mandag 11. februar 2008

ကိုယ်ပိုင် ဂန္တဝင်ဆည်းဆာ

ကလေး မြန်မာပြည်မှာနေတုန်းက ပင်လယ်ကမ်းခြေကို တခါမှမရောက်ဖူးပါဘူး ... ဒါပေမယ့် တောင်ကြီး၊မန္တလေး၊ မေမြို့ဘက်တွေ ရောက်ရင်တော့ တောင်တန်းတွေ၊ တောင်တွေကို ကြည့်ပြီးအမြဲ ကြည်နူးမိပါတယ်။ ဖေကြီးဆီ သွားလည်တဲ့ အခါတိုင်းမှာ မြန်မာပြည်ကဒေါနတောင်တန်းကြီးတွေကိုကြည့်ပြီး ... ဖေကြီးရယ် တောင်တန်းတွေ၊ ပင်လယ်တွေ ကို အမြဲမြင်နေရတဲ့ နေရာမှာ နေချင်လိုက်တာလို့ ပြောခဲ့ဖူးပါတယ်..အခုတော့လည်း မထင်မှတ်ဘဲ .. ပင်လယ်ကမ်းနားဘေး .. တောင်တွေကြားထဲက မြို့ကလေးကို ရောက်နေပါတယ်။ Global warming ကြောင့်ဘဲလား ဘာလားတော့မသိဘူး ရာသီဥတုလေး ဒီရက်ပိုင်း အချိန်အခါမဟုတ်ပဲ တော်တော်လေး သာယာနေတာနဲ့ အပြင်ထွက်ပြီး ညနေခင်းဆည်းဆာ အလှလေးကို အမှတ်မထင်မှတ်တမ်းတင်ခဲ့ပါတယ်။ ပြီတဲ့အခါကြမှ Rဇာနည်ရဲ့ ဂန္တဝင်ဆည်းဆာ သီချင်းလေးနဲ့ပေါင်းပြီး ဒီလိုလေး စိတ်ကူးဖန်တီးကြည့်ထားပါတယ်

Ingen kommentarer: