onsdag 5. mars 2008

ကမ္ဘာကြီးအား ငါးကြင်းစီနှင့် ငါးကြင်းကြော်ခြင်း

အင်း ဒီရက်ပိုင်း ဥရောပမှာ ရာသီဥတု ဆိုးရွားနေပုံကတော့ပြောမနေပါနဲ့တော့
ဟိုနေကလည်း ဂျာမနီက ဟမ်းဘက်မှာ ဘယ်လောက်များ လေတိုက်လဲဆို လေယာဉ်က ကွင်းဆင်းဖို့ပြေးလမ်းပေါ်ရောက်ပြီးမှ လေတိုက်လွန်းလို့ ဟိုယိမ်းဒီယိမ်းနဲ့ မဆင်းနိုင်လို့ နောက်တခေါက်လောက် ထပ်ပတ်ပြီး လေငြိမ်မှ ပြန်ဆင်းရတယ် ...

ဒီနေ့လည်းကလေးတို့ဆီမှာ ဆောင်းကုန်လို့ နွေဦးဝင်မှဘဲ မနေ့က နှင်းကဖြူးသလိုနဲနဲကျတယ်လေ ..
ဒါနဲ့ကလေးလည်း ဒီနေ့အလုပ်မသွားခင် weather report ကြည့်တော့ ဒီနေ့ကမိုးရွာမယ် ပြီးတော့ပုံထဲမှာ အစက်အစက်ကလေးတွေနဲ့ဆိုတော့ မိုးသီးပါပါမယ်ပေါ့ ..ကိုယ့်ဟာကိုတောက်တဲ့လုပ်ပြီးတွက်သွားတာလေ ...

ဒီလိုနဲ့ဘဲ မိုးရွာမယ်ဆိုတော့raincote လေးနဲ့ပဲ ထီးတောင်မယူဘူး ... ဒီနေ့အလုပ်က အပြင်ထွက်စရာ မရှိဘူးဆိုတော့ ..ပြန်လို့မိုးသည်းရင် ကားစီးပြန်မယ်ပေါ့ .. ဒါနဲ့အလုပ်သွားတဲ့မနက်ပိုင်းတုန်းကတော့ ရာသီဥတုကအကောင်း .. မွန်းတည့်လောက်ကြတော့ မိုးရွာရော .. ကလေး office window က slide လေးက လိုမျိုးလေးဆိုတော့ မိုးရေတွေဖုန်းနေလို့ အပြင်ကို မမြင်ရဘူးထင်နေတာ .. ခဏနေလို့ သူငယ်ချင်း ကအပြင်ကပြန်လာလို့ပြောမှ အပြင်မှာsnow ကျနေတာတဲ့ .. သြော် မနေ့ကလိုဘဲ ဖြူးရုံလေးနေမှာပေါ့ဆိုပြီး အေးရာအေးကြောင်းနေလိုက်တယ်....

အလုပ်ဆင်းအိမ်ပြန်ဖို့ ရုံးပြင်ကိုထွက်လိုက်မှဘဲ ကျထားတဲ့ snowက ခြေကျင်းဝတ်လောက်မြုပ်နေပြီ ... သေပြီ စီးလာတာ ရိုးရိုးဖိနပ် .. ရိုးတာမှ allstar..ဒီပြင့်ဖိနပ်ဆို နဲ့နဲ့သက်သာဦးမယ် .. allstar က ထဲမှာလျှောက်ရင် ၅မိနစ် ၁၀မိနစ်ဆို snowက ဖိနပ်ထဲဝင် ပြီ.. ဖိနပ်ကဂျင်းသားပါးပါးလေး ..

သြော်ဘယ်တက်နိုင်မလဲ .. ရုံးမှာလဲ မအိပ်ရဲ သရဲကြောက်တယ် .. ဒါနဲ့ဘဲ ကားဂိတ်ကို ပြေးမယ်ပေါ့ ဆိုပြီး အပြင်ထွက် ...snow တခုထဲဘယ်ကမလဲ ... လေကလည်းမျက်နှာလာရာကိုတိုက်တော့ snowကမျက်နှာကိုလာစင်တာ မှမျက်နှာ ကိုဖြတ်ရိုက်ခံနေရ သလိုဘဲ ... ပြီးတော့ ကိုယ့်ရှေ့ ကလူတွေနှင်းသွားလို့snowတွေက ပြားကာစ .. ချော်ကျိချော်ကျိ .. ကလေးတို့ဘယ်လောက်များ ကံမကောင်းလဲ .. busနား ရောက်ခါနီးတော့ မိုးကရွာစပြုလိုက်တော့ ဆိုပါဆိုပြီ... ဒီလိုနဲ့ဘဲအရင်ဆုံးတွေ့တဲ့ကားကို ကောက်တက် လိုက်တယ်....

