၁၀တန်းအောင်စရင်းထွက်တော့ အနဲ့ဆုံးဂုဏ်ထူးလေးတစ်ခုလောက်တော့ ပါမယ်တွက်ထားတဲ့ထဲက ၁လုံးမှ ပါမလာ.... ဒေါသတွေထွက်..အောင်စရင်းသွားကြည့်ပေးတဲ့လူကိုတောင်ရန်တွေ့လိုက်သေးတယ်... အိမ်မှာဆက်နေရင် အိမ်နီးနားချင်းတွေက လမ်းမှာတွေ့ရင် အောင်လား။ ဂုဏ်ထူးဘယ်နှခုပါလဲမေးရင် ၁လုံးမှ မပါဘူးဆိုတာကြီးကို ဖြေရမှာ စက်ဆုတ်လွန်းလို့ လှည်းတန်းက သူငယ်ချင်းအိမ်မှာ ၂ ည ၃ည သွားနေလိုက်တယ် .. အမှတ်စာရင်းထွက်တော့ ၃၂၂ မှတ် (အမှတ်ပေါင်း ၅၀၀မှာ) ...မြန်မာစာက ၇၂ အဲ့ဒီ့အမှတ်က ဂုဏ်ထူးတင်ပြီးမှပြန်ကျလာတဲ့အမှတ်မျိုး.. သချာင်္မှာကျတော့လာပြီး ၇၅မှတ်တဲ့ အဲ့ဒီ့၇၅ လေး တခြားဘာသာနဲ့နေရာလဲလိုက်ပါလား..ဒါဆိုတော်သေး။
ဒီ ၃၂၂နဲ့တော့ ငါတက်ချင်တဲ့အင်ဂျီနီယာလိုင်းနဲ့တော့ဝေးပြီ.. ဘာစိတ်ကူးမှမရှိတော့ဘူး... Ecoတက်ဖိုလည်းစိတ်မဝင်စား ... ဒီလိုနေရင်းနဲ့တက္ကသိုလ်လျှောက်ဖို့formတွေကျတော့ ..နည်းပညာတက္ကသိုလ်မရှိတော့ဘူး.. ကောလိပ်တဲ့အသစ်... အနည်းဆုံး ၂၉၀ ရရင်တက်လို့ရမယ်တဲ့.. ဒါနဲ့ သူငယ်ချင်း ၅ယောက်ထဲက ၃ယောက်လျှောက်လိုက်တယ် .. ကျောင်းတွေကျတော့ ၁ယောက်က သန်လျင် GTC (နည်းပညာကောလိပ်). ကိုယ်က မှော်ဘီ.. အမှတ်၂၉၀ အနည်းဆုံးဆိုပေမယ် သန်လျင်၊ မှော်ဘီက အနည်းဆုံး ၃၁၀ ကျော်မှ.... ၃၁၀အောက်တွေကိုယ မအူပင်၊ဖျာပုံတွေပို့တယ်။ မိန်းကလေးဆိုရင် အနည်းဆုံး မအူပင်ကို ၃၀၉ မှတ်နဲ့ဖြတ်လိုက်လို့ ၃၀၇မှတ်နဲ့လျောက်တဲ့ သူငယ်ချင်းကတော့ GTC မရရှာဘဲ ဒုတိယ ဦးစားပေး E-major ရောက်သွားတယ် ...
ကျောင်းလာအပ်ပါလို့ရောက်လာတဲ့ ခေါ်စာက ညိုကြမ်းကြမ်းစာရွက်၁ရွက်... နည်းပညာကောလိပ် မှော်ဘီတဲ့.. ဘယ်နားမှာမှန်း၊ ဘယ်လိုသွားရမှန်းမသိ။ ကိုယ့်ကျောင်းက ၁ယောက်မှ မှော်ဘီမှာ မကျကြ.. လျောက်သမျှအားလုံးသန်လျင်မှာ ..ငါ၁ယောက်မှ ဘယ်လိုလုပ်ပြီးမှော်ဘီရောက်သွားမှန်းမသိ.. ဒီလိုနဲ့ အိမ်နားက အသိရဲ့သမီးကမှော်ဘီမှာနေတော့ ပါရမီက မှော်ဘီ GTC ဆိုတဲ့ကားကိုစီးသွားတဲ့ ..ဒါနဲ့စီးသွားလိုက်တာ .. ၂နာရီနီးပါးလောက်ကြာတယ် ..ကျောင်းက မှော်ဘီမြို့ကို ၈မိုင်ကျော်သွားတယ် ... ရန်ကုန်ကနေဆိုအားလုံးပေါင်း ၃၃မိုင်ပေါ့...ကျောင်းကကောလိပ်လို့သာ ကင်ပွန်းတပ်ထားတာ .. အထက်တန်းကျောင်းသာသာ ..
ကျောင်းအပ်ဖို့ Registration ကိုဂိတ်ပေါက်ကနေလျောက်ကတာဘဲ ၁၀မိနစ်လောက်..ကျောင်းအပ်ပြီးတော့ kantine ဘက်လျောက်တော့ kantine သွားတဲ့လမ်းက ခဝါခြုံကြီးက ကိုယ့်အရပ်ထက်မြင့်တယ်.. အခုမှာခင်းထားကာစ မြေညီလမ်းပေါ်တက်လျောက်လိုက်တော့ ဆိုင်အားလုံးပေါင်းလိုက်ရင် ၅ဆိုင်... အဆောင်နေပါလားတဲ့ ခရီးသက်သာအောင်.. အ
ဆောင်တွေအကုန်လုံးနီးပါက ထရံကာလေးတွေ.. ဆိုးတာက ညဆိုမီးမရှိတာ .. ခရီးပမ်းချင်လည်းပမ်းစေတော့ ကျောင်းကားစီးပြီးဘဲ တက်တော့မယ်...
ပထမဆုံးကျောင်းစဖွင့်တဲ့နေ့ .. ကျောင်းကားက ပါရမီဂိတ်ကသွားစီးရမယ်တဲ့... အမေက ပါရမီဂိတ်ထိပိုပေးတယ်... အဲ့ဒီကနေရပ်နေတဲ့ကျောင်းကား ၂စီးထဲက အရင်ထွက်မဲ့၁စီးပေါ်တက်စီးလိုက်တယ် ... ပထမဆုံးကျောင်းဖွင့်တဲ့နေ့ဖြစ်တာက ၁ကြောင်း.. ၂၀၀၀မှာ ၁၀တန်းအောင်တဲ့လူတွေက ၈၈နှစ်အောက်တွေနဲ့မို့လို့ ပုံမှန်ထက် ၂ဆလူပိုများတဲ့နှစ် .. ကျောင်းကားက ငါးပိသိပ်၊ ငါးချင်သိပ်၊ ကျောင်းကားပေါ်ရောက်တော့ Main ထဲက IT မှာတူတူတက်ဖူးတဲ့ ကောင်မလေး၊ ၈တန်းတုန်းက သချာင်္တူတူ ကျုရှင်တက်ဖူးတဲ့ကောင်မလေးနဲ့၊ တရုပ်ဘုံကျောင်းမှာ တရုပ်စာတူတူသင်ဖူးတဲ့ကောင်လေးရယ်နဲ့တွေ့တော့ အင်းဒီကျောင်းမှာငါနဲ့သိတဲ့လူ ၃ယောက်တော့ရှိသွားပြီပေါ့ ..
ဒီလိုနဲ့ကျောင်းရောက်တော့ Kantine မပြောနဲ့ ကိုယ်တက်ရမယ့်အခန်းဘယ်နားမှန်းမသိလို့ ရှာလိုက်ရတာ ..ကျောင်းမှာလူတွေကလည်းများ major တွေကလည်းမခွဲရသေးတော့ အတန်းတွေအကုန်လုံးပေါင်းပြီးတက်ပေါ့... ဒီလိုနဲ့ ပထမ major မခွဲရသေးတဲ့ ၁ပတ်မှာတော့ နေ့တစ်ဝက်ဘဲ စာသင်တာနဲ့ အိမ်အပြန်ကို လိုင်းကားနဲ့ဘဲပြန်ရတယ် .. လိုင်းကားဆိုတော့ ဂိတ်တိုင်းရပ် မှော်ဘီကနေ အိမ်ပြန်ရောက်တဲ့ထိ ၂နာရီခွဲ ၃နာရီလောက်ကြာတယ် .. ဒါပေမယ့်လည်း တက္ကသိုလ်ဆိုတဲ့ အရသာ ၁တစ်ခုနဲ့ဘဲ အပင်အပန်းခံနိုင်ခဲ့တာဘဲလေ
lørdag 31. januar 2009
torsdag 22. januar 2009
အနှစ် ၁၀၀ ပြည့် ဦးသန့် နေ့
ဦးသန့် နှစ်၁၀၀ ပြည့်မို့လို့ UN ကနေ ဦးသန့်ပုံပါ တံဆိပ်ခေါင်းတွေထုပ်မယ်လို့တော့ဖတ်ရတာ ကြာပါပြီ.... ဒါပေမယ့် ဘယ်နေ့ နှစ် ၁၀၀ပြည့်မလဲဆိုတာတော့ သေချာမကြည့်ဖြစ်ဘူး ..
ဒါနဲ့ ဒီနေ့တော့ ဦးသန့်အကြောင်း သေချာဖတ်ဦးမယ်ဆိုပြီး အင်တာနက်မှာ ရှာတော့ ပထမဆုံးဖတ်မိတာမွေး သက္ကရစ် ၂၂.၀၁.၁၉၀၉ ... အော်ဟုတ်သား ဘဲ အခု ၂၀၀၉ ဆိုတော့ နှစ် ၁၀၀ပြည့်ပြီ ဘယ်နေ့လည်းလို့ကြည့်လိုက်တော့မှ တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ ...
လေးစာမိပါတယ် ဒီပုဂိုလ်ကြီးကို... ဥပဓိရုပ်သားနားလှပါတယ် .. ကျက်သရေရှိလှပါတယ် ... ဒီနေ့ခေတ်မှာ အာရှသား ၁ယောက် ကမ္ဘာကုလသမဂ္မ အတွင်းရေးမှုးဖြစ်တာ မဆန်းတော့ ပေမယ့်... ဦးသန့် အတွင်းရေးမှုးဖြစ်စဉ်ကတော့ တကယ်လေးစား စရာကောင်းပါတယ် .. အထူးသဖြင့် အာရှတိုက်အတွက် ပထမဆုံး ကုလသမဂ်ဂ အတွင်းရေးမှုးဟာ ဗမာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက်လည်း အမြဲ ဂုဏ်ယူနေမိပါတယ်....သူဟာ ကလေးအတွက် ကတော့ စံထားရတဲ့ပုဂိုလ် တစ်ယောက်ပါ
ဗမာလူငယ်တွေတော်တော်များများ ဂုဏ်ယူဝင့်ကြွားစွာ friendster ကသူတို့ရဲ့ profile တွေမှာ တင်တင်ထားကြတဲ့ စာသား ဓါတ်ပုံတစ်ခုရှိပါတယ် ... ဦးသန့်က ပြောသွားတယ်တဲ့ "ဗမာလူမျိုးတွေ အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ နေနေကြရပေမယ့် ဘယ်လိုအခွင့်အရေးဘဲရရ ဘယ်တော့မှ အခြားနိုင်ငံသားမခံပါနဲ့"တဲ့ .. အင်မတန်ကောင်းတဲ့ စကားလေး တစ်ခွန်းပါ ... ဒါပေမယ့် သူဒီစကားကို ဘယ်မှာ၊ ဘယ်တုန်ကပြောသွားတယ်ဆိုတာတော့ ကလေးမသိပါဘူး ... သူများတွေတင်ထားတဲ့ ဓါတ်ပုံလေးကို တွေ့မှဒီစာသားလေးကိုသိတာပါ... အဲ့ဒီ့စကားအပေါ်မှာ ကလေးကတော့ နဲနဲလေး ကိုယ့် အမြင်လေးထည့်ပြီးပြောချင်ပါတယ်
