søndag 20. april 2008

အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့

ကလေး သီချင်းနားထောင်ရတာ အရမ်းကြိုက်ပါတယ် ... TV က MTV တွေကြည့်ရတာလည်း အရမ်းသဘော ကျပါတယ်... ဒါပေမယ် MTV ကကိုယ်ကြိုက်တာရွေးကြည့်လို့ မရဘူးလေ ... အဲ့တော့ကလေးက အားရင် Youtube ကသီချင်းတွေဘဲ ရှာပြီးလျှောက်ကြည့်နေတာ... ဗမာပြည်မှာ HipHopတွေ စပေါ်ကာစတုန်းက အရမ်း နားထောင်ဖြစ်ပါတယ် ... Acid, Theory,ပေါ့ နောက်ပိုင်း Sai Sai Kham Hlaing ပေါ်လာတယ် .. သူ့သီချင်းလေးတွေလည်း အစပိုင်းတော့ ကောင်းပါတယ် .. နောက်ပိုင်းတော့ HipHopကိုလည်း သိပ်မကြိုက်တော့သလို .. စိုင်းစိုင်းခမ်းလှိုင်သီချင်းတွေကလည်း copy တွေရော .. သူ့ကိုကြည့်ရတာရော သဘောမကျလို့ နားမထောင်ဖြစ်တော့ပါဘူး .. ဒါပေမယ် ဒီတလော သင်္ကြန်မှာ သူသီချင်း ၁ပုဒ် Eminnem ရဲ့ Shake that ass for me ကို စိုင်းစိုင်းခမ်းလှိုင်က "အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့" ဆိုပြီးတော်တော်လေး ရေပန်းစားပါတယ်... ဒါနဲ့ကြည့်မယ်ဆိုပြီး youtube မှာရှာကြည့်တော့ ဒီclipလေးထွက်လာတယ် ကြည့်လိုက်ကြပါဦး .. .. တချို့တွေလည်းကြည့်ပြီးနေရင်ကြည့်ပြီးမှာ ဒါကကြာပြီ ကလေးလည်းကြားနေတာ .. အခုမှဘဲ ကြည့်ဘူးတော့တယ် ... စစချင်းတော့ ဘာဖြစ်နေလည်းဆိုပြီးကြောင်ပြီးကြည့်နေတာ .. နောက်မှ အော် stage ကြီးပြိုကြသွားတာဘဲလို့ ......စိုင်းစိုင်းခမ်းလှိုင်တို့ ဘယ်လောက်အိုးလှုပ်လိုက်လဲ မသိ stage တောင်ပြိုကျတယ်

2 kommentarer:

စိုးထက် - Soe Htet ! sa...

ကြည့် တော့ ကြည့်ပြီးသားဗျ :P

pandora sa...

ဘလော့ဂ်ဘက် မလှည့်ပြန်ဘူးလား ကလေး
မရေးပဲ အကြာကြီး ပျောက်နေပြန်ရော
အဖေတူနေပြန်ပြီ