mandag 24. mars 2008

ခြောက်သွေ့နေတဲ့ ခရမ်းပြာ

အင်း ဒီဘလော့တွေ ဝက်ဆိုက်တွေကို မလုပ်ဘဲ ပစ်ထားတာ ၁နှစ်နီးပါးရှိတော့မယ် .. အခုလည်း သူများ ဘ လော့တွေ လိုက်လည်ပြီး စာတွေ လိုက်ဖတ်ရာကနေ စာရေးချင်စိတ်ပေါက်လာလို့ စာရေးယုံ သက်သက်ဘဲ ဆိုပြီး ဘလော့လုပ်လိုက်တာ .. ၁လ ၂လလောက်တော့နေနိုင်လိုက်ပါတယ် .. ဒါပေမယ့်လည်း ပိုးကရှိပြီးသား ဆိုတော့ ကြာကြာတော့မနေနိုင်ပါဘူး... ဘလောတို့ ဝက်ဆိုက်တို့ မြင်ရင်ကလိချင်တဲ့ စိတ်ကမပြောက်ဘူးလေ .. ဒါနဲ့ဘဲ ဘလော့လေးကို ဟိုကလိ ဒီကလိလုပ်ဖြစ်လိုက်တယ်။
ဘလော့တွေ စပြီး ခေတ်စားတော့ ၂၀၀၅ခုနှစ်ကုန် ပိုင်းလောက်ကပေါ့ ကလေးတို စသုံးတာ xanga အဲ့ဒီက နေ ပြီး ကလေးရဲ့ပထမဆုံး ဘလော့လေး လုပ်ဖြစ်ခဲ့တယ် .. အဲ့ဒီ့ ဘလော့တွေကတော့ အခုလောက် ဘာမှ အစုံ မပါဘူး.. မြန်မာလိုလည်း ရိုက်လို့ မရသေးဘူး..... အဲ့တော့ အင်္ဂလိပ်လိုဘဲ ရိုက်ရတာပေါ့.. အထဲမှာလည်း ဘာမှ အဆင်သင့်မပါဘူး .. ဒီလို နဲ့ဘဲ ဟိုကလစ် ဒီကလစ်နဲ့ နည်းနည်း နည်းနည်း စိတ်ဝင်စားစ ပြုလာခဲ့တယ်
အဲ့ဒီ့ ကနေပြီးတော့ ဘလော့ကနေ ဝက်ဆိုင်ပုံစံမျိုးလုပ်လို့ရတဲ့ freewebs.com ဆီရောက်လာခဲ့တယ် .. အဲ့ဒီမှာ အစပိုင်းကတော့ personal website လေးဘဲလုပ်လာတာပါ နောက်ပိုင်းတော့ ကိုယ်မှာရှိတဲ့ ဗွီစီဒီ လေးတွေကို တခြားသူငယ်ချင်းတွေနဲ့ share ချင်တာနဲ့ ဗွီဒီယိုလေးတွေ တင်တဲ့ဝက်ဆိုက်လေး စမ်းပြီး လုပ်ကြည့်တယ် (အရင်တုန်းက အခုလို့ youtube တို့google တို့ ရုပ်ရှင်ကြည့်လို့ရတဲ့ ဝက်ဆိုက်တွေက သိပ်ပြီး ခေတ်မစား သေးဘူးလေ) ဗွီစီဒီ အသစ်လေး တချပ်ရလာရင် အွန်လိုင်းကနေ ပို့ဖို့လဲ အခုလောက် yahoo, gtalk, skype တို့က Transferr များများလုပ်လို့မရသေးဘူး .. အဲ့လိုနဲ့ မတက်တတက်နဲ့ စလုပ်ဖြစ်သွားတဲ့ ဝက်ဆိုက်က ခရမ်းပြာအိမ်မက် တချို့လည်းသိချင်သိမှာပေါ့ ..ခရမ်းပြာက ရုပ်ရှင်တို့... သီချင်းတို့ တင်တယ်လေ .. စလုပ် တုန်းကဆို အစိမ်း သက်သက်(အခုလည်း ကျွမ်းကျင်အဆင့်မဟုတ်ပါဘူး) ..HTML လည်း ကောင်းကောင်း နားမလည်သေးဘူး ..
ကလေး ၁၀တန်းဖြေပြီးတုန်းက ကွန်ပြူတာ (window , Microsoft 2000) တက်ဖူးတယ်လေ .. ဟိုကလစ် ဒီကလစ် word လေး excel လေး, pagemaker , power point လေးပေါ့ ကလေး အထာလေးတွေပါ .. ပြီးတော့ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်းမှာပေါ့ တက္ကသိုလ်ရဲ့ အရသာကို ခံစားချင်တာရယ် အဲ့ဒီ့တုန်းက (IT) တွေ ကလည်း ခေတ်စားကာစ ဆိုတော့ ရန်ကုန်တက္ကသိုလ် physic deparment ကဖွင့်တဲ့ အိုင်တီသင်တန်း သွား တက်တယ်လေ .. အင်း တက္ကသိုလ်ကလည်း တက်ဖို့စောင့်နေတဲ့အချိန် .. ကိုယ်တက်ရမဲ့တက္ကသိုလ် ကလဲ ရန်ကုန်နဲ့ ၃၃ မိုင်အကွာ တောခေါင်ခေါင်မှာ ဆိုတော့ ကလေးတို့ခမျာမှာ ရသမျှ ရန်ကုန်တက္ကသိုလ် main ထဲက အရသာကို အရယူတာ .. အင်းယားကန်ဘောင် ... canteen နဲ့ .. အင်ယားပန်းခြံမှာ အချိန်ကုန်ရင်း အိုင်တီ ၃နှစ်ကိုကျော်ဖြတ်ခဲ့တာ .. C ဆိုလည်းကောင်းကောင်းနားမလည် .... hardware ,software , network သင်တော့လည်း ကျောင်းမှာက အိုင်တီသာ ဖွင့်တာ ကွန်ပြူတာ က အလုံး ၁၀၀တောင်မပြည့် (section ၁ခုကိုသာ ကျောင်းသား ၁၀၀လောက် နဲ့ section ၁၀ခုလောက်.. ယူတဲ့ fees ကလည်း လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်ထဲက သောင်းချီလို့ )..
computer တွေကလည်း နည်းနည်းများ ကြမ်းကြမ်းလေး ကိုင်လိုက်လို့ကတော့ ၁နာရီလောက် ရပ်သွားရော .. ရတဲ့ ကိုတာလေးက ၁ပတ်မှ ၃နာရီမပြည့် .. တက်လိုက်တာ မပြောပါနဲ့ .. IT certificate ကြီးတော့ရလာပါတယ် .. ဒီရောက်လို့ ကိုယ့်ကွန်ပြူတာနဲ့ ကိုယ်သုံးနိုင်မှဘဲ computer ဆိုတာဘာလဲ .. HTML Hardware, software, Internet ကောင်းကောင်းတက်တော့တယ် .. bangkok မှာ တက္ကသိုလ် တက်တုန်းကလဲ ဒီလိုပါဘဲ ..ကျောင်းမှာ internet တော့ တနေ့လုံးသုံးလို့ရပါတယ် ဒါပေမယ့် ကျောင်းကွန်ပြူ တာ ဆိုတော့ ကိုယ်စိတ်ကြိုက် ဘယ်ကလိလို့ရမလဲ ...ဒါပေမယ် online ပေါ်မှာ chatting တော့ကောင်းကောင်း တက်ခဲ့ပါတယ် ဟီးဟီး ...
ဒီလိုနဲ့ဘဲ ခရမ်းပြာလေးစလုပ်ဖြစ်ချိန်ကစပြီး HTML ကိုစိတ်ဝင်စားလာတယ် .. နေစဉ်နဲ့အမျှ ဝက်ဆိုက်လေး ကို ဘယ်လို ပိုကောင်းအောင်လုပ်မလဲ စဉ်းစားလိုက်.. ဟိုပြင်ဒီပြင်လုပ်လိုက်နဲ့ ခရမ်းပြာလေး ခုလို အခြေအနေ ရောက်လာတဲံ အထိပေါ့ ... ကလေးတို့က video တွေကို google မှာ host ပြီး site မှာ ပြန်တင်ရတာလေ ... တခါတလေ ဆို reject ထိရင် တညလုံ ပြန် Host ရတာ .. ကျောင်းတွေလည်း တခါတလေဆို ပျက် .. ကလေး တို့က ကိုယ်ပိုင် server နဲ့လုပ်တာမဟုတ်တော့ ရုပ်ရှင်တို့ သီချင်းတို့လောက်ဖိုင်တွေကို site မှာ host ရင် bandwidth ဖိုးနဲ့ မွဲမှာပေါ့ .. ပြီးတော့ ကလေးတို့ ကပျော်တမ်း ဖျော်ဖြေးရေး site လေးကို ကိုယ့်မုန့်ဖိုးနဲ့ကိုယ် လုပ်တာ ဆိုတော့ အများကြီးလည်း မတက်နိုင်ဘူးလေ... ဝါသနာပါလွန်းလို့ movie တွေ VCD တွေကို US ကနေ ကိုယ်မုန့်ဖိုးနဲ့ကိုယ်မှာပြီးပြရတာ ..
အခုတော့ ကလေးနဲ့ အရင်တူတူတွဲလုပ်တဲ့ သူငယ်ချင်းကလည်း သူ့ဟာသူ သူ့site ကလေးလုပ် .. ကလေးက လဲ အရင်လိုကျောင်း၁ခုတည်း မဟုတ်တော့ site ကလေးကို ရုပ်ရှင်အသစ် မတင်နိုင်တာတောင် ကြာပြီ .. ပြီးတော့ ကလေးရဲ့ laptop က movie host တဲ့ အခါကြရင် desktop လောက်သုံးလို့ မကောင်းတာ လည်းပါ တယ် .. သုံး လို့ကောင်းတဲ့desktop တလုံးကလဲ ပျက်သွားတော့ .. အသစ်ဝယ်ဖို့စောင့်နေရင်းနဲ့ site ကလေးလည်း ဒီအတိုင်းဖြစ်နေတာ .. ဒီအတိုင်းတော့ ပြစ်မထားပါဘူး... ဒီ site လေးကို အမြန်ဆုံး အရင်လို ပြန်ဖြစ်အောင်လုပ်မှာပါ... တနေ့ပေါ့ .. အလုပ်နဲ့ကျောင်း အတွက် အချိန်ကောင်းကောင်း ပေးပြီးရင် ခရမ်းပြာ အလှည့်ပေါ့ သိပ်မဝေးတော့ဘူး လို့ဘဲထင်ပါတယ်

