lørdag 12. april 2008

သင်္ကြန်နဲ့ကလေး ... ကလေးနဲ့သင်္ကြန် (အကြိုနေ့ post)

သြော်ရောက်လာပြန်ပြီ သင်္ကြန်အကြိုနေ့ ..စကော့ဈေးသင်္ကြန်၊ အင်းယားလမ်းမဏ္ကပ်၊ pressure gun တွေနဲ့ဝေးပြီး ပျင်းရိရိ သင်္ကြန် တွေနဲ့ ကြုံရတာ ၄ နှစ်ရှိပြီ .. ရန်ကုန်သင်္ကြန်နဲ့ ဝေးပြီးနောက်ပိုင်းမှာတော့ Thai သင်္ကြန်ကို ၁နှစ်ကြဖူးပါတယ် ..

လူတွေသန်းနဲ့ချီပြီ နေ့တိုင်း ရုံးတက် ရုံးဆင်းချိန်တွေမှာ လမ်းပေါ်မှာ traffic တွေပြည့်ကျပ်ညက်နေတက်တဲ့ Bangkok မြို့ကြီးဟာ သင်္ကြန်ရက်မှာတော့ တနယ်တကျေးကနေ Bangkok မှာလာရောက် အလုပ်လုပ်ကိုင်သူတွေ ဌာနေပြန်ချိန်မို့ တကယ့်ကို ခြောက်ကပ်ကပ် နိုင်လွန်းပါတယ် .. ကလေးတို့ ဗမာပြည်မှာလို မြို့တော်က အစည်ကားဆုံး မဟုတ်ပါဘူး ...

ရေလောင်းချင်သူတွေဟာ ခွင့်လာတောင်းပါတယ် ဟင့်အင်းလို့ ပြောလိုက်တာနဲ့ ချာကနဲ လှည့်ထွက်သွားရော .. မူဖို့တော့ မကြိုးစားနဲ့ မြန်မာပြည်မှာလို အတင်းလိုက်လောင်း မှာတော့မဟုတ်ဘူး .. ဒီလောက်ပျင်းစရာကောင်းတဲ့ သင်္ကြန်မနေချင်ပါဘူး .. ဒါနဲ့ဗမာပြည်နဲ့ အနီးဆုံသင်္ကြန်စီပြေးပါလေရော ... ဗမာပြည်နဲ့သာနီးတာ ရန်ကုန်သင်္ကြန်လိုတော့ ပျော်စရာမကောင်းပါဘူး.. ကားနဲ့တော့ လျှောက်လည်ဖြစ်တယ် .. စည်ပိုင်းတွေချ .. ပိုက်နဲ့ပက်တဲ့ နေရာခက်ကျဲကျဲလေးတွေတော့ရှိပါတယ် ...

ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မှာတော့ ရန်ကုန်နဲ့လားလားဆင်တဲ့ သင်္ကြန်ရှိတယ်ဆိုဘဲ.. ကလေးတော့ မရောက်ဖူး ပါဘူး.. Bangkok မှာကျန်ခဲ့တဲ့ သူငယ်ချင်တွေပြောပုံအရတော့ Bangkok က Nightclub တွေရှိတဲ့ RCAမှာလည်း ရန်ကုန်လို မဏ္တပ်ထိုးပြီးပိုက်တွေနဲ့ပက်နေကြပြီလို့ကြားတာဘဲ ...ဘာဘဲဖြစ်ဖြစ်လေ .. သင်္ကြန်စစ်စစ်ကြီး မဟုတ်တောင် အာသာပြေခဲ့ပါတယ်လေ .. ဆိုးတာတစ်ခုကတော့ သူတို့သင်္ကြန်က ရေပက်သလို မျက်နှာကိုပေါင်ဒါမှူန့်တွေနဲ့လည်း လိုက်လိုက်သုတ်သေးတယ် ..

အဲ့ဒါကိုတော့ ကလေး Bangkokမှာ ကြုံဖူးတာမဟုတ်ပါဘူး .. နယ်စပ်မြို့မှာပါ ..ခင်မင်လို့ရိုးရာအရ သုတ်ကြတဲ့လူတွေရှိသလို မိန်းမပါးလိုက်ကိုင်ချင်လို့ လိုက်သုတ်တဲ့ နာဘူးတွေလည်းရှိပါတယ် .. မျက်နှာမှာ allergy ရှိလို့ make up တောင်သိပ်မများများ မသုံးတဲ့ ကလေးအဖို့ကတော့ ပြေးပွဲပါဘဲ .. "ဘယ်ရမလဲ နာ့ကို လာသုတ်ရဲသုတ်ကြည့် ဆိုပြီး အဖေ့နားက မခွာဘူးကပ်နေတာ .. အဖေနဲ့ဆိုတော့ ဘယ်ကောင်လာသုတ်ရဲမှာတုန်း ငါကွ ဟားဟ"

ဒါကတော့ ပြည်ပရောက် သင်္ကြန်ရူးမလေး ကလေးရဲ့ Thai သင်္ကြန် အတွေ့အကြုံပေါ့ ..Norway သင်္ကြန် အကြောင်းကတော့ အတက်နေ့မရောက်ခင်ဆက်မည် ...မျှော်

1 kommentar:

စိုးထက် - Soe Htet ! sa...

ဆက်ရေးဗျ ... ကျွန်တော် လာ အားပေးနေမယ် ... :)