torsdag 20. mars 2008

မေတ္တာတရားနဲ့ ဘာသာရေး

မက်ဂါဖွန်းရဲ့ အဓိကခေါင်းစဉ်ကတော့ ဘာသာရေးပါ .. ဘာသာရေးနဲ့ ပတ်သတ်တာတွေကို ဆွေနွေး တင်ပြ ထားတာပါ .. ခရစ္စယန် ..မွတ်စလင် အစရှိသည်ဖြင့် သူတိုတဲ့ဘာသာရေး အပေါ်ယုံကြည်မှူ့တွေကို ရေးကြပါတယ် ..
ကလေးကတော့ ဘာသာရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးတာကို သဘောမကြပါဘူး .. ဘာသာရေးဆိုတာ လူတိုင်းယုံကြည်လို့ ကိုးကွယ်ကြတဲ့ ကိုးကွယ်မှူ့တခုပါ .. အဲ့တော့ ကိုယ်ယုံကြည်တာကို ဆွေနွေးကြတဲ့အခါမှာ ကိုယ်ဘက်က ကောင်းအောင် သာအောင် ဘဲပြောကြမှာပါ .. အဲ့ဒီ့ အတွက်မလိုလားအပ် တာတွေဖြစ်လာမှာ အမှန်ပါ ... ဒါပေမယ့် စာအုပ်ဖတ်တာဆိုတော့ ဘယ်သူနဲ့မှ ပြိုင်ငြင်းစရာမှမလိုတာ (ပြောထားပြီးသားနော် လာမငြင်းကြနဲ့ ဟီး ဟီး) ..အဲ့ဒီ့တော့ သူတို့ရေးထားကြတဲ့ သူတိုရဲ့ ဘာသာရေးတွေနဲ့ ပတ်သတ်တာတွေ လေ့လာလို့ရတာပေါ့...
ဒီ့ထဲမှာမှ ကလေးနဲ့ မရင်းနီးတဲ့ ဘာသာ တစ်ခုဖြစ်တဲ့ ပဂန်ဆိုတဲ့ ဘာသာတစ်ခုကို သွားတွေးမိတယ် .. လူတယောက်က အမြဲပြောတာ ကြားဘူးနေတယ်... သူဟာ ခရစ္စယန်လဲမဟုတ်ဘူး ..မွတ်စလင်လဲ မဟုတ်ဘူးတဲ့.. သူ့ရဲ့ဘုရားဟာ သဘာဝတရားတဲ့ .. သူယုံကြည်တာက သဘာဝကြီးတဲ့ ကျောက်တုံးတွေ၊ ကောင်းကင်တွေ၊ သစ်ပင်တွေတဲ့ ...ရီတာပေါ့ ကလေးကတော့ ... ပေါတော တောနဲ့ ရူးနေတာပေါ့ .. သဘာဝကို ဘုရားလုပ်ပြီး ကိုးကွယ်တယ်တဲ့ အူ ကြောင်ကြောင်နဲ့ ... သူများတွေနဲ့မတူ အရူးထချင်လို့ တမင် ထွင်တာနေမှာပေါ့လို့ဘဲ တွေးမိတယ်..
ဒါပေမယ့် မက်ဂါဖွန်းထဲမှာ ရေးထားတာ တွေ့တော့မှဘဲ ဒီဘာသာဟာ တကယ်ရှိပါလား .... ဒါကိုတကယ် ယုံကြည် ကိုး ကွယ်နေတဲ့သူတွေ ရှိပါလားဆိုတာကို သိတော့တယ် .. တကယ်တော့ ဒီဘာသာဟာ ရှေးဟောင်းဘာသာရေးတခုပါ နတ်ကို ကိုးကွယ် ယုံကြည်တာလို့ပြောလို့ရမယ်ထင်တယ် .. Native American တွေအများစု ကိုးကွယ်ခဲ့ ကြတာပေါ့ .. အခုနောက်ပိုင်းခေတ်ကို ရောက်လာတဲ့ အခါကြတော့ .. ကိုးကွယ်တဲ့ လူငယ်တွေနဲ့ တိုးတက်တဲ့ ပတ်ဝန်းကျင် အရ နတ်ကိုးကွယ်မှူ့တခု ဖွံဖြိုးသလိုတော့ မဟုတ်ဘူးပေါ့ ....
ပကန်းနစ်တယောက် ဆိုတာဟာ အချစ်၊ ဘဝသံသရာနဲ့ သဘာဝတရားရဲ့အင်အားတွေ အပေါ်ကို အဓိက focus ထားတဲ့ သဘာဝတရားရဲ့ အတွေး အခေါ်တွေကို စုစည်းထားတဲ့ သူတယောက်ပါတဲ့ ...ပကန်လို့ခေါ်တဲ့ သဘာဝတရားကို ယုံကြည်တဲ့ ဘာသာတ ရားမှာ ပဥ့်ညက်တော်အနေနဲ့တော့ များများစားစားမရှိပါဘူးတဲ့ .. အများစုအနေနဲ့ ပဥ့်ညက်တော် ၁ခုထဲကိုသာ လက်ကိုင်ထားကြပါတယ်တဲ့ ..အဲ့ဒါကတော့ ‘
သင်သည် သင်အပါအဝင် အခြားသူများကိုပါ အန္တရယ်မပြု၊ ဒုက္ခမပေးပါက သင်ကြိုက်တာကို သင်လုပ်နိုင် ပါသည်