ဗမာလူမျိုးဆိုတာ စာရွက်တစ်ရွက်မှာချရေးထားမှ .. အထောက်အထားတစ်ခုပြနိုင်မှ ဗမာလူမျိုးမဟုတ်ပါဘူး..... တခြားနိုင်ငံသားခံယူလိုက်တဲ့အတွက် ဗမာနိုင်ငံမှာ ဗမာလူမျိုးတစ်ယောက်ရဲ့အခွင့်အရေးပျောက်ချင်ပျောက်သွားမယ် ... ဗမာအဖေနဲ့ အမေက မွေးလာတဲ့ ဗမာလူမျိုးတစ်ယောက်ရဲ့ အသွေးတွေအသားတွေ စိတ်ဓါတ်တွေ ဒါတွေကတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့ရမှာ မဟုတ်ပါဘူး ...ဆံပင်အနက်နဲ့ မျက်ဆံနက်နဲ့ဗမာလူမျိုးတစ်ယောက်ဟာ အမေရိကန်နိုင်ငံသား .. ဥရောပနိုင်ငံသား နိုင်ငံကူးလက်မှတ်ကိုင်ထားပေမယ့်လည်း ကြည့်လိုက်ရုံနဲ့ အာရှသားတစ်ယောက်၊ဗမာ တစ်ယောက်ဆိုတာ ဖျောက်ဖက်လို့မရပါဘူး
ကလေးကတော့ ဘယ်နေရာ ဘယ်အရပ်ဘဲရောက်နေ ရောက်နေ ငါဗမာလူမျိုးဖြစ်ရတာ အမြဲတမ်း ဂုဏ်ယူနေမိပါတယ်...

tirsdag 20. januar 2009
................................................................................
မတူဘူး .. လုံးဝမတူဘူး ... မတူတာမှဘာမှကို မတူတာ
ငါက အလှအပသိပ်အကြိုက်ကြီး မဟုတ်ပေမယ် သပ်သပ်ရပ်ရပ်သားသားနားနား ကြိုက်တယ် ..
နင်က ဖရိုဖရဲ
နင်က သဘာဝ ပတ်ဝန်းကျင်ရူခင်းတွေကြားမှာ သာယာနေပေမယ့်
ငါက မြို့လည်ခေါင်က shopping centerတွေကြားမှာ အချိန်ကုန်ချင်တယ်
ငါက ရုပ်ရှင်စပြီး ၁၅ မိနစ်လောက်ဆိုအိပ်ပျော်သွားရော
နင်ကတော့ ရုပ်ရှင်ဆိုတပ်တပ်မက်မက်
နင်က ဒီနေ့ ကမ္ဘာကြီးမှာ လေထုညစ်ညမ်းပြီး လူတွေနေ့တိုင်း ထောင်သောင်းနဲ့ချီသေနေတာ ကားကြောင့်တဲ့
ငါကတော့ ငါလိုရာခရီးကို သက်တောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန်ပို့ပေးတဲ့ကားကိုကြိုက်တယ်
ငါက လူတိုင်းကို ကူချင်ကယ်ချင်ပေမယ့်
နင်ကတော့ အချိန်တန်လို့ သွားသင့်တဲ့လူတွေ သွားရမှာဘဲတဲ့ နို့မဟုတ်ရင် ဒီကမ္ဘာကြီးနဲ့ ဒီလူတွေနဲ့ဆန့်မှာ မဟုတ်ဘူးတဲ့
ဒီလောက်နင်နဲ့ငါနဲ့ မတူတာ .. ဘယ်လို့မှ ရှေ့ဆက်လို့ရမှာ မဟုတ်ဘူး ...ငါတို့လမ်းခွဲမှရတော့မယ်လည်းဆိုရော
နှစ်ယောက်လုံး အားရပါးရငိုပြီးတော့ "ငါနင့်ကိုချစ်တယ် မခွဲနိုင်ဘူးတဲ့"
ဒီတူတာလေး တစ်ခုနဲ့ဘဲ ငါတို့ ၂ယောက် ဒီနေ့ဆို ၂နှစ်ရှိပြီနော်

søndag 14. desember 2008
ဒီနေ့တော့ အကြောင်းတိုက်ဆိုင်သွားလို့ အမှတ်တမဲ့ ခေါင်းထဲပြန်ရောက်လာတဲ့ဖြစ်ရပ်လေးအကြောင်းချရေးမလို့ပါ
မနေ့ကပေါ့ သူငယ်ချင်းကခရစ္စမတ်အတွက် ချောကလတ်လေးတွေလုပ်ပြီးပေးထားတာ... စားလို့ကောင်းလွန်းလို့ ထပ်စားချင်တာနဲ့
မြို့ထဲက ချောကလတ်စစ်စစ်ချည်းဘဲ ရောင်းတဲ့ဆိုင်မှာရှိလောက်တယ်ဆိုပြီးသွားဝယ်တာ ... ဆိုင်ရှေ့ရောက်လို့ အနွေးထည်အိပ်ထဲ လက်နှိုက်လိုက်တော့မှ အိမ်မှာပိုက်ဆံအိပ်မေ့ကျန်ခဲ့မှန်းသိတော့တယ် ...
