søndag 13. april 2008

သင်္ကြန်အကျနေ့

ဘယ်လောက်ပဲ... အဆို အတီး အကတွေစုံစုံ .. မြန်မာ့ရိုးရာမုန့်တွေဘယ်လောက်ပဲ ကျွေးကျွေး သကြန်ဆိုတာ ရေမစိုလို့ကတော့ သင်္ကြန်အရသာနဲ့ဘယ်လိုမှ မတူပါဘူး

ကလေး ဒီကိုရောက်တော့ ၂၀၀၅နှစ်ဦးပိုင်းပေါ့ ကျန်ခဲ့တဲ့၂၀၀၄ မှာ ဗမာပြည်ပြန်ပြီး သင်္ကြန်ကျရတာ မဟုတ်ပေမယ့် အာသာပြေ သင်္ကြန်လေးတော့ ရခဲ့ပါတယ် .. ၂၀၀၅ မှာတော့ ရောက်ခါစကလည်းဖြစ် ကျောင်းကလည်း စဖွင့်ကာစဖြစ်တာမို့ ဘယ်မှမသွားဖြစ် ဘာမှမလုပ်ဖြစ်ပါ... အဲ့ ၂၀၀၆မှာတော့ အီစတာ ကျောင်းပိတ်ချိန် နဲ့သင်္ကြန်နဲ့တိုက်ခဲ့တာမို့လို့ အော်စလို သင်္ကြန်စီ သွားမယ်လို့ ဆုံဖြတ်ခဲ့ပါတယ် ..

ဒီလိုနဲ့ဘဲ သင်္ကြန်ပွဲ မကျင်းပမီ ၂ရက်အလိုမှာ အော်စလိုကိုသွား နဲနဲပါးပါးလျှောက်လည် ..ဓါတ်ပုံအဝရိုက်.. ဒီလိုနဲ့မပြန်ခင်နေ့မှာက သင်္ကြန်.. အိပ်ပုတ်တဲ့ကလေး ကတော့ သင်္ကြန်ရောက်တာနောက်ကျတော့ မုန့်တွေကကုန်ပြီ ..ဒါနဲ့ဘဲဖျော်ဖြေတာတွေ .. အဆိုတွေ အကတွေကြည့်ပြီးဘဲပြန်ရတာပေါ့ ..... ဒီနိုင်ငံမှာက April ဆိုရင်မပူသေးဘူးလေ အဲ့ဒီ့တော့ ရေဘယ်လောင်းကြမလဲ ..

ရေမစိုတော့လည်း ကလေးပြောခဲ့သလိုပေါ့ သင်္ကြန်ကြီးက အရသာမရှိခဲ့ပါဘူး .. ဘာဘဲဖြစ်ဖြစ် အမှတ်တရတော့ဖြစ်အောင်လို့ video မှတ်တမ်းလေးတော့ တင်ခဲ့ပါတယ်...

1 kommentar:

စိုးထက် - Soe Htet ! sa...

ဗွီဒီယို ကြည့် သွားပါတယ် ဗျို့ :D