ကလေးကို ဘလော့လောက ကနေ၀ိုင်းပြီး အားရ၀မ်းသာကြိုဆိုကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်.....
ဒီနေု့ကတော့သိတဲ့အတိုင်း sunday ဆိုတော့ဇိမ်ဘဲလေ... တ၀ကိုအိပ်ပြစ်လိုက်တယ်..weekday တွေဆိုဒီလိုအိပ်လို့မှမရတာ.....ဘ၀က မနက် ၇ နာရီထဲက run နေရပြီ
ကလေးကအစားထက်အအိပ်ကိုပိုမက်တယ်..
ဒီနေ့နှင်းကျတယ်ဒီမှာ ... နှင်းကတော့သိပ်မများပါဘူးပါးပါးလေးပါ။ မေမေကတော့မျှော်နေတော့မှာဘဲ..ဖေဖေ့ကိုလည်းဒီနေ့အိမ်လာမယ်လို့ပြောထားပြီးသား.....
ဒါပေမယ့်လေမိုးရွာတာတို့ နှင်းကျတာတို့ဆိုရင် ဖေဖေ၊မေမေ တို့အိမ်သွားရတာအရမ်းစိုးတယ်.... ကားစီရအောင်လည်းမဝေးဘူး .. လမ်းလျှောက်ပြန်တော့လည်းတံတား၁ခုကိုဖြတ်ပြီးလျှောက်ရတယ်လေ...
ဒီတံတားပေါ့ကလေးမုန
မနက်ဖြန်အလုပ်ကပြန်မှဘဲဝင်တော့မယ်....
စာမေးပွဲကလဲတနေ့ထက်တနေ့ပိုပိုနီးလာပြီဆိုတော့စာကလည်းကျက်ရဦးမယ် သြော်လူဖြစ်ရတာလည်းတော်တော်တာဝန်တွေများသားနော် ....
4 kommentarer:
သြော် ကလေးလဲ အလုပ်တစ်ဘက် စာမေးပွဲတဘက်နဲ့ ။
အိုင်အီးက ကြည့်ရင် ဖောင့်တွေက လေးထောင့်ကွက်တွေပဲ မြင်ရတယ်။ စာမေးပွဲပြီးရင် တန်းပလိတ်ကို ဇော်ဂျီဖောင့် သေချာပြန်သွင်းလိုက်ဦးနော်။
with best wishes
ဟေး..ကလေးရေ…တချို့ ကဗျာတွေက ရေထဲက ငါးတွေနဲ့ တူတယ်ကွဲ့။ သူတို့ကို နားလည်ဖို့ ရေကူးတတ်ရမယ်နော်။ ဒါမှ လူနဲ့ လူ့ပတ်ဝန်းကျင် အပြန်အလှန် နားလည်မှု ရှိမှာပေါ့။ ဒါကတော့ တာဝန်တော့ မဟုတ်ပါဘူးကွယ်။ ၀တ္တရားတွေပါ။
အင်း ဦးမေတ္တာပြောတာမှန်တယ်.... ကလေးကလည်းရေမှမကူးတက်တာ..ဒါကြောင့်နားမလည်သေးတာနဲ့တူတယ်..ဒါပေမယ့် ဒီဆောင်းကုန်ရင်တော့ရေကူးသင်ဖို့စီစဉ်ထားပါတယ်...အဲ့ဒီအခါကျရင်တော့ ကဗျာတွေကိုရော..ငါးတွေကိုပါနားလည်လာလိမ့်မယ်လို့ထင်ပါတယ်..
ကျေးဇူးနော် ရေးကူချင်စိတ်ပေါက်အောင်အကြံပေးလို့ :-)
Legg inn en kommentar