lørdag 8. mars 2008

အမှောင်ထဲက အမျိုးသမီးများနေ့

ဒီနေ့ မတ်လ ၈ရက်နေ့ဟာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပါ...
Wonen's right day လို့လည်းခေါ်ကြပါတယ် ။ ပထမဆုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အမေရိကန် ဆိုရှယ်လစ်ပါတီ ကနေ ၂၈ရက် ဖေဖော်ဝါရီလ ၁၉၀၉ခုနှစ်မှာ မေရိကန်ပြည်ထောင်စုမှာ စတင်ကြေညာခဲ့တာလို့ဖတ်ရပါတယ်။
လက်ရှိခေတ်မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ပုံစံအမျိုးမျိုးနဲ့ကျင်းပနေကြပါပြီ
တချို့နိုင်ငံတွေမှာ officially ကျင်းပကြသလို .. တချို့နိုင်ငံတွေမှာ တော့ အမျိုးသားတွေက ကိုယ်နဲ့ခင်မင်တဲ့ သူငယ်ချင်း၊ ဇနီး အစရှိတဲ့ အမျိုးသမီးတွေကို လက်ဆောင်တို့ပန်းတို့ပေးကြပါတယ်...
အသိတရုပ်အမျိုးသမီးပြောပြတာကတော့ .. သူတို့နိုင်ငံလို အမျိုးသမီးတွေကိုဖိနှိပ်ထားတဲ့နိုင်ငံမှာတောင် အဲ့ဒီ့နေကျရင် အမျိုးသမီးတွေဟာ အပြင်ထွက်လည်ကြပတ်ကြ ပျော်ပွဲရွှင်ပွဲ ပါတီတွေလုပ်ကြပြီ.. သူတို့ လုပ်ချင်တာတွေကိုလုပ်ခွင့်ရတယ်လို့သိရပါတယ်.. အဲ့ဒီ့နေ့၁နေ့တော့ သူတို့အမျိုးသားတွေက အိမ်မှာ နေပြီး ကလေးထိန်း ထမင်းချက်ကြတယ်တဲ့....
တကယ်တော့ ဒီနေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးများရဲ့နိုင်ငံရေး၊ လူမှူ့ရေး၊ စီပွားရေး ကြိုးစား အားထုပ်မှူ့တွေအတွက် ကမ္ဘာတစ်ဝှန်းလုံးကနေ အထင်ကရ ကျင်းပကြတဲ့ အထူးနေ့တနေ့ပါ...
မြန်မာနိုင်ငံမှာရော ဘယ်လိုပုံစံမျိုးနဲ့ကျင်းပကြပါသလဲ?????????????????????????????????
မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ အခွင့်အရေး နဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ အခွင့်အရေးအတွက် ကြိုးစား အလုပ်လုပ် နေကြတဲ့ မြန်မာအမျိုးသမီးတွေအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဘယ်တော့မှများ မြန်မာပြည်မှာ ကျင်းပနိုင်ပါ့မလဲလေ။

Ingen kommentarer: