søndag 14. desember 2008

ဒီနေ့တော့ အကြောင်းတိုက်ဆိုင်သွားလို့ အမှတ်တမဲ့ ခေါင်းထဲပြန်ရောက်လာတဲ့ဖြစ်ရပ်လေးအကြောင်းချရေးမလို့ပါ

မနေ့ကပေါ့ သူငယ်ချင်းကခရစ္စမတ်အတွက် ချောကလတ်လေးတွေလုပ်ပြီးပေးထားတာ... စားလို့ကောင်းလွန်းလို့ ထပ်စားချင်တာနဲ့
မြို့ထဲက ချောကလတ်စစ်စစ်ချည်းဘဲ ရောင်းတဲ့ဆိုင်မှာရှိလောက်တယ်ဆိုပြီးသွားဝယ်တာ ... ဆိုင်ရှေ့ရောက်လို့ အနွေးထည်အိပ်ထဲ လက်နှိုက်လိုက်တော့မှ အိမ်မှာပိုက်ဆံအိပ်မေ့ကျန်ခဲ့မှန်းသိတော့တယ် ...
ဒါနဲ့မြို့ထဲရောက်ပြီးမှတော့ အပျင်းပြေ လျောက်ကြည့်မယ် ဆိုပြီး လျှောက်သွားလိုက်တာ ဆိုင်တစ်ဆိုင်ရောက်သွားတယ်.. အဲ့ဒီ့ဆိုင်မှာက အင်္ဂလိပ်ရုပ်ရှင်ကားတွေထဲက ဥပမာ - Star War တို့ Harry Potter တို့ ရုပ်ရှင်တွေထဲက character တွေသုံးတဲ့အသုံးအဆောင်တွေ အရုပ်တွေ...အစုံဘဲရောင်းတဲ့ဆိုင်မျိုး.... အဲ့ဒီ့ဆိုင်မှာ ကလေးအကြိုက်တွေ က ဂျပန်ဓါးတို့၊တရုပ်ဓါးတို့..အဲ့ဒါတွေကတော့ show case ထဲမှာထည့်ထားတာပေါ့ .. အဲ အပြင်မှာ ဒီအတိုင်းထောင်ထားတာ က ဗမာလိုခေါ်ရင် ငှက်ကြီးတောင်လားမသိဘူး အသွားတဖက်ဘဲပါတဲ... ဓါးရိုးနဲ့ဓါးအရှည်ကြီး အဲ့ဒါပေမယ့် သူက သစ်သားနဲ့လုပ်ထားတာ ... ဓါးသိုင်းလေ့ကျင့်တဲ့လူတို့..ဆော့တဲ့လူတို့အတွက် မထိမခိုက်အောင်လုပ်ထားတာတဲ့... အဲ့ဒီ့ဓါးကြီးကို ကိုင်ကြိုက်လိုက်ချိန်မှာဘဲ ခေါင်းထဲကို လွန်ခဲ့တဲ့ ၆နှစ်ကျော် ၇နှစ်လောက်တုန်းက ကလေးတို့သူငယ်ချင်းတွေ မြင်ခဲ့ကြတဲ့ အဖြစ်လေး တခုကိုသွား သတိရမိတယ်။ အဲ့ဒီ့တုန်းက ကလေးတို့ ရန်ကုန်တက္ကသိုလ် Main ထဲမှာ IT တက်နေတဲ့အချိန် ... သူငယ်ချင်းအိမ်က အသွားရော အပြန်ပါလိုက်ပို့ လိုက်ကြိုလုပ်ပေးတာနဲ့ ကလေးတို့ သူငယ်ချင်း၅ယောက် ကျောင်းကပြန်ရင် အိမ်တန်းပြန်လေ့ မရှိဘဲ သူငယ်ချင်းအိမ်မှာဘဲ အချိန်ဖြုန်းလေ့ရှိတယ် ... တနေ့တော့ ကလေးတို့ သူငယ်ချင်းတွေ ပဲပြားသုတ်စားနေကြတုန်း ကလေး သူငယ်ချင်းအိမ်ရဲ့ မျက်စောင်းထိုးအိမ်က ညီအကိုတွေ ရန်ဖြစ်ကြတယ်... ပထမတော့ တယောက်တခွန်းပေါ့ နောက်ပိုင်းလက်တွေဘာတွေပါလာကြလားတော့ မသိဘူး ..နောက်ဆုံးမှာ အကိုဖြစ်သူကို ညီဖြစ်သူကို ခုနပြောတဲ့
ငှက်ကြီးတောင် ဓါးနဲ့လိုက်ပါလေရော... ညီလုပ်တဲ့လူကပြေး အကိုလုပ်တဲ့လူကလိုက် ဓါးကြီးနဲ့ဆိုတော့ ဘယ်သူမှလည်း သူရဲကောင်း လုပ်ပြီးဝင်မဆွဲရဲ .. ဒီလိုနဲ့ရပ်ကွက်ထဲမှာ အုပ်အော်သောင်းနင်းပေါ့... ကလေးတို့တွေလည်း စပ်စပ်စုစု ကြည့်ကြတာပေါ့... ဒါပေမယ့် အပြင်တော့မထွက်ရဲဘူး ခြံထဲကနေကြည့်နေကြတာပေါ့။ ဒီလိုနဲ့ တနေရာအရောက်မှာ ညီလုပ်သူက ဘိုင်းကနဲ့ဆို ချော်လဲသွားတယ် .. အဲ့ဒီအချိန်မှာ အကိုလုပ်သူက ဓါးကြီးကိုအားရပါးရမြှောက်လိုက်တော့ အားလုံးက ဝိုင်းပြီး ဟဲ့မလုပ်ကြပါနဲ့ပေါ့ ကလေးတို့ သူငယ်ချင်းတအုပ်ကလည်း ငယ်သံပါအောင် အားရပါးရအော်ကြတာပေါ့ .... အဲ့ဒီ့အချိန်မှာ အကိုလုပ်သူက ခုနက ငှက်ကြီးတောင်ဓါးပြားကြီးနဲ့ ညီလုပ်သူကို ဖြန်းဖြန်းဆို ရိုက်ပါလေရော .. ဝိုင်းကြည့်နေကြတဲ့ ပရိတ်သတ်မှာ ရယ်ရအခက် ငိုရအခက် ... ကလေးတို့ တအုပ်ကတော့အိမ်ထဲပြေးဝင် တံခါးကိုပိတ်ပြီး ရယ်ကြတာ ဗိုက်တွေတောင်နာရပါတယ်.. ကလေးအတွက်တော့ ငှက်ကြီးတောင် ရာဇဝင်ပေါ့နော်

1 kommentar:

pandora sa...

အသစ်မရေးသေးဘူးလား ကလေးရေ