mandag 31. desember 2007

နှစ်သစ်ဆုတောင်း ကဗျာများ ဆီသို့

သူငယ်ချင်း၊ ခင်မင်ရင်းနှီးသူတွေဆီက ပေးပို့လာတဲ့ နှစ်သစ်ကူးဆုတောင်း ကဗျာလေးတွေကိုဝေမျှလိုက်ပါတယ်




ဘဝကိုသီကုံးဖွဲ့ဆိုခြင်း

- ဘဝကိုကြိုးညှိပြီး
တီးကြည့်တယ်
ဘာသံမှထွက်မလာဘူး။

- ဘဝကိုရေထိုးပြီး
ချိန်ကြည့်တယ်
၁ကျပ်သားတောင် တိုးမလာဘူး။

- ဘဝကို
လေလံပြစ်ကြည့်တယ်
ဘယ်သူမှ ဈေးမခေါ်ဘူး။

- ဘဝကို
-----------
------

- ဘဝကို
------------
------

- ဘဝကို
------------
------

- ဒါပေမယ့်
ဘယ်ညမှ
ထိတွေ့ မက်ခွင့်မရသေးတဲ့
အသစ်စက်စက်
အိမ်မက်တစုံက
ဒီဘဝမှာ ရှိနေပြန်တော့
အနာဂတ်ညနဲ့ ဘဝ
တနေ့ကျ
မျက်နှာချင်းဆိုင်
ကြုံရဦးမှာပေါ့ ။ ။

ညီညီထွေး
(၂၈၊ ၁၂၊ ၂၀၀၇)

3 kommentarer:

Anonym sa...

မင်္ဂလာနှစ်သစ်ပါ ညီမလေးရေ.... ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ.... :)

pandora sa...

မင်္ဂလာနှစ်သစ်မှာ ကလေးတို့ မိသားစု အားလုံး ချစ်ခင်သူများနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

အလုပ်များနေတဲ့ ကာလတွေမှာ ဘလော့ဂ်ကို လာလာလည်တာ ကျေးဇူးအထူးတင်ပါတယ် နော်။

pandora sa...

ရပ်မထားနဲ့လေ
ဆက်ရေးလေ