ဒါလေးတော့ စိတ်ထဲမှာ သဘောကျမိပါတယ် .. ဘယ်ဘာသာမှာ ဘဲဖြစ်ဖြစ်ပါ မေတ္တာတရားလေးတွေ ရှေ့ထား နိုင်မယ်ဆိုရင် ပြည့်စုံပါပြီ ... လောလောဆယ်တော့ ဖတ်ထားတာ မှတ်မိသလောက်နဲ့ နားလည် သလောက်ကတော့ ဒါဘဲ .. နောက်ထပ်ပိုသိလာမှဘဲ ဆက်ရေးတော့မယ် .. နှင်းတဖွေးဖွေးနဲ့ အီစတာပိတ်ရက်မှာ အားရအောင် ကွေးလိုက်ဦးမယ်
(ပဥ့်ညက်တော် မပေါင်းတက်လို့ သတ်ပုံပြင်ပေးကြပါဦး)

søndag 16. mars 2008

အပျော်ရွှင်ဆုံး

ကမ္ဘာပေါ်တွင် ပျော်ရွှင်စရာအကောင်းဆုံး အရာသည် မိမိချစ်သောသူများနှင့် အခြားသူများ ကိုပျော်ရွင်အောင်လုပ်ပေးကာ ..ထိုသူတို့၏ အပြုံးများကို မြင်ရခြင်းမှာ ပျော်စရာအကောင်းဆုံးနှင့် စိတ်ချမ်းသာစရာအကောင်းဆုံးဖြစ်သည်။

lørdag 15. mars 2008

ခန္ဒာကိုယ်နဲ့ပြောတဲ့စကား ...

သူငယ်ချင်း တယောက်က ဒီကလစ်လေးပြတယ် ပြီးတော့ရှင်းပြတယ် အဲ့ဒါ လူတယောက်ထဲက အသံနှစ်သံလုပ်တာတဲ့ .....တစ်သံက ပါးစပ်ကလာတာ .. နောက်အရုပ်က ထွက်တဲ့အသံကလဲ သူ့ဆီကထွက်လာတာဘဲတဲ့ .... အဲ့ဒါနဲ့ ကလေးကပြန်ပြောတာပေါ့ မဖြစ်နိုင်တာ... သူကပါးစပ်မှမလှူပ်ဘဲနဲ့ ဘယ်လိုအသံထွက်မှာလဲလို့ပေါ့ ......သူပြန်ရှင်းပြတာက ... အဲ့လိုလုပ်တဲ့လူတွေက ခန္ဒာကိုယ်ရဲ့တနေရာကနေအဲ့ဒီ့အသံကထွက်လာတာတဲ့ ......လုံးဝ မယုံကြည်ဘူး မဖြစ်နိုင်တာ .. ဒါfake ကြီးဘဲဖြစ်မယ်ပေါ့ ... အနောက်ကအသံထည့်ထားတာနေမှာပေါ့.... သိတဲ့အတိုင်း ကလေးက စူပါ စူပါ အငြင်းသန် ..ဒါနဲ့သူက အဲ့ဒီ့စကားလုံးကို အင်္ဂလိပ်လို ventriloquist ခေါ်တယ်ပြောတာနဲ့......မယုံလို့ wikipedia မှာသွားရှာကြည်သေးတယ် .. အဲ့မှာတွေ့ပြီးမှ ဘဲ နဲနဲယုံချင်သလိုလိုတော့ ဖြစ်သွားလို့ တခြားလူတွေကို share လိုက်ပါတယ် .. တချို့လည်းသိဖူးပြီးသား နေမှာပါ .. မသိသေးတဲ့ ကလေးအတွက်တော့ အသစ်ပေါ့
wikipedia ကရှာတွေ့တဲ့လင့်ကို ဖတ်လို့ရအောင် ဒီမှာတင်ပေးလိုက်တယ်
http://en.wikipedia.org/wiki/Ventriloquist