ဒါနဲ့မြို့ထဲရောက်ပြီးမှတော့ အပျင်းပြေ လျောက်ကြည့်မယ် ဆိုပြီး လျှောက်သွားလိုက်တာ ဆိုင်တစ်ဆိုင်ရောက်သွားတယ်.. အဲ့ဒီ့ဆိုင်မှာက အင်္ဂလိပ်ရုပ်ရှင်ကားတွေထဲက ဥပမာ - Star War တို့ Harry Potter တို့ ရုပ်ရှင်တွေထဲက character တွေသုံးတဲ့အသုံးအဆောင်တွေ အရုပ်တွေ...အစုံဘဲရောင်းတဲ့ဆိုင်မျိုး.... အဲ့ဒီ့ဆိုင်မှာ ကလေးအကြိုက်တွေ က ဂျပန်ဓါးတို့၊တရုပ်ဓါးတို့..အဲ့ဒါတွေကတော့ show case ထဲမှာထည့်ထားတာပေါ့ .. အဲ အပြင်မှာ ဒီအတိုင်းထောင်ထားတာ က ဗမာလိုခေါ်ရင် ငှက်ကြီးတောင်လားမသိဘူး အသွားတဖက်ဘဲပါတဲ... ဓါးရိုးနဲ့ဓါးအရှည်ကြီး အဲ့ဒါပေမယ့် သူက သစ်သားနဲ့လုပ်ထားတာ ... ဓါးသိုင်းလေ့ကျင့်တဲ့လူတို့..ဆော့တဲ့လူတို့အတွက် မထိမခိုက်အောင်လုပ်ထားတာတဲ့... အဲ့ဒီ့ဓါးကြီးကို ကိုင်ကြိုက်လိုက်ချိန်မှာဘဲ ခေါင်းထဲကို လွန်ခဲ့တဲ့ ၆နှစ်ကျော် ၇နှစ်လောက်တုန်းက ကလေးတို့သူငယ်ချင်းတွေ မြင်ခဲ့ကြတဲ့ အဖြစ်လေး တခုကိုသွား သတိရမိတယ်။ အဲ့ဒီ့တုန်းက ကလေးတို့ ရန်ကုန်တက္ကသိုလ် Main ထဲမှာ IT တက်နေတဲ့အချိန် ... သူငယ်ချင်းအိမ်က အသွားရော အပြန်ပါလိုက်ပို့ လိုက်ကြိုလုပ်ပေးတာနဲ့ ကလေးတို့ သူငယ်ချင်း၅ယောက် ကျောင်းကပြန်ရင် အိမ်တန်းပြန်လေ့ မရှိဘဲ သူငယ်ချင်းအိမ်မှာဘဲ အချိန်ဖြုန်းလေ့ရှိတယ် ... တနေ့တော့ ကလေးတို့ သူငယ်ချင်းတွေ ပဲပြားသုတ်စားနေကြတုန်း ကလေး သူငယ်ချင်းအိမ်ရဲ့ မျက်စောင်းထိုးအိမ်က ညီအကိုတွေ ရန်ဖြစ်ကြတယ်... ပထမတော့ တယောက်တခွန်းပေါ့ နောက်ပိုင်းလက်တွေဘာတွေပါလာကြလားတော့ မသိဘူး ..နောက်ဆုံးမှာ အကိုဖြစ်သူကို ညီဖြစ်သူကို ခုနပြောတဲ့
ငှက်ကြီးတောင် ဓါးနဲ့လိုက်ပါလေရော... ညီလုပ်တဲ့လူကပြေး အကိုလုပ်တဲ့လူကလိုက် ဓါးကြီးနဲ့ဆိုတော့ ဘယ်သူမှလည်း သူရဲကောင်း လုပ်ပြီးဝင်မဆွဲရဲ .. ဒီလိုနဲ့ရပ်ကွက်ထဲမှာ အုပ်အော်သောင်းနင်းပေါ့... ကလေးတို့တွေလည်း စပ်စပ်စုစု ကြည့်ကြတာပေါ့... ဒါပေမယ့် အပြင်တော့မထွက်ရဲဘူး ခြံထဲကနေကြည့်နေကြတာပေါ့။ ဒီလိုနဲ့ တနေရာအရောက်မှာ ညီလုပ်သူက ဘိုင်းကနဲ့ဆို ချော်လဲသွားတယ် .. အဲ့ဒီအချိန်မှာ အကိုလုပ်သူက ဓါးကြီးကိုအားရပါးရမြှောက်လိုက်တော့ အားလုံးက ဝိုင်းပြီး ဟဲ့မလုပ်ကြပါနဲ့ပေါ့ ကလေးတို့ သူငယ်ချင်းတအုပ်ကလည်း ငယ်သံပါအောင် အားရပါးရအော်ကြတာပေါ့ .... အဲ့ဒီ့အချိန်မှာ အကိုလုပ်သူက ခုနက ငှက်ကြီးတောင်ဓါးပြားကြီးနဲ့ ညီလုပ်သူကို ဖြန်းဖြန်းဆို ရိုက်ပါလေရော .. ဝိုင်းကြည့်နေကြတဲ့ ပရိတ်သတ်မှာ ရယ်ရအခက် ငိုရအခက် ... ကလေးတို့ တအုပ်ကတော့အိမ်ထဲပြေးဝင် တံခါးကိုပိတ်ပြီး ရယ်ကြတာ ဗိုက်တွေတောင်နာရပါတယ်.. ကလေးအတွက်တော့ ငှက်ကြီးတောင် ရာဇဝင်ပေါ့နော်

lørdag 6. desember 2008
ကိုယ်နဲ့ပတ်သတ်တာလေးတွေ
ရှေ့ကအမတွေ Blog တွေမှာရေးထားကြတာတွေတွေ့လို့ လိုက်ရေးကြည့်တာပါ.. ဒါမျိုးလေးတွေကို ဗမာပြည်မှာ တက္ကသိုလ်တက်တုန်း
ကတော့ စာပေလောကနေပြီး "ရေးပေးပါ" ဆိုတဲ့စာအုပ်လေးဝယ်ပြီး သူငယ်ချင်းတွေကို ရေးခိုင်းဖူးသိလို.. သူတို့စာအုပ်လေးတွေမှာလည်း ရေးပေးခဲ့ဖူးပါတယ် ... အခုတခါကတော့ အင်တာနက်စာမျက်နှာပေါ် က ကလေးအတွေး Blog မှာပေါ့
ကိုယ့်ရဲ့နာမည် - ဒီမှာတော့ ကလေးပေါ့
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - အများကြီးဘဲ (များဆိုကိုကလူချစ် လူခင်များတာကို)
ကိုယ်ဒီမှာနေတယ် - အိမ်သေးသေးလေးမှာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်းကို ကိုင် ခလုပ်ကိုနှိတ် (နံပါတ်သိရင်ခေါ်ပေါ့)
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - အနက်
အ၀တ်အစားဆိုရင် - free style
အစားအစာဆိုရင် - ဗမာ အစားအစာ ၊ချဉ် ငံစပ် ဆိုစားလို့ရပြီ
ပစ္စည်းဆိုရင် - fashion ကျရင်
သီချင်းဆိုရင် - အခုနောက်ပိုင်းတော့ Pop & Rock (နဲနဲ အပြင်းစား၊ အပျော့စားလေးတွေ)
စာရေးစာဆရာ - အဖေလို့ပြောရမလား
စာအုပ် - ဖတ်လို့စိတ်ဝင်စားဖို့ကောင်းရင်
Life style – အေးအေးဆေးဆေးပါဘဲ
ကိုယ့်ရဲ့ဝါသနာ - အပျင်းထူခြင်း .......(ဒါပေမယ့် ဘဝဆိုတာပျင်းလို့မရတာတွေ အများကြီးဆိုတာ နားလည်ပြီးသားပါ)
အလိုချင်ဆုံးလက်ဆောင် - အသစ်ပေါ်ရင်ပေါ်သလိုပေါ့
ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိသားစု + နောက် ၁ယောက်
ကိုယ့်ရဲ့ အလေးစားဆုံးသူက - အဖေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - အများကြီး ရှိခဲ့ဖူးတယ်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - မိဘ
ကိုယ့်ရဲ့ အမုန်းဆုံးသူက - စိတ်ဓါတ်မပြည့်ဝသူများ
ရင်အခုန်ဆုံးအချိန် - အဖြေတခုခုကို သိရခါနီး
အကြောက်ဆုံးအချိန် - သွားပြီ ငါလုပ်လိုက်တာမှားသွားပြီ
အပျော်ဆုံးအချိန် - ကိုယ်ကြောင့် အခြားလူတွေပျော်နေတာကို ကြည့်နေရတဲ့အချိန်
အမှတ်တရနေ့ - အမှတ်ရနေစရာကောင်းတဲ့နေတွေ အားလုံး
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - ၃၁ဘုံသား အားလုံးကိုယ်၏ကျန်မာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
အချစ်ဆိုတာ - လိုအပ်တယ်
အမုန်းဆိုတာ - ရှုံးနိမ့်မှု့တစ်ခုအတွက် နာကျင် ခါးသီးမှု့
အလွမ်းဆိုတာ - အထီးကျန်တဲ့အခါဖြစ်တက်တဲ့အရာ
သံယောဇဉ်ဆိုတာ - ရစ်တယ်၊ပတ်တယ် ဒုက္ခပေးတက်တယ်
ဘ၀ဆိုတာ - စက္ကန့်နဲ့အမျှ စိန်ခေါ်မှု့တွေနဲ့ပြည့်နေတာ
သူငယ်ချင်းဆိုတာ - ငယ်ရွယ်သူတွေအတွက် မရှိမဖြစ်
ချစ်သူဆိုတာ - အဖော်ကောင်းတစ်ယောက်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - လူသားစစ်စစ် တယောက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - မိမိကိုယ်သာအားကိုးရာ
အပြောချင်ဆုံးစကားတစ်ခွန်း - သင့်ကြောင့် သူတပါးမထိခိုက်မနှစ်နာပါစေနှင့်

søndag 20. april 2008
အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့
ကလေး သီချင်းနားထောင်ရတာ အရမ်းကြိုက်ပါတယ် ... TV က MTV တွေကြည့်ရတာလည်း အရမ်းသဘော ကျပါတယ်... ဒါပေမယ် MTV ကကိုယ်ကြိုက်တာရွေးကြည့်လို့ မရဘူးလေ ... အဲ့တော့ကလေးက အားရင် Youtube ကသီချင်းတွေဘဲ ရှာပြီးလျှောက်ကြည့်နေတာ... ဗမာပြည်မှာ HipHopတွေ စပေါ်ကာစတုန်းက အရမ်း နားထောင်ဖြစ်ပါတယ် ... Acid, Theory,ပေါ့ နောက်ပိုင်း Sai Sai Kham Hlaing ပေါ်လာတယ် .. သူ့သီချင်းလေးတွေလည်း အစပိုင်းတော့ ကောင်းပါတယ် .. နောက်ပိုင်းတော့ HipHopကိုလည်း သိပ်မကြိုက်တော့သလို .. စိုင်းစိုင်းခမ်းလှိုင်သီချင်းတွေကလည်း copy တွေရော .. သူ့ကိုကြည့်ရတာရော သဘောမကျလို့ နားမထောင်ဖြစ်တော့ပါဘူး .. ဒါပေမယ် ဒီတလော သင်္ကြန်မှာ သူသီချင်း ၁ပုဒ် Eminnem ရဲ့ Shake that ass for me ကို စိုင်းစိုင်းခမ်းလှိုင်က "အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့" ဆိုပြီးတော်တော်လေး ရေပန်းစားပါတယ်... ဒါနဲ့ကြည့်မယ်ဆိုပြီး youtube မှာရှာကြည့်တော့ ဒီclipလေးထွက်လာတယ် ကြည့်လိုက်ကြပါဦး .. .. တချို့တွေလည်းကြည့်ပြီးနေရင်ကြည့်ပြီးမှာ ဒါကကြာပြီ ကလေးလည်းကြားနေတာ .. အခုမှဘဲ ကြည့်ဘူးတော့တယ် ... စစချင်းတော့ ဘာဖြစ်နေလည်းဆိုပြီးကြောင်ပြီးကြည့်နေတာ .. နောက်မှ အော် stage ကြီးပြိုကြသွားတာဘဲလို့ ......စိုင်းစိုင်းခမ်းလှိုင်တို့ ဘယ်လောက်အိုးလှုပ်လိုက်လဲ မသိ stage တောင်ပြိုကျတယ်
mandag 14. april 2008
သင်္ကြန် ပထမအကြတ်နေ့
သင်္ကြန် ပထမ အကြတ်နေ့ ဓါတ်ပုံများ .. ဒီနှစ်သင်္ကြန်ကားတွေ သိပ်မတွေ့ဘူး ..စက်တင်ဘာတုန်းက မကြေပွဲ အနေနဲ့...သင်္ကြန်မှာ လမ်းလျှောက်ရင်တော့ မပြစ်လောက်ပါဘူးဆိုပြီး အားရပါးရ လမ်းလျှောက်နေကြတယ် .. ဗမာလူမျိုးဘဲကွ ၁နှစ်လုံးမှာ ပျော်စရာဒီ သင်္ကြန်ဘဲရှိတာ ..ဓါတ်ဆီဈေးတက်လို့ ကားမငှားနိုင်လည်း ဘာဖြစ် တုန်း မဏ္ဍပ်တွေရှိနေသရွှေ့ လမ်းလျှောက်ပြီးရေပက်ခံမှာပေါ့
ဒါကတော့ မြန်မာပြည်မှာ အတာသင်္ကြန်ပွဲ အကြိုနေ့နဲ့ အကျနေ့တုန်းက ပျော်ပျော်ကြီး ဆင်နွဲနေကြပုံပေါ့
ဒါကကြီး အိုနာကြီးတေ အရှက်မရှိကဲတဲ့ မြို့တော်ဝန်မသာ အဲ့မှားလို့ မဟာမဏ္ဍပ် (သနဲ့ ဟနဲ့က ကပ်နေတာကို ဒုက္ခဘာဘဲ)
ဒီနှစ်IC မဏ္ဍပ်မိုက်တယ်
ဓါတ်ပုံတွေက ကလေးရိုက်ထားတာလည်း မဟုတ်ဘူး... သူငယ်ချင်းတွေရိုက်ပြီး ပို့ပေးတာလဲ မဟုတ်ဘူး (ဒီကောင်တွေဘယ်လောက်ကဲနေကြ လည်းမသိဘူး online တောင် တက်မလာကြဘူး အဟင့် နာ့မှာတော့ မပျော်ရဘူး)
Online မဂ္ဂဇင်းတစ်ခုက ခိုးလာတာ .. ပြချင်လွန်းလို့ ဟီးဟီး

Abonner på:
Innlegg (Atom)