ဒီနေ့တော့ banner  အသစ်လေးလဲလိုက်တယ် .. ကလေးတို့မြို့ရဲ့အထင်ကရ bryggen ဆိုတဲ့နေရာလေးကိုအမှတ်တရအဖြစ် banner 
အသစ်လဲလိုက်တာ
ဒီ bryggen အိမ်တွေက UNESCO လက်အောက်မှာ ထိန်းသိမ်းထားတဲ့နှစ်ပေါင်းထောင်ချီက ဆောက်ထားတဲ့ သစ်သားအိမ်တွေပါ
မီးမကြာခဏလောင်တဲ့အတွက် ယဉ်ကျေးမှူ့အမွေအနှစ်တွေ မကြာခဏပျက်စီးခဲ့ရတယ်
ဒါတွေကတော့နောက်ဆုံး ထိန်းသိမ်းထားတာတွေပေါ့ ... အိမ်တွေက သစ်သားထုကြီးတွေ နဲ့ဆောက်ထားတာဆိုတော့
အဲ့ဒီ့အိမ်တွေကိုရောက်သွားရင် ရင်ထဲမှာ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေကိုရောက်သွားသလို ခံစားရပါတယ်
တကယ်တော့ ကလေးတို့ နေတဲ့မြို့လေးဟာ နော်ဝေမှာ ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်တဲ့မြို့ဖြစ်ပါတယ်
နွေရာသီဆို အရမ်းကိုသာယာတဲ့မြို့လေးပါ .. စိတ်ဝင်စားစရာ ပြတိုက်တွေ၊ လည်စရာ ပတ်စရာတွေ အလွန်များပြားလှပါတယ်
ဒါနဲ့စကားမစပ် တခါက နော်ဝေ အော်စလို မြို့အထိရောက်ခဲ့တဲ့ Scandinavia ကအသိအကို၁ယောက် ကလေးတို့မြို့ကို လှေစီးပြီးလာရမယ်လို့ဝိုင်းနောက်လိုက်ကြလို့ လမ်းတဝက်နေ သူနေရာ အရပ်ကိုလှည့်ပြန်ခဲ့ဘူးပါတယ်
အခု လှည့်ပြန်သွားလို့ ကလေးတို့မြို့လေးသာယာ ပုံကို မမြင်လိုက်ရတဲ့ ကလေးအကိုနဲ့ တခြားမောင်နှမတွေ ကြည့်လို့ရအောင်
ကလေးတို့မြို့ရဲ့သာယာတဲ့ ရှူ့ခင်းလေးတွေကိုတင်ပေးလိုက်ပါတယ် 
Abonner på:
Legg inn kommentarer (Atom)


 
 



2 kommentarer:
စီပုံးမတွေ့ လို့ ဒီမှာရေးခဲ့ပါတယ်။ ကလေးပေးတဲ့ ခရစ်အိန်ဂျယ်ရဲ့ လင့်ကို ကြည့်ပြီးသားပါ။ ကျနော့်ဆိုဒ်က ပျော်ရွှင်မှု့ ၊ ဗဟုသုတနဲ့  အစားသောက်ဘဲ ရေးပါတယ်။ ၀မ်းနဲစရာ အကြောင်းမရေးလို့ အဲဒီဗီဒီယိုကို တမင်မတင် ထားခြင်းဖြစ်ပါတယ်။ လင့်ပေးလို့ ကျေးဇူးပါ။ ခက်တာက သူ့ ဗီက လူ့ ကိုယ်၂ပိုင်းကို ဘယ်လိုပြန်ဆက်တယ် ဆိုတာ မပါတော့ အကြည့်ရဆိုးတယ်။ ကြည့်ရတဲ့သူတွေ အစားသောက်ပျက်မှာစိုးလို့ မတင် တာပါ။ သူ့မျက်လှည့်က ရိုးရိုးမျက်လှည့်မဟုတ်တော့ဘူး။ ဈာန်ရ နေမှတော့ ကျန်တာ အားလုံးပြောစရာ မရှိတော့ဘူး။ ဒီပို့ ရဲ့ ဓါတ်ပုံတွေက ရှုခင်းတွေ အတော်လှသလို ဓါတ်ပုံ ကလည်း ကြည်နေတာဘဲ။ အော်ဇီ ကလားမသိဘူး။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နောက်လဲ ကျနော်ဆိုဒ်ကို လာလည်ပါ။ ဖိတ်ပါတယ်။
ကဗြောင်ဖတ်ပြီး ခံစားချင်ရင်လာလည်နော်
Legg inn en kommentar