søndag 9. mars 2008

ဘာဂန်အလှ ... အလည်တခေါက်ပေါ့

ဒီနေ့တော့ banner အသစ်လေးလဲလိုက်တယ် .. ကလေးတို့မြို့ရဲ့အထင်ကရ bryggen ဆိုတဲ့နေရာလေးကိုအမှတ်တရအဖြစ် banner
အသစ်လဲလိုက်တာ
ဒီ bryggen အိမ်တွေက UNESCO လက်အောက်မှာ ထိန်းသိမ်းထားတဲ့နှစ်ပေါင်းထောင်ချီက ဆောက်ထားတဲ့ သစ်သားအိမ်တွေပါ
မီးမကြာခဏလောင်တဲ့အတွက် ယဉ်ကျေးမှူ့အမွေအနှစ်တွေ မကြာခဏပျက်စီးခဲ့ရတယ်
ဒါတွေကတော့နောက်ဆုံး ထိန်းသိမ်းထားတာတွေပေါ့ ... အိမ်တွေက သစ်သားထုကြီးတွေ နဲ့ဆောက်ထားတာဆိုတော့
အဲ့ဒီ့အိမ်တွေကိုရောက်သွားရင် ရင်ထဲမှာ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေကိုရောက်သွားသလို ခံစားရပါတယ်
တကယ်တော့ ကလေးတို့ နေတဲ့မြို့လေးဟာ နော်ဝေမှာ ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်တဲ့မြို့ဖြစ်ပါတယ်
နွေရာသီဆို အရမ်းကိုသာယာတဲ့မြို့လေးပါ .. စိတ်ဝင်စားစရာ ပြတိုက်တွေ၊ လည်စရာ ပတ်စရာတွေ အလွန်များပြားလှပါတယ်
ဒါနဲ့စကားမစပ် တခါက နော်ဝေ အော်စလို မြို့အထိရောက်ခဲ့တဲ့ Scandinavia ကအသိအကို၁ယောက် ကလေးတို့မြို့ကို လှေစီးပြီးလာရမယ်လို့ဝိုင်းနောက်လိုက်ကြလို့ လမ်းတဝက်နေ သူနေရာ အရပ်ကိုလှည့်ပြန်ခဲ့ဘူးပါတယ်
အခု လှည့်ပြန်သွားလို့ ကလေးတို့မြို့လေးသာယာ ပုံကို မမြင်လိုက်ရတဲ့ ကလေးအကိုနဲ့ တခြားမောင်နှမတွေ ကြည့်လို့ရအောင်
ကလေးတို့မြို့ရဲ့သာယာတဲ့ ရှူ့ခင်းလေးတွေကိုတင်ပေးလိုက်ပါတယ်

lørdag 8. mars 2008

အမှောင်ထဲက အမျိုးသမီးများနေ့

ဒီနေ့ မတ်လ ၈ရက်နေ့ဟာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပါ...
Wonen's right day လို့လည်းခေါ်ကြပါတယ် ။ ပထမဆုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အမေရိကန် ဆိုရှယ်လစ်ပါတီ ကနေ ၂၈ရက် ဖေဖော်ဝါရီလ ၁၉၀၉ခုနှစ်မှာ မေရိကန်ပြည်ထောင်စုမှာ စတင်ကြေညာခဲ့တာလို့ဖတ်ရပါတယ်။
လက်ရှိခေတ်မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ပုံစံအမျိုးမျိုးနဲ့ကျင်းပနေကြပါပြီ
တချို့နိုင်ငံတွေမှာ officially ကျင်းပကြသလို .. တချို့နိုင်ငံတွေမှာ တော့ အမျိုးသားတွေက ကိုယ်နဲ့ခင်မင်တဲ့ သူငယ်ချင်း၊ ဇနီး အစရှိတဲ့ အမျိုးသမီးတွေကို လက်ဆောင်တို့ပန်းတို့ပေးကြပါတယ်...
အသိတရုပ်အမျိုးသမီးပြောပြတာကတော့ .. သူတို့နိုင်ငံလို အမျိုးသမီးတွေကိုဖိနှိပ်ထားတဲ့နိုင်ငံမှာတောင် အဲ့ဒီ့နေကျရင် အမျိုးသမီးတွေဟာ အပြင်ထွက်လည်ကြပတ်ကြ ပျော်ပွဲရွှင်ပွဲ ပါတီတွေလုပ်ကြပြီ.. သူတို့ လုပ်ချင်တာတွေကိုလုပ်ခွင့်ရတယ်လို့သိရပါတယ်.. အဲ့ဒီ့နေ့၁နေ့တော့ သူတို့အမျိုးသားတွေက အိမ်မှာ နေပြီး ကလေးထိန်း ထမင်းချက်ကြတယ်တဲ့....
တကယ်တော့ ဒီနေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးများရဲ့နိုင်ငံရေး၊ လူမှူ့ရေး၊ စီပွားရေး ကြိုးစား အားထုပ်မှူ့တွေအတွက် ကမ္ဘာတစ်ဝှန်းလုံးကနေ အထင်ကရ ကျင်းပကြတဲ့ အထူးနေ့တနေ့ပါ...
မြန်မာနိုင်ငံမှာရော ဘယ်လိုပုံစံမျိုးနဲ့ကျင်းပကြပါသလဲ?????????????????????????????????
မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ အခွင့်အရေး နဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ အခွင့်အရေးအတွက် ကြိုးစား အလုပ်လုပ် နေကြတဲ့ မြန်မာအမျိုးသမီးတွေအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဘယ်တော့မှများ မြန်မာပြည်မှာ ကျင်းပနိုင်ပါ့မလဲလေ။

onsdag 5. mars 2008

ကမ္ဘာကြီးအား ငါးကြင်းစီနှင့် ငါးကြင်းကြော်ခြင်း

အင်း ဒီရက်ပိုင်း ဥရောပမှာ ရာသီဥတု ဆိုးရွားနေပုံကတော့ပြောမနေပါနဲ့တော့
ဟိုနေကလည်း ဂျာမနီက ဟမ်းဘက်မှာ ဘယ်လောက်များ လေတိုက်လဲဆို လေယာဉ်က ကွင်းဆင်းဖို့ပြေးလမ်းပေါ်ရောက်ပြီးမှ လေတိုက်လွန်းလို့ ဟိုယိမ်းဒီယိမ်းနဲ့ မဆင်းနိုင်လို့ နောက်တခေါက်လောက် ထပ်ပတ်ပြီး လေငြိမ်မှ ပြန်ဆင်းရတယ် ...

ဒီနေ့လည်းကလေးတို့ဆီမှာ ဆောင်းကုန်လို့ နွေဦးဝင်မှဘဲ မနေ့က နှင်းကဖြူးသလိုနဲနဲကျတယ်လေ ..
ဒါနဲ့ကလေးလည်း ဒီနေ့အလုပ်မသွားခင် weather report ကြည့်တော့ ဒီနေ့ကမိုးရွာမယ် ပြီးတော့ပုံထဲမှာ အစက်အစက်ကလေးတွေနဲ့ဆိုတော့ မိုးသီးပါပါမယ်ပေါ့ ..ကိုယ့်ဟာကိုတောက်တဲ့လုပ်ပြီးတွက်သွားတာလေ ...

ဒီလိုနဲ့ဘဲ မိုးရွာမယ်ဆိုတော့raincote လေးနဲ့ပဲ ထီးတောင်မယူဘူး ... ဒီနေ့အလုပ်က အပြင်ထွက်စရာ မရှိဘူးဆိုတော့ ..ပြန်လို့မိုးသည်းရင် ကားစီးပြန်မယ်ပေါ့ .. ဒါနဲ့အလုပ်သွားတဲ့မနက်ပိုင်းတုန်းကတော့ ရာသီဥတုကအကောင်း .. မွန်းတည့်လောက်ကြတော့ မိုးရွာရော .. ကလေး office window က slide လေးက လိုမျိုးလေးဆိုတော့ မိုးရေတွေဖုန်းနေလို့ အပြင်ကို မမြင်ရဘူးထင်နေတာ .. ခဏနေလို့ သူငယ်ချင်း ကအပြင်ကပြန်လာလို့ပြောမှ အပြင်မှာsnow ကျနေတာတဲ့ .. သြော် မနေ့ကလိုဘဲ ဖြူးရုံလေးနေမှာပေါ့ဆိုပြီး အေးရာအေးကြောင်းနေလိုက်တယ်....

အလုပ်ဆင်းအိမ်ပြန်ဖို့ ရုံးပြင်ကိုထွက်လိုက်မှဘဲ ကျထားတဲ့ snowက ခြေကျင်းဝတ်လောက်မြုပ်နေပြီ ... သေပြီ စီးလာတာ ရိုးရိုးဖိနပ် .. ရိုးတာမှ allstar..ဒီပြင့်ဖိနပ်ဆို နဲ့နဲ့သက်သာဦးမယ် .. allstar က ထဲမှာလျှောက်ရင် ၅မိနစ် ၁၀မိနစ်ဆို snowက ဖိနပ်ထဲဝင် ပြီ.. ဖိနပ်ကဂျင်းသားပါးပါးလေး ..

သြော်ဘယ်တက်နိုင်မလဲ .. ရုံးမှာလဲ မအိပ်ရဲ သရဲကြောက်တယ် .. ဒါနဲ့ဘဲ ကားဂိတ်ကို ပြေးမယ်ပေါ့ ဆိုပြီး အပြင်ထွက် ...snow တခုထဲဘယ်ကမလဲ ... လေကလည်းမျက်နှာလာရာကိုတိုက်တော့ snowကမျက်နှာကိုလာစင်တာ မှမျက်နှာ ကိုဖြတ်ရိုက်ခံနေရ သလိုဘဲ ... ပြီးတော့ ကိုယ့်ရှေ့ ကလူတွေနှင်းသွားလို့snowတွေက ပြားကာစ .. ချော်ကျိချော်ကျိ .. ကလေးတို့ဘယ်လောက်များ ကံမကောင်းလဲ .. busနား ရောက်ခါနီးတော့ မိုးကရွာစပြုလိုက်တော့ ဆိုပါဆိုပြီ... ဒီလိုနဲ့ဘဲအရင်ဆုံးတွေ့တဲ့ကားကို ကောက်တက် လိုက်တယ်....

ကားပေါ်တော့ရောက်ပြီ .. ကလေးတို့မြို့ က ဆောင်းတွင်းတတွင်းမှ snow က ၄ခါ ၅ခါလောက်ဘဲကျတာ သိပ်လည်းများများ မကျဘူး .. ကျရင်လည်း ညဘက် ဆိုတော့ .. ရုံးဆင်းရုံးတက်ချိန်တွေမှာ ဒီနေ့လောက်ဒုက္ခမရောက်ဖူးဘူး ... ပြီးတော့ ဒီနိုင်ငံက တောင် နဲ့ ရေလက်ကြားဘဲ ရှိတာကို အဲ့တော့ ၁နာရီခရီးကို ၁၀မိနစ်နဲ့ရောက်အောင် တွင်းတွေတူး ဟီးဟီး tunnel တွေဖောက် .. တံတားတွေဆောက်... အဲ့တော့ ကလေးအိမ်ကို မြို့ထဲကနေပြန်ရင် ..tunnel ထဲဝင် ပြန်ထွက် bridgeတခုဖြတ် ပြီးရင်အိမ်ရောက်ပြီ .. ဒီနေ့လို နှင်းနဲ့မိုးနဲ့လည်းရောရော .. tunnel တွေရာ bridge တွေမှာပါ trafficတွေကပြည့်လို့ .. တော်သေးတာပေါ့ ကလေးပြန်လာတဲ့အချိန်က သိပ်မများသေးလို့ ... ခုဏကဘဲ သတင်းဖတ်ကြည့်တာ .. bus တွေ tunnel ထဲမှာ ၁နာရီကျော်လောက်ပိတ်မိနေလို့တဲ့ .. သေပြီ tunnel ထဲမှာ ၁နာရီကျော်သာနေလို့ ကတော့ ကလေးမနက်ဖြန် အလုပ်သွားဖို့ထနိုင်တော့မှာကို မဟုတ်ဘူး ...

ကားပေါ်ကလဲ ဆင်းရော ၅မိနစ်လောက်အတွင်းမှာ မိုးကကောင်းကောင်းလေးရွာပြီးပြီ ကလေးကမသိဘဲ .. အားရ ပါးရ snow ဆိုပြီးနင်းချလိုက်တာ .. snowတွေက မိုးရွာချထားတာဆိုတော့ အထဲမှာရေတွေ .. အင်း ကအိမ် က ၂မိနစ်လောက်ဘဲလျှောက် ရလို့ပေါ့ .. ပြောမနေဘာနဲ့တော့ ဒီနေ့ကတော့ ဒီမှာနေဘူးတဲ့ ၃နှစ်
အတွင်းမှာကြုံဖူးသမျှ အဆိုးဆုံးဘဲ ... ကလေးအိမ်ပြန်ရောက်ပြီး ၁နာရီလောက်ကြာထဲက ရွာတဲ့မိုးက အခုတော့ snowကို ဆေးချလိုက် သလိုဖြစ်သွားပြီ ... ဒီတခေါက် ကနဲနဲထူတော့ .. အကုန်တော့မပြောင်ဘူး .. မနက်အလုပ် သွားရင် တစိစိနဲ့ ရေခဲဗွက်တွေနဲ့တိုးဦးမယ် စိတ်ညစ်ပါတယ် ..

ကလေးတို့မြို့လို snowနဲတဲ့မြို့အတွက်ကတော့ snowကျတာဟာချစ်စရာလေးပါ... အစောပိုင်း ကျနေတုန်းကဆို မူကြို က ကလေးတွေ .. လူငယ်တွေ အပြင်မှာ နှင်းလျှောစီးလို့ ... မိုးလည်းရွာရော ပွဲကပျက်ပါလေရော .. သြော် ကမ္ဘာကြီး ကိုလူတွေက တိုးတက်အောင်ဖန်းတီးတာ ဖန်တီးတာဘဲ .. ဒါပေမယ့် အခုလို pollution တွေကြောင့် သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးပြီး ရာသီဥတုတွေ ဖောက်ပြန် ... အဲတော့ သဘာဝဘေးအန္တာရယ်တွေကျ ရောက် ...

သြော် နောက်ဆုံးတော့လည်း ငါးကြင်းဆီနဲ့ငါးကြင်းပြန် အကြော်ခံနေရ သလိုပါဘဲလေ...

mandag 3. mars 2008

မောင့်ရဲ့မလုံတဲ့ စိတ်ကသာ မောင့်ကိုသတ်တာပါကွယ်

ကလေး တယောက်ကတော့ပေါ်လိုက်ပျောက်လိုက်ဘဲ .. အလုပ်များတာရော ပျင်းတဲ့အကျင့်လေးရော ပေါင်းလိုက်တော့ ပုံမှန် ပို့စ် မတင်ဖြစ်တာပါ... တခါတလေကျတော့လည်း ရေးစရာ အိုင်ဒီရာကလည်း မထွက်ဘူးလေ ... အသက်ကကြီးလာပြီဆိုတော့ ငယ်ငယ်ကလို ဦးနှောက်ကမကောင်းတော့ဘူးဟုတ် ...

ဖတ်ဘူတဲ့ ဝထ္တုလေး တစ်ပုဒ်အကြောင်းဘဲ ပြန်ရေးလိုက်တော့မယ် ... ဘယ်စာရေးဆရာမရေးလည်း ဘယ်ထဲကလဲတော့ မမှတ်မိတော့ဘူး ... ကလေးက ၁၀တန်းပြီးမှ ဝထ္တုဖတ်တာဆိုတော့ ၇နှစ် ၈နှစ်လောက်တော့ ရှိပြီပေါ့... ဇတ်လမ်းလေးကဒီလို

ဇတ်လမ်းထဲက မင်းသမီး ကသုတေသန ဓါတ်ခွဲခန်းမှာအလုပ်လုပ်တယ် ... ယောကျာင်္းက ရုံးကအရာရှိ
သိပ်မကြာပါဘူး မင်းသမီး ညီမလေးက ရန်ကုန်မှာ ကျောင်းတက်မှာမို့ မမတို့အိမ်ကနေပြီး ကျောင်းတက်မယ် ဆိုပြီး အိမ်ကိုရောက်လာပါရော ... ဒါနဲ့ဘဲ ခယ်မရယ် .. ခဲအိုရယ် တစ်အိမ်ထဲနေကြပြီဆိုတော့ သိတဲ့အတိုင်း ဇတ်လမ်းလေးတွေ စလာကြတာပေါ့
အမလုပ်သူခမျာမှာတော့ အလုပ်သွား .. အလုပ်ကပြန်လာ ယောကျာင်္းနဲ့ ညီမလုပ်သူဖို့ ဟင်းချက် ဘာမှမသိရှာဘူး .. တနေ့မှာတော့ ထုံစံအတိုင်းဘဲ အမဖြစ်သူဟာ အလုပ်သွားလေ တယ် .. ညီမလုပ်သူနဲ့ ယောကျာင်္းကလဲ မိန်းမအိမ်မှာမရှိချိန် သိတဲ့အတိုင်းဖောက်ပြန်နေတာပေါ့ .. အဲ ကံမကောင်းစွာဘဲ အမလုပ်သူဟာ နေမကောင်းချင်သလိုဖြစ်လို့ အိမ်ပြန်လာရာ ကနေ..လင်တော်မောင်နဲ့ ညီမဖြစ်တို့နဲ့ ပတ်ပင်းတိုးပါလေရော ... အမဖြစ်သူဟာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်အတွက် မင်သက်သွားခဲ့သလို .. ဟို၂ယောက်ခမျာမှာလဲ သူခိုးလူမိတဲ့အခါမှာတော့ ညီမဖြစ်သူဟာ အမလုပ်သူကို ငိုယိုပြီး
တောင်းပံရှာတယ်... ဒါပေမယ့် အမလုပ်သူကတော့ ဘာတခွန်းမှပြန်မပြောဘဲ နုတ်ဆိတ်လို့သာနေတော့တယ် ဒါနဲ့ဘဲ အမျိုးသမီးဟာ သူတို့ကိုဘာမှမပြောဘဲ ထမင်းဟင်းချက်၊ ပုံမှန်အတိုင်း အိမ်အလုပ်တွေလုပ်နေတယ် .. ဒီလိုနဲ့ဘဲဟင်းချက်ပြီးတဲ့ အခါမှာတော့ ပြဿနာကို ဘယ်လိုဖြေရှင်းချက်ပေးရမလဲ လို အခန်းအောင်းပြီး အကြံထုပ်နေတဲ့ ယောကျာင်္းဖြစ်သူကို ‘မောင်ရေ ညစာကြတ်ပြီ လာစားတော့ဆိုပြီ သွားခေါ်လေတယ် ... ဒီလို ပြဿနာမျိုး ဖြစ်နေချိန်မှာတောင် ဘာတခွန်းမှ မပြောဘဲ ညစာစားဖို့လာခေါ်တဲ့ မိန်းမနောက်ကို ယောကျာင်္းလုပ်သူ ဟာအူကြောင်ကြောင်နဲ့လိုက်သွားရှာတယ် .. ထမင်းစားခန်းရောက်တဲ့အချိန်မှာတော့ ... မိန်းမက ယောကျာင်္းလုပ်သူကို မောင်ရေ ဒီနေ့တော့ မောင်ကြိုက်တက်တဲ့ ကြက်အသဲဟင်းလေးချက်ထားတယ်