ကားပေါ်တော့ရောက်ပြီ .. ကလေးတို့မြို့ က ဆောင်းတွင်းတတွင်းမှ snow က ၄ခါ ၅ခါလောက်ဘဲကျတာ သိပ်လည်းများများ မကျဘူး .. ကျရင်လည်း ညဘက် ဆိုတော့ .. ရုံးဆင်းရုံးတက်ချိန်တွေမှာ ဒီနေ့လောက်ဒုက္ခမရောက်ဖူးဘူး ... ပြီးတော့ ဒီနိုင်ငံက တောင် နဲ့ ရေလက်ကြားဘဲ ရှိတာကို အဲ့တော့ ၁နာရီခရီးကို ၁၀မိနစ်နဲ့ရောက်အောင် တွင်းတွေတူး ဟီးဟီး tunnel တွေဖောက် .. တံတားတွေဆောက်... အဲ့တော့ ကလေးအိမ်ကို မြို့ထဲကနေပြန်ရင် ..tunnel ထဲဝင် ပြန်ထွက် bridgeတခုဖြတ် ပြီးရင်အိမ်ရောက်ပြီ .. ဒီနေ့လို နှင်းနဲ့မိုးနဲ့လည်းရောရော .. tunnel တွေရာ bridge တွေမှာပါ trafficတွေကပြည့်လို့ .. တော်သေးတာပေါ့ ကလေးပြန်လာတဲ့အချိန်က သိပ်မများသေးလို့ ... ခုဏကဘဲ သတင်းဖတ်ကြည့်တာ .. bus တွေ tunnel ထဲမှာ ၁နာရီကျော်လောက်ပိတ်မိနေလို့တဲ့ .. သေပြီ tunnel ထဲမှာ ၁နာရီကျော်သာနေလို့ ကတော့ ကလေးမနက်ဖြန် အလုပ်သွားဖို့ထနိုင်တော့မှာကို မဟုတ်ဘူး ...

ကားပေါ်ကလဲ ဆင်းရော ၅မိနစ်လောက်အတွင်းမှာ မိုးကကောင်းကောင်းလေးရွာပြီးပြီ ကလေးကမသိဘဲ .. အားရ ပါးရ snow ဆိုပြီးနင်းချလိုက်တာ .. snowတွေက မိုးရွာချထားတာဆိုတော့ အထဲမှာရေတွေ .. အင်း ကအိမ် က ၂မိနစ်လောက်ဘဲလျှောက် ရလို့ပေါ့ .. ပြောမနေဘာနဲ့တော့ ဒီနေ့ကတော့ ဒီမှာနေဘူးတဲ့ ၃နှစ်
အတွင်းမှာကြုံဖူးသမျှ အဆိုးဆုံးဘဲ ... ကလေးအိမ်ပြန်ရောက်ပြီး ၁နာရီလောက်ကြာထဲက ရွာတဲ့မိုးက အခုတော့ snowကို ဆေးချလိုက် သလိုဖြစ်သွားပြီ ... ဒီတခေါက် ကနဲနဲထူတော့ .. အကုန်တော့မပြောင်ဘူး .. မနက်အလုပ် သွားရင် တစိစိနဲ့ ရေခဲဗွက်တွေနဲ့တိုးဦးမယ် စိတ်ညစ်ပါတယ် ..

ကလေးတို့မြို့လို snowနဲတဲ့မြို့အတွက်ကတော့ snowကျတာဟာချစ်စရာလေးပါ... အစောပိုင်း ကျနေတုန်းကဆို မူကြို က ကလေးတွေ .. လူငယ်တွေ အပြင်မှာ နှင်းလျှောစီးလို့ ... မိုးလည်းရွာရော ပွဲကပျက်ပါလေရော .. သြော် ကမ္ဘာကြီး ကိုလူတွေက တိုးတက်အောင်ဖန်းတီးတာ ဖန်တီးတာဘဲ .. ဒါပေမယ့် အခုလို pollution တွေကြောင့် သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးပြီး ရာသီဥတုတွေ ဖောက်ပြန် ... အဲတော့ သဘာဝဘေးအန္တာရယ်တွေကျ ရောက် ...

သြော် နောက်ဆုံးတော့လည်း ငါးကြင်းဆီနဲ့ငါးကြင်းပြန် အကြော်ခံနေရ သလိုပါဘဲလေ...

2 kommentarer:

pandora sa...

ဒါလေးတွေက ကလေးလေးတစ်ယောက်ရဲ့ အတွေးဘယ်ဟုတ်မလဲ

အခုမှ အတိုးချပြီး ကလေးစာတွေ လာဖတ်နေတယ်

ကလေးအတွေး sa...

လာလည်တာကျေးဇူးပါ မမ