ထားတဲ့ ဓါတ်ပုံလေးကို တွေ့မှဒီစာသားလေးကိုသိတာပါ... အဲ့ဒီ့စကားအပေါ်မှာ ကလေးကတော့ နဲနဲလေး ကိုယ့် အမြင်လေးထည့်ပြီးပြောချင်ပါတယ်

ဗမာလူမျိုးဆိုတာ စာရွက်တစ်ရွက်မှာချရေးထားမှ .. အထောက်အထားတစ်ခုပြနိုင်မှ ဗမာလူမျိုးမဟုတ်ပါဘူး..... တခြားနိုင်ငံသားခံယူလိုက်တဲ့အတွက် ဗမာနိုင်ငံမှာ ဗမာလူမျိုးတစ်ယောက်ရဲ့အခွင့်အရေးပျောက်ချင်ပျောက်သွားမယ် ... ဗမာအဖေနဲ့ အမေက မွေးလာတဲ့ ဗမာလူမျိုးတစ်ယောက်ရဲ့ အသွေးတွေအသားတွေ စိတ်ဓါတ်တွေ ဒါတွေကတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး ...ဆံပင်အနက်နဲ့ မျက်ဆံနက်နဲ့ဗမာလူမျိုးတစ်ယောက်ဟာ အမေရိကန်နိုင်ငံသား .. ဥရောပနိုင်ငံသား နိုင်ငံကူးလက်မှတ်ကိုင်ထားပေမယ့်လည်း ကြည့်လိုက်ရုံနဲ့ အာရှသားတစ်ယောက်၊ဗမာ တစ်ယောက်ဆိုတာ ဖျောက်ဖက်လို့မရပါဘူး

ကလေးကတော့ ဘယ်နေရာ ဘယ်အရပ်ဘဲရောက်နေ ရောက်နေ ငါဗမာလူမျိုးဖြစ်ရတာ အမြဲတမ်း ဂုဏ်ယူနေမိပါတယ်...