အသဲတွေချည်းဘဲ မောင့်အတွက်ဝယ်ပြီးချက်တာ မကတော့မဆာသေးလို့မစားသေးဘူး ဆိုပြီး ဟင်းကို ပန်းကန်ထဲ ထည့်ပေးလေတယ် ...
ယောကျာင်္းကတော့ ဘာတခွန်းမှမပြောဘဲ ထမင်းလုပ်တွေ တလုပ်ပြီးတလုပ်ကိုသာ မစပ်ထဲသွင်းနေတော့တယ်။ ညီမဖြစ်သူကတော့ ခေါင်းကိုက်တယ်ဆိုပြီး ထမင်းဝိုင်းမှာ အမလုပ်သူကိုရင်မဆိုင်ရဲတာနဲ့ အခန်းထဲမှာ အောင်းနေတော့တယ် .. ပြီးတဲ့အခါမှာ မိန်းမက သူ့ယောကျာင်္းထမင်းစားနေတာကို သေချာစေ့စေ့ကြည့်ပြီး စားလို့ကောင်းလားမောင် .. မကမောင်အသဲကြိုက်လို့ အသဲလေးတွေဘဲ ရွေးပြီးခါးခါးလေးချက်ထားတာ .. ဒီနေ့ဟင်းကအရင်နေ့တွေထက် ပိုခါးတယ်မဟုတ်လား မောင်လို့ မေးလေတယ် .. ယောကျာင်္းဖြစ်သူကတော့ ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်ပြလေတယ်....
ထမင်းစားပြီတဲ့အခါမှာတော့မိန်းမဟာယောကျာင်္းကို သောက်ရေခွက်ချပေးရင်း .. ပြောပြရဦးမယ် မောင်ရေသိလား မတို့ဒီနေ့ဓါတ်ခွဲခန်းမှာ အဆိတ်တမျိုးကိုရှာတွေတယ် .. အဲ့ဒီ့အဆိတ်က အသဲဟင်းနဲ့ ချက်စားတဲ့အခါမှာ အဆိတ်ကြောင့် အသဲအရသာကို ပိုပြီးခါးစေတယ်လို့ပြောလေတယ် .. အဲ့ဒီအချိန်မှာဘဲ ယောကျာင်္းလုပ်သူဟာ .. အသားတွေဆတ်ဆတ်တုန်လာကာ .. ဒါဆိုမင်းငါ့ကို ဟင်းထဲမှာ ဒီအဆိတ်ခတ်ပြီး ချက်လိုက်တာပေါ့ ဒါ့ကြောင့်မို့ အသဲဟင်းက အရင်ထက်ပိုခါးနေတာလို့ ပြောပြီး .. ဘုန်းကနဲဆို ကုလားထိုင်ပေါ်ကနေ လဲကျသွားပြီး အသက်ထွက်သွားပါတော့တယ်

အဲ့တော့မှ မိန်းမဟာယောကျာင်္းနားကို လာပြီ မောင်ရယ် ကျမချက်တဲ့ဟင်းထဲမှာ ဘာအဆိတ်မှခတ်မထားပါဘူး
မောင့်ကို ကျမတို့ဒီနေ့ အသစ်တွေ့တဲ့အဆိတ်အကြောင်းလေးဘဲပြောပြတာပါဆို ပြီး တိုးတိုးရေရွတ်လေတယ် ..

အမှန်တော့ သူကျူးလွန်ထားတဲ့ပြစ်မှူ့အတွက်စိတ်ကယောက်ကယက်ဖြစ်နေချိန်မှာ သူမိန်းမပြောပြတဲ့ အဆိတ်အကြောင်းကိုကြားပြီး သူကျူးလွန်ထားတဲ့အပြစ်ကြောင့်မိန်းမက သူ့ကိုအဆိတ်ခတ်ပြီးသတ်တယ်လို့ ထင်ကာ .. သွေးတက်ပြီးအသက်ထွက်သွားခြင်းသားဖြစ်ပါတယ် ...