lørdag 12. april 2008

မေမေ့ အဖိုးတန်လေးများ

သြော်လေ မျက်စိထဲမှာ အမြင်မတော်တော့လည်း ကလေးတို့ခမျာမှာ အခါကြီးရက်ကြီး သင်္ကြန်ရက်ကြီး အတင်းတုတ် လိုက်ဦးမယ် .... ဘယ်နှယ့်လေ ဟောလိဝုဒ် က နံမည်ကြီး အမေ အဖေ ဆီမှာ လူဖြစ်တဲ့ကလေး ကံကောင်းလှချည်လား မှတ်နေ .. သူတို့ခမျာ မွေးပြီးရင် မပြောနဲ့ .. မမွေးခင်အမေ့ဗိုက်ထဲမှာထဲက ပထမဆုံး ကလေးဓါတ်ပုံရိုက်ချင်တဲ့ မဂ္ဂဇင်းနဲ့ ဘာလေးမွေးလဲလို့ အရင်သိဆုံးသိချင်တဲ့ သတင်းထောက်နဲ့ .. လူမဖြစ်ခင်ထဲက ဈေးကွက်ထဲ ရောက်နေရရှာတာဘဲ .. ဒီနေ့လည်း YahooPage ကို ဖွင့်ဖွင့်လိုက်ချင်းတွေ့လိုက်တဲ့ သတင်းတခု က " Most Expensive Celebrity Baby Pictures" တဲ့ Jeniffer Lopez ရဲ့ အမွှာလေး ကို ပထမဆုံး ပွဲထုတ်တဲ့ ဓါတ်ပုံအတွက် People မဂ္ဂဇင်း က ဒေါ်လာ ၆သန်းပေးပြီး ရိုက်ခဲ့ရတယ် ဆိုဘဲ .. ကြည့်ကြပါဦး အဖိုးတန်လေးတွေ


ဲJeniffer lopez ရဲ့ဒေါ်လာ၆သန်းတန် ၁ပတ်သားအမွှာလေး


ဒါကတော့ Angelina Jolie & Black Pig အဲ့မှားလို့ Brad Pitt ရဲ့၎.၁သန်းတန်လေး


ဝမ်းနဲ့လွယ်မွေးတာမဟုတ်တာတောင် ၂သန်းတန်တယ်တော့


Anne Nicole Smith ရဲ့ ၂သန်းတန်လေး ..


Christina Aguilera တို့များ ကလေးကိုအင်္ကျီတောင်မဝတ်ပေးဘဲနဲ့ ၁သန်းခွဲတောင်းသတဲ့ ဈေးကြီးလိုက်တာ


Gwen Stefani ကလဲအားကျမခံဘူးတဲ့

သြော် ဒါ့ကြောင့် ဟောလိဝုဒ်မင်းသားမင်းသမီးတွေ အပြိုင်အဆိုင် ကလေးတွေကိုယ်တိုင်မွေးလိုမွေး .. မွေးစာလို မွေးစား လက်စသတ်တော့ ဈေးကောင်းတာကို

2 kommentarer:

စိုးထက် - Soe Htet ! sa...

ဖေဖေ့ အတွက် မပါဘူးလားဗျ :)

ကလေးအတွေး sa...

ဟီး ပါတော့ပါမှာပေါ့ အဖေအတွက်လည်း :-) ကလေးလည်းသေချာသိဘူး