အင်း မနက်ဖြန်ဆို ဒီမှာခရစ္စမတ် ... ဈေးဝယ်တဲ့လူကဝယ် ... မိဘတွေအိမ်ကို ခရစ္စမတ် ညစာစားဖို့ ပြန်တဲ့သူပြန်ပေါ့ .. အလုပ်တွေရုပ်လို့..... သြော် ဘာလိုလိုနဲ့ နှစ်၁နှစ်ကုန်လို့ အသက်လည်း၁နှစ်ကြီးတော့မယ်....
၃၀ရက် ၊၁၂လ ၊၂၀၀၇ခုနှစ်
ဒီနိုင်ငံ၏ ခရစ္စမတ်နေ့မှာ ၂၄ရက်ဒီဇင်ဘာဖြစ်ပါသည်....
မိသားစု ညနေစာကို ညနေ၅နာရီခွဲ ၆နာရီပတ်ဝန်းကျင်လောက်မှာစကြပါတယ်
ညနေစာကတော့ သိုးသား (ကျက်တိုက်ထားတာ--- ကျက်တိုက်ထားတာဆိုတော့ ဗမာပြည်ကငါးခြောက်နဲ့နည်းနည်းတော့ဆင်တယ်) - အားလူးပြုတ် - ဂေါ်ဖီကိုပြုတ်ပြီးခြေထားတဲ့ဟာ
အဲ့ဒါကို မုန်လာဥအနီကို အချဉ်ဖောက်ထားတဲ့ ဟာနဲ့စားကြတယ်
မြင်ဘူးအောင် ဒီမှာတင်ပေးလိုက်တယ်နော်


ခနနေပြီးတော့ ရေခဲမုန့်စားကြတယ်.. ရေခဲမုန့်ကို နွေရာသီထဲက ခူးထားကြတဲ့ blueberry လေးတွေကို အပေါ်ကနေစမ်းပြီးစားကြတယ်
ကော်ဖီသောက်ကြတယ်......
ညစာလည်းစားပြီးရော လက်ဆောင်တွေဖောက်ကြတယ်.... လက်ဆောင်တွေ အားလုံးကို ခရစ္စမတ်သစ်ပင်အောက်မှာ စုပုံထားတယ် .. အဲ့ဒီ့လက်ဆောင်တွေကို အငယ်ဆုံး မိသားစုဝင် ကဝေပေးလေ့ရှိတယ်.... အမျိုးတွေအားလုံးက လာနိုင်တဲ့လူရော မလာနိုင်တဲ့လူက ကြိုပို့ထားတဲ့လက်ဆောင်တွေ၊ တယောက်နဲ့တယောက်လက်ဆောင်ပေးကြတာ .. အိမ်မှာရှိတဲ့ခွေးတွေဖို့ရော .. ကြောင်တွေဖို့ရော .. ပြီးတော့ လက်ဆောင်တွေဖောက်ကြ .. သူငါဘာရတယ် ငါဘာရတယ်ဆိုပြီး ကြည့်ကြနဲ့ သန်းခေါင်ကျော်ပါရောလေ...ဒါကတော့ကိုယ်တိုင်အတွေ့အကြုံခရစ္စမတ်လေးပါ .. နောက်တပတ်တော့ .. New Year အကြောင်းဆက်ပြောတာပေါ့
1 kommentar:
ggfဟေ့ ကလေး
များများရေးလေ.. လာလာဖတ်ပေးနေမယ်..
စိတ်ဝင်စားစရာလေးတွေ ရေးအုံးနော်..
ကဒေါင်းညင်သာ
Legg inn en kommentar