3 kommentarer:

စိုးထက် - Soe Htet ! sa...

ရောက်ဖူးတယ် အကြိမ် တော်တော် များများ ... ကောင်းတယ် ဗျ ဆက်လုပ်ပါ တော်တော် လုပ်နိုင်တာပဲ :D

ထွန်း sa...

သူ့ ဆီပုံးကလည်း ဆီစက် ၂၅၀စက်ထက် ပိုရင် ၈ျက်ခံ၇တယ်။ ဘယ်လိုဆီပုံးလဲ မသိဘူး။ မုန့် စားရမလားလို့ လာတာ ဟွန်း။
ပြန်မလာနိုင်သေးဘူး။ အခုမှ ကျောင်းတက်မလို့ ကျောက်သင်ပုန်းဝယ်ခါစရှိသေးတယ်။ မကြာမကြာ မုန့် လာစားမယ် အဲ လေ စာလာဖတ်မယ်။ ..
(ညီမ စီပုံးကို ပြန်ကြည့်ပါအုန်း စာလုံး၂၅၀ထက်ပိုရင် စာအားလုံးဖျက်ပြီး စီပုံးထဲ မပေါ်ဘူး အဆန်းဘဲ)

ထွန်း sa...

ဗွမ်း. ဗွမ်း. ဗွမ်း. ရေတပုံး အပြည့်နဲ့  လောင်းလိုက